top of page
Search
  • Writer's pictureMyat Tun Oo

တော်လှန်ရေးရန်ပုံငွေ ဘာကြောင့်အရေးကြီးလဲ



တော်လှန်ရေးမှာ အနိုင်အရှုံးက လက်နက်ကတဆင့် စစ်ပွဲတွေကို ဆုံးဖြတ်သွားတာ တွေ့ရမှာပါ။ ဒါကြောင့်ာတော်လှန်ရေး ရန်ပုံငွေက အင်မတန်အရေးကြီးပါတယ်။ ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေမှာ စစ်ပွဲအတွက် ရန်ပုံငွေဘယ်လိုရှာခဲ့သလဲ လေ့လာကြည့်ရအောင်။


တရုတ်ကွန်မြူနစ်တော်လှန်ရေး

သူကကြာခဲ့ပါပြီ။ စားဖို့သောက်ဖို့ကတော့ ပြည်တွင်းက အလုပ်သမား၊ လယ်သမားတွေထံက လာခဲ့ပါတယ်။ လက်နက်ကတော့ ဂျပန်ကိုတိုက်ချိန်က ရခဲ့တဲ့လက်နက်တွေကို ဆိုဗီယက်ပြည်ထောင်စု ယခုရုရှားက သူ့ကွန်မြူနစ်အချင်းချင်းကို လက်နက်ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါက ထိုအချိန်ကူမင်တန်အစိုးရက ဆိုဗီယက်က မွန်ဂိုးလီးယားအတွင်းပိုင်းကို သူ့ပြည်ထောင်စုထဲထည့်တာကို ကန့်ကွက်လို့ သူ့တပ်ကိုနေရာကို ကွန်မြူနစ်ထံပေးခဲ့ပြီး လက်နက်တပ်ပေးကာ တရုတ်အချင်းချင်းပြန်ကျွေးခဲ့တာပါ။


ဗီယက်နမ်

သူကအမေရိကန်ကို ပြန်ချခဲ့တာ နာမည်ကြီးခဲ့ပါတယ်။ သူ့တပ်စားဖို့က ပြည်တွင်းကလာပြီး လက်နက်ကိုတော့ အစပိုင်းမှာ ပြင်သစ်နဲ့  ဂျပန်ကိုခံချစဉ်က ရခဲ့ပြီး နောက်ပိုင်းမှာ တရုတ်နဲ့ရုရှားက အမေရိကန်ကို ပြန်ချဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။ထိုအချိန်ကငွေနဲ့ ဒေါ်လာသန်း ၆၆၀ ဖိုး ထောက်ပံ့ခဲ့တာပါ။ လေယာဉ်ပစ်လက်နက်တောင်ပါခဲ့ပါတယ်။ ဗီယက်နမ်က သူတို့နဲ့ ကွန်မြူနစ်စနစ်တူလို့ပါ။


အာဖဂန်က တာလီဘန်

ဆိုဗီယက်ကျူးကျော်စစ်မှာ အမေရိကန်က တာလီဘန်တွေကို လက်နက်ထောက်ပံ့ပေးခဲ့ပါတယ်။ ပါကစ္စတန်ကတဆင့်ပါ။ စုစုပေါင်း ဒေါ်လာ သန်း ၃၀၀၀ ဖိုးပါ။

တာလီဘန်တွေဟာ အမေရိကန်က စက်တင်ဘာ ၁၁ အပြီး ဝင်တိုက်လို့ သူတို့အာဏာဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ကိုခံချရာမှာ ပါကစ္စတန်၊ အာရပ်နဲ့ အခြားတိုင်းပြည်များမှ ချမ်းသာသူအချို့က ငွေကြေးထောက်ပံခဲ့ကြပါတယ်။ ဒါပေမယ့် တာလီဘန်ရဲ့ အဓိကဝင်ငွေကတော့ ဘိန်းပါ။ ဘိန်းကို အခွန်ကောက်တာကနေ တစ်နှစ်ကို ဒေါ်လာသန်း ၅၀၀ ကနေ တစ်ထောင့်ငါးရာအထိ ဝင်ငွေရခဲ့ပါတယ်။ တစ်လကို ဒေါ်လာ သန်းတစ်ရာအနည်းဆုံး ဘိန်းကနေ ဝင်ငွေရတာပါ။ သူထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ မိုင်းတွင်းတွေကလည်း အခုငွေရရှိခဲ့ပါတယ်။

ဒါက NUG PRF က ရတဲ့ တစ်လ ခြောက်သိန်းခွဲနဲ့ မိုးနဲ့မြေလို ကွာနေတာကို စာဖတ်သူများ သတိထားသင့်ပါတယ်။ ဒီနေရာမှာ တာလီဘန်ဟာ သူအာဏာရဖို့ သူ့ဘုရားမကြိုက်တဲ့ ဘိန်းလုပ်ငန်းကနေ အခွန်ငွေကောက်ယူခဲ့ပါတယ်။ ဒါက အမေရိကန်ကိုတိုက်ထုတ်ဖို့ လက်တွေ့ကျကျ စဉ်းစားချက်ပါ။ သူဝင်ငွေက ဘိန်းဖြစ်နေလို့ အနောက်အုပ်စုဖိအားပေးတာ လူအခွင့်အရေးသမားတွေဖိအားပေးတာကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။


IRA

သူကတော့ အိုင်ယာလန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပါ။ သူက ယူကေကနေ အိုင်ယာလန်(မြောက်ပိုင်း)ကို လွတ်လပ်ရေးရယူပြီး တောင်ပိုင်နဲ့ပူးပေါင်းလိုသူများပါ။ သူကတော့ သူ့တပ်မတော်အတွက် ပြည်ပရောက် အိုင်ယာလန်နိုင်ငံသားများထံက အလှူခံခဲ့ပါတယ်။ ပုံမှန်လစဉ်အလှူငွေ အလှူခံတာ၊ ညစာစားပွဲကျင်းပပြီးအလှူခံတာ၊ အခြားနည်းနဲ့အလှူခံတာတွေလည်းပါတယ်။ လက်ရှိအမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က အိုင်ရစ်လူမျိုးပါ။ သူဒီအကြောင်းကို ကောင်းကောင်းသိပါတယ်။ ၁၉၈၈လောက်မှာ သူကပြင်ပကသူ့လိုမျိုးများ ထည့်ဝင်ငွေက တစ်လကို နှစ်သန်းမှလေးသန်းလောက်ရရှိခဲ့ပါတယ်။ နောက်သူက အချို့အဖွဲ့တွေကို စစ်သင်တန်းပေးပြီး ပိုက်ဆံကောက်တာ အခြားမှောင်ခိုလုပ်ငန်းတွေကလည်း သူတော်လှန်ရေးအတွက် ပိုက်ဆံရှာခဲ့ပါတယ်။ တစ်လကို ဒေါ်လာဆယ်သန်းအနည်းဆုံးပါ။ ယခုခေတ်ငွေနဲ့ဆိုရင်တော့ ဒေါ်လာ သန်း၅၀ လောက်ရှိမှာပါ။


တတိယအုပ်စု အားကျတဲ့ ယူကရိန်း

သူက တော်လှန်ရေးမဟုတ်ဘဲ ရုရှားကျူးကျော်စစ်ကို တိုက်ရတာပါ။

ဥရောပက သန်း ၁၅၀၀ ထောက်ပံ့ထားပြီး အမေရိကန်က ၄၅ ဘီလီယံထောက်ပံ့မယ်လို့ ပြောထားပါတယ်။ သန်း ၂၀၀၀ ကျော်က ထောက်ပံ့ပြီးပါပြီ။ အခြား စီးပွါးရေး ထည့်မပြောသေးပါ။ ဒါပေမယ့် ယူကရိန်းမှာ လက်နက်ပြတ်တာတွေရှိနေလို့ သူ့ကိုအချိန်မှီထောက်ပံ့ဖို့ ဇဲလင်းစကီးကာအော်နေရပါတယ်။


တော်လှန်ရေးမှာ တစ်ခါသာကုန်ကျ(non recurring cost) မတည်ငွေအနေနဲ့ လက်နက်၊ အမြောက်၊ စကားပြောစက်၊ စစ်အသုံးအဆောင်များအတွက် ကုန်ကျငွေရှိသလို နေ့စဉ်၊ လစဉ်ကုန်ကျ(recurring cost)တဲ့ စားစရိတ်၊ ပစ်ပြီးပြန်ဖြည့်ရတဲ့ ကျည်ဆံ၊ လက်နက်ကြီး အမြောက်ဆန်၊ လက်ပစ်ဗုံးအသေးများ၊ ဒုံးပစ်လောင်ချာများ နေ့တိုင်းညတိုင်းလိုအပ်နေပါတယ်။ ဥပမာ ဆက်သွယ်ရေးအတွက် ဂြိုလ်တုအင်တာနက်ဆိုရင် အီလွန်မတ်ရဲ့စလောင်းက ဒေါ်လာ ၂၅၀ ကျပြီး  လစဉ်ကြေးက ဒေါ်လာ ၅၀-၁၀၀ နေရာအပေါ်မူတည်ပြီး ထပ်ပေးရပါတယ်။ ဒါက စစ်မတိုက်ခင် အမိန့်ပေးစနစ်အတွက် ကုန်ကျမှာပါ။ ယခုက NUG အောက်က PDF တိုင်းက လက်နက်မရသေးလို့ မတည်ငွေရော၊ လစဉ်ငွေရော ကုန်မှာပါ။


ယခုအချိန်မှာ PRF အဖွဲ့ဝင် တသောင်းခွဲတောင်မပြည့်သေးပါ။ PRF အလှူငွေက တစ်လဒေါ်လာခြောက်သိန်းခွဲလောက်သာရရှိပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ငါတို့အနေနဲ့ NUG အောက်က PDF တွေကို ဘယ်လိုလစဉ်မှန်မှန် ထောက်ပံ့မလဲ စဉ်းစားပေးပြီး အမျှော်အမြင်ရှိရှိ ထောက်ပံ့သင့်ပါတယ်။ ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင် တစ်လဒေါ်လာခြောက်သိန်းခွဲလောက်နဲ့ စစ်ပွဲကြီးကို လုံးဝနိုင်ဖို့က ခက်ပါတယ်။ NUG လဲ ယခုထက်ပိုပြီး အလုပ်ကြိုးစားရမှာပါ။ ဒါပေမယ့် သူဟာ တာလီဘန်မဟုတ်လို့ လူမျိုးကို ဘာသာရေးကို အခြေခံတာမဟုတ်လို့ တာလီဘန်လုပ်သလို ဘိန်းလုပ်လို့ ဆေးပြားလုပ်လို့မရပါ။  ဒီထက်ပိုပြီး အရေးကြီးတာက ငွေဟာ လက်နက်ကိုဖြစ်စေပြီး အဆိုပါအရာကနေ တိုက်ပွဲသို့မဟုတ် တော်လှန်ရေးအောင်ပွဲကို အဆုံးအဖြတ် ပေးသွားမယ်ဆိုတာကိုမမေ့ပါနဲ့လို့ ပြောချင်ပါတယ်။ ငွေဟာ အရာအားလုံးကို ဆုံးဖြတ်တာမဟုတ်ပေမယ့် အချစ်ရေးကအစ မိသားစုအရေးကို အတန်အသင့် အဆင်ပြေစေသလို တော်လှန်ရေးကိုလဲ ဆုံးဖြတ်မှာပါ။

NUG အနေနဲ့က ဘိန်းနဲ့အခြားလုပ်ငန်းတွေက လုပ်ဖို့မဖြစ်နိုင်လို့ ပြည်သူတွေက ဝိုင်းကူပေးရမှာပါ။ သင်က AA တပ်၊ TNLA၊ ကိုးကန့်တပ်တွေကို အားကျရင် သူတို့လို ဝင်ငွေတောင့်အောင် လက်နက်တောင့်အောင် NUG ကို ဝိုင်းထောက်ပံ့ပေးပါလို့ တောင်းပန်ပါရစေ။ စစ်ပွဲတွေအနိုင်အရှုံးက NUG ခေါင်းဆောင်မှုက ဆုံးဖြတ်နိုင်ပေမယ့် ၆၀% ကျော်က ငွေက ဆုံးဖြတ်သွားမှာပါ။ NUG ကို အမေရိကန်၊ ဥရောပ၊ တရုတ်ကလဲ လက်နက်မထောက်ပံ့နေပါ။ ဒါကြောင့် ပြည်သူကသာ ကူညီရမှာပါ။ ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေက နှစ်သောင်းထက်ပိုမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူသာအဓိကပါ။ ပြည်သူကသာ စစ်ပွဲ နိုင် မနိုင်ကို ဆုံးဖြတ်သွားမှာပါ။

535 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page