top of page
Search

တော်လှန်ရေးနှစ်ခု နှိုင်းယှဉ်လေ့လာခြင်း

Writer: Myat Tun Oo
Myat Tun Oo
Mar 11, 2022
1 min read

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်မှာ ပြည်တွင်းစစ်နှစ်ခုဖြစ်ခဲ့ပါတယ်။ ဆီးရီးယားပြည်သူတွေက ဒီမိုတောင်းတာကို အာဏာရှင်အာဆတ်က သေနတ်နဲ့ပစ်ရာကနေ သူ့ပြည်သူတွေက လက်နက်စွဲကိုင်တိုက်တဲ့ပြည်တွင်းစစ်နဲ့ အမေရိကန်ကတင်ထားတဲ့ အာဖဂန်အစိုးရကို တာလီဘန်ကတိုက်တဲ့စစ်ပါ။ ဒီနှစ်ခုကိုယှဉ်လေ့လာရအောင်။

ဆီးရီးယားမှာ ဒီမိုတွေကို တူရကီနဲ့ ကာတာက ထောက်ပံ့ခဲ့ပါတယ်။ အခြားဆူနီမူစလင်နိုင်ငံတွေကလဲလက်နက်ထောက်ပံ့ခဲ့ပါတယ်။ သူတို့ဟာ မြို့ကြီးအချို့ကို သိမ်းနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ သူတို့က ဒီမိုတွေပါ။ သူတို့မှာ တရားဝင်ရွေးကောက်ခံထားတဲ့ အစိုးရမရှိပါ။ စာရေးသူတို့ ၁၉၈၈ ကအခြေအနေပေါ့။ သူတို့ဒီမိုတပ်တွေဟာ တစ်မြို့မှာတစ်ဖွဲ့ တိုက်ကြပါတယ်။ အချင်းချင်း ပေါင်းစပ်မှုအမိန့်နာခံမှုမရှိခဲ့ပါ။ ဒီမိုသဘောအရ အချင်းချင်းဝေဖန်ကြပါတယ်။ ဒါကိုသိတဲ့ အာဆတ်နဲ့ ရုရှားထောက်လှမ်းရေးက သူတို့လူတွေပါရောထည့်ပြီး ဝေဖန်ခိုင်းပါတယ်။ သူတို့မှာက တရားဝင်ရွေးကောက်ခံ NUG မရှိလို့ အမေစုလို ကိုမင်းကိုနိုင်လို ဩဇာရှိသူမရှိလို့ အချင်းချင်းပြန်မထိန်းနိုင်ခဲ့ပါ။ အဖွဲ့တွေကွဲခဲ့ပါတယ်။ အမေရိကန်ကလဲ မြေပြင်မှာ အဖွဲ့တွေကွဲနေလို့ လောက်လောက်လားလားပြည်သူ့ကိုယ်စားပြုအစိုးရမရှိလို့ အကြီးအကျယ် ဘာမှနဲ့မကူခဲ့ပါ။ အိုဘားမားက ဆီးရီးယားရဲ့ဓာတုလက်နက်ထုတ်တဲ့နေရာကို ဗုံးကြဲတာသာ လုပ်ခဲ့ပါတယ်။ အဖွဲ့များစွာကွဲပြီး အချင်းချင်းဝေဖန်ရာက ကြီးသွားတဲ့အက်ကြောင်းက စစ်ပွဲရှုံးစေတဲ့ ပထမအချက်ပါ။

ဒုတိယအချက်က ဆီးရီးယားဒီမိုတွေက အနောက်အုပ်စုကို ကြိုက်ပါတယ်။ သူတို့ထဲမှာ အမေရိကန်၊အင်္ဂလန်နေသူတွေ ဥရောပက ပြင်သစ်နဲ့ ဂျာမနီမှာ နေသူတွေရှိပါတယ်။ ဆီးရီးယားက ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးပါတယ်။ သူတို့က အာဆတ်နေထိုင်တဲ့မြို့တွေက ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာညာတွေကို ဂျနီဗာကွန်ဗန်းရှင်းအရ မတိုက်ဖို့ ဒီမိုတပ်တွေကို ပြောပါတယ်။ အာဆတ်စစ်သားတွေကို စစ်မြေပြင်မှာမဟုတ်ဘဲ လက်နက်မကိုင်ရင်မသတ်ဖို့ အာဆတ်စစ်သားမိန်းမနဲ့ သားသမီး၊ မိဘတွေကို မသတ်ဖို့၊ ဆီးရီးယားရဲ့ အာဆတ်ထောက်ခံတဲ့ သူဌေးတွေကို ဂျနီဗာကွန်ဗန်းရှင်းအရ မသတ်ဖို့ ဝိုင်းပြောကြပါတယ်။အာဆတ်ိုင်တဲ့ စျေးဝယ်စင်တာတွေကို ဗုံးမထောင်ဖို့၊ မီးမရှို့ဖို့၊ အာဆတ်ထောက်ခံတဲ့ လိုင်းပေါ်ကထင်ရှားသူတွေကို မသတ်ဖို့ ပြောကြပါတယ်။ ဒါကြောင့် ဒီမိုတပ်တွေက စစ်ကိုအနောက်ဥရောပကတိုက်သလို တိုက်ခဲ့ပါတယ်။ ဒါပေမယ့်အာဆတ်ကတော့ ဒီမိုတွေသိမ်းတဲ့မြို့တွေကို ပြာပုံဖြစ်အောင် ရုရှားအကူအညီနဲ့ ဗုံးကြဲချပါတယ်။ ဘီဘီစီနဲ့ အနောက်မီဒီယာများက ဒီမိုတပ်တွေက စစ်စည်းကမ်းလိုက်နာလို့ ချီးကျူးပြီး အာဆတ်တပ်ကို ပြစ်တင်ပါတယ်။

တတိယအချက်က အာဆတ်ရဲ့တပ်ဟာ အာလဝိုက် Alawite မျိုးနွယ်စုကို အခြေခံဖွဲ့ထားပါတယ်။ ဆီးရီးယားမြို့တော် ကျမလိုဖြစ်နေချိန်မှာတောင် သူတို့မွေးဇာတိ ဆီးရီးယားအနောက်မြောက် လာတာကီးယား Latakia က အေးဆေးပါ။ နေပြည်တော်လိုနေရာပေါ့။ ဒီနေရာမှာ ဒီမိုတွေက အဆိုပါဒေသကို သူ့လူကိုယ့်ဖက်သား ဒလန်အနေနဲ့ မထိုးဖောက် မဝင်ရောက်ခဲ့ပါ။ သူတို့က ဒီမျိုးနွယ်နဲ့ ပြတ်တယ်ဆိုပြီးအာဆတ်တပ်ထဲလဲမဝင် သူတို့နေရာကိုလဲမသွားလို့ ဒလန်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ ခက်ခဲ့ပါတယ်။ ဒါကြောင့် အာဆတ်က အဆိုပါဒေသတွေမှာ လူပြန်စု၊ ဗျူဟာချပြီး စစ်ပွဲကို တိုက်နိုင်ခဲ့ပါတယ်။


သူနဲ့ဆန့်ကျင်ဘက်က တာလီဘန်ပါ။

တာလီဘန်ဟာ ဒီမိုတပ်ဖွဲ့တော့မဟုတ်ပါ။ သူ့ကိုထောက်ခံသူက အတန်အသင့်တော့ရှိပါတယ်။ သူကသူ့အဖွဲ့ထဲမှာ ဝေဖန်တာတွေဘာတွေ မရပါ။ တသွေးတစ်သံတစ််မိန့်ပါ။ သူ့စစ်ဆင်ရေးမှာ ဗဟိုကစနစ်တကျကွပ်ကဲမှုရှိသလို တပ်တွေက အမိန့်နာခံမှုလဲရှိပါတယ်။ သူ့ကိုဝေဖန်သူဆို ခဏခဏဝေဖန်ရင် နောက်နေ့အလောင်းသာရပါတယ်။ မအလယခုလုပ်နေတာနဲ့တော့ ဆင်ပါတယ်။ တာလီဘန်ကဘိန်းကနေ ဝင်ငွေရှာပြီး လက်နက်ဝယ်ပါတယ်။ သတင်းသမားတွေဝေဖန်တာ အနောက်အုပ်စုဝေဖန်တာ ဂရုမစိုက်ပါ။

ဒုတိယအချက်က တာလီဘန်က အမိန့်ထုတ်ပြီးရင် လုပ်စရာရှိတာကို လုပ်သွားပါတယ်။ ဒီနေရာမှာစာမသင်ရဆိုတာကို သင်ရင်ကျောင်းကို ဝင်ဖျက်ပါတယ်။ ကောင်းလားဆိုတော့ မကောင်းပါ။ ဒီပစ္စည်မသုံးရ မရောင်းရဆိုတာကို သုံးရင်ရောင်းရင် ရှင်းပစ်ပါတယ်။ ကြမ်းပါတယ်။ လူ့အခွင့်အရေးသမားတွေကလဲ ဝေဖန်ပါတယ်။ သူကဂရုမစိုက်ပါ။ အာဖဂန်အစိုးရ လူကြီးသားသမီးတွေတက်တဲ့ကျောင်းကအစ ဝင်စီးတာဘာညာ အကုန်လုပ်ပါတယ်။ ဒါကြောင့် သူ့ဩဇာက ညောင်းသွားပါတယ်။ သူက ထိုအချိန်မှာ နယ်မြေအလုံးစုံ မစိုးမိုးပေမယ့် ဝင်ပြီးကြမ်းတာပါ။ ဥပမာ ဘဏ်ကသူ့ကို အခွန်မပေးရင်ဘဏ်ကပိုက်ဆံယူပြီး ဘဏ်ကို မီးရှို့သွားတာမျိုးပါ။

တတိယကတော့ စိတ်ဝင်စားစရာအကောင်းဆုံးပါ။ တာလီဘန်ဟာ သူ့လူတွေကို အာဖဂန်စစ်တပ်ထဲကိုဒလန်အနေနဲ့ အများကြီး ဝင်ခိုင်းခဲ့ပါတယ်။ သူတို့တွက်တာက တပ်တစ်ခုကို အပြင်ကနေ ဝင်တိုက်ဖို့က ကင်းတွေအမြောက်တွေ၊ အမေရိကန်က ရဟတ်ယာဉ်ပစ်ကူတွေနဲ့ ခက်တာသူတို့သိပါတယ်။ သူတို့လူတွေကို ရန်သူ့တပ်ထဲဝင်အမှုထမ်းခိုင်းပြီး မိမိလူကင်းစောင့်ချိန် ဗုံးသွင်းပြီး ချိန်ကိုက်ဗုံးများနဲ့ အမေရိကန်နဲ့ အာဖဂန်တပ်ကို တာလီဘန်က ကျွေးတာပါ။ နောက်သူတို့ကို စစ်သင်တန်းပေးချိန်မှာလဲစစ်သင်တန်းပေးတဲ့ အမေရိကန်၊ အင်္ဂလိပ်နဲ့ အာဖဂန်တပ်ကလူတွေကို ကျွေးပါတယ်။ သူ့လူဒလန်ရှိလို့အာဖဂန်လေတပ်အရာရှိရိပ်သာတွေကို ဗုံးခွဲတာဘာညာအထိ လုပ်နိုင်ခဲ့တာပါ။ ဒီနေရာမှာ အမြင််မတူလဲ ဒလန်လုပ်ပြီး အတွင်းကဖြိုတာရဲ့ ထိရောက်မှုကို တာလီဘန်က ပြသွားတာပါ။ တာလီဘန်ဟာရန်သူအခြေချတဲ့မြို့ကို ဗုံးများစွာဖောက်ပြီး ရန်သူရဲ့အတွင်းစည်းကို ရူးအောင်လုပ်သွားတာ တွေ့ရပါတယ်။

အထက်မှာရေးပြတာက အဖွဲ့နှစ်ဖွဲ့ရဲ့ တိုက်ပွဲဗျူဟာတွေပါ။ နှိုင်းယှဉ်လေ့လာပြီး အကျိုးရှိသလိုအသုံးချနိုင်ပါစေ။ သမိုင်းကို လေ့လာတာ စစ်ပွဲကိုလေ့လာတာက မိမိလိုတာကိုယူပြီး သုံးနိုင်အောင်ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Mar 11, 2022

ဒါ ကို အစောထဲကပြောချင်နေတာပါ။

May all the watermelons

help for people sake .

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page