top of page
Search

တွေ့ရင်မှတ်မိအုံးမယ်ထင်ပါတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 15, 2022
  • 1 min read

စာရေးသူတို့ တပ်ထဲမှာ ကောလဟာလထွက်ရင် အပြင်မှာဖြစ်လေ့မရှိပါ။ ဥပမာ ရာပြည့်ပြုတ်တယ်ဆိုရင် မပြုတ်ခဲ့ပါ။ ဒါပေမယ့် အပြင်မှာ နာမည်မထွက်ဘဲ အတွင်းမှာ အရေးယူခံရတာတွေအဖမ်းခံရတာတွေတော့ရှိခဲ့ပါတယ်။ မင်းတပ်နဲ့ စစ်ကိုင်းက ဗျူဟာမှူးတွေအများစုဟာ စစ်ရှုံးလို့ရာထူးချခံရတာ အဖမ်းခံရတာမျိုးက လူသိပ်သိလေ့မရှိပါ။ ရခိုင်ကအကောင်လဲ ဖမ်းစစ်မှာပါ။ဒါတောင်ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်သာရှိပါသေးတယ်။ ချက်ခြင်းမဖမ်းဘဲ နှစ်လ သုံးလလောက်နေမှ တပ်ပြောင်းပြီးဖမ်းတာလဲရှိပါတယ်။

လေတပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကိစ္စကတော့ ထူးခြားပါတယ်။ သူက မဆလ ဝန်ကြီးသားမိုလို့ ပေါ်လစီနဲ့ ကြီးလာသူပါ။ သူ့ညီမကလဲ ပေါ်လစီပါ။ သူ့သားကလဲ DASSK နဲ့ NLD မကောင်းကြောင်းရေးသူပါ။ ဒါကြောင့် သူတို့အချင်းချင်းမှာ ဒီမိုကိစ္စသဘောထား ကွဲလွဲတာမဟုတ်ပါ။သူမကွေးလေတပ်စခန်း အပစ်ခံရတုန်းက လေယဉ်အချို့ထိသွားလို့ လာကြည့်သွားခဲ့ပါတယ်။လေတပ်က ပစ်မှတ်လွဲပြီး မိမိလူမိမိ ဗုံးကြဲခဲ့ပေမယ့် ဒါဟာလဲ သူတာဝန်ခံလောက်အောင် မကြီးပါ။ ဒါဆိုဘာကြောင့် သူလူမြင်ကွင်းက ပျောက်သွားတာလဲ? ပထမက မိုင်တဲဘဏ္ဍာရေးမှူးအသတ်ခံရစဉ်မှာ သူ့မိန်းမက သူ့တင်ပါးကကျည်ဆန်ကို သူ့တပ်ထဲက စစ်ဆေးကိုသာ ခွဲဆိတ်စေပြီး စစ်ဆေးစေခဲ့ပါတယ်။ သူတို့အချင်းချင်း သတ်တာလို့ နာမည်ခဏထွက်လိုက်တာ မှတ်မိမှာပါ။ ဒီကိစ္စမှာ သူက သူ့ငယ်ချင်းမိန်းမဘက်ကနေ ပစ်သွားသူရဲ့ဆရာကို ဖမ်းခိုင်းရာက ပြဿနာတက်လားမေးစရာရှိပါတယ်။ ထိုဆရာက ဘယ်သူဖြစ်နိုင်ပါသလဲ?

နောက်လေတပ်က လေယဉ်ဆီကို မအလသားက ခရိုနီတစ်ယောက်ထံက ငွေယူထားပြီး ပါမစ်ချပေးမယ်ပြောထားတာကို သူက သူ့သားနဲ့ပတ်သက်ရာကို ချပေးလိုက်လို့ စစ်ဆေးနေတာလဲစဉ်းစားစရာပါ။ ဒီကိစ္စတစ်ခုထဲမဟုတ်ဘဲ ယခင်ကလဲ လူပါးဝတယ်ဆိုပြီး မအလသားက တင်းနေခဲ့ဖူးပါတယ်။ နောက်ဒီသတင်းကလဲ သတင်းမီဒီယာတွေမှာ သိပ်တက်လာတာမတွေ့ရပါ။

ဒါကသတင်းအနေနဲ့သာ ရေးတာဖြစ်ပြီး ခွေးအချင်းချင်းကိုက်တာဟာ ဒီမိုကရေစီအတွက် ကိုက်တာမဟုတ်ဘဲ အစာလုတာသာဖြစ်တယ်ဆိုတာ အားလုံးသိထားရပါမယ်။ သေချာတာက မအလမိသားစုဟာ လောဘကြီးပြီး ပုံမှန်အသေးအဖွဲကိစ္စတောင် စမန်ခုတ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ခွေးအချင်းချင်း ဘာကြောင့်ကိုက်ကိုက် ကောင်းပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

4 Comments


Myint Soe Oo
Myint Soe Oo
Feb 15, 2022

ဦးမြတ်!!! ငွေ ရာထူး အာဏာ (ပါဝါ )

အထက်က အရာတွေမို့ မက်စရာချည်းသာ။ မက်မပြေလို့ အခက်တွေ ပွေ ဝေရပါသည်။ ဝေ (share)မှ မကြွေကျမှာပါ။

မဝေရင် ကြွေကျရတာ အထက်ကအရာတွေ မက်သူတို့အတွက် နိယမပါ။

မျှ အောင် ဝေမှ ကြေနပ်ကြသည်ကိုး!!!

ရွှေတော် မျိုးတော်တွေပေါ့။

မမျှလျှင်တော့ ရွှေ မလျော်လို့ ရွှေမတော်နိုင် ၊ အဆွေ မတော်လို့ ‌ေဆွမျိုး မဟုတ်။

အဖို့ တစ်ဖို့တည်းကြည့်သူမှန်သမျှ တနေ့

ဇာတ်လမ်း ပြတ်၍ စခန်း အနားသတ်ရတာ အတိတ်သူတို့သမိုင်းမှာ ရိုင်းလျက်ပါ။

ပါဠိဘာသာ အားဖြင့်

လာဘ• ~လာဘ်လာဘ ငွေဓန

သက္ကာရ•• ~ပူဇော်အလေးအမြတ်ပြုမှုကို အထူးခံယူမှု

သိလောက•••~ လူအများ၏ အလေးဂရုပြုမှုကို အောင်မြင်ကျော်ကြားခြင်းအဖြစ် အလိုရှိမှု

ဘုရားရှင်မှ တပည့်သား သံဃာများကို မလိုက်စားရန် ဟောကြားတော်မူခဲ့ပါသည်။

ပုထုဇဉ် ရဟန်းတော်များလည်း မပယ်ရှားနိုင်ပါက ကျရှုံးမှုမှာ လမ်းဆုံးရပါသည်။သာဓကများလည်း ရှိနေပါသည်။

ငါ အတ္တကြီးမားလွန်းသော

အန္ဓပုထုဇဉ်များအနေဖြင့်

လာဘ သက္ကာရ သိလောက တို့သည့်

ချိုမြိန်သည့် ပျားရည်စက်ဟု ထင် မြင်တတ်ကြပါသည်။

သို့သော် ဓါးအသွားပေါ်က ပျားရည်စက်ပါလားဟု မမြင်နိုင်ကြပါ။

အချိုသာမြင်၍ ဓါး ရှ ၊ဓါး ပြတ်မည်ကို မသိတာ အန္ဓပုထုဇဉ်သဘာဝပါ။


Like

kmnyo2
Feb 15, 2022

ဆရာ မောင် မောင် ကျော် က ဗိုလ် ချုပ် ကျော်ထင် သား လို့ နား လည်ထားတယ်။

Like
kmnyo2
Feb 15, 2022
Replying to

ကြာပြီ ဆိုတော့ လည်းမမှတ်မိတော့ ပါ။ကျေးဇူး ပါ ဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page