top of page
Search

တွန်းဇံမဲပြား၊ ပြည်ထဲရေးနှင့် ကြံ့ဖွတ်

Writer: Myat Tun Oo
Myat Tun Oo
Nov 11, 2020
1 min read

ရွေးကောက်ပွဲမှာ အဘသာဝက ဘယ်သူ့ကို နိုင်စေချင်လဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးသူဟာ ၈၅% ကျော်ခဲ့ပြီး မြန်မာ့သမိုင်းမှာ မဲလာပေးမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဖွတ်တွေရှုံးတာဟာ ပွတ်ခါသီခါ မဟုတ်ဘဲ သောင်ပြို ကမ်းပြို ရှုံးတာပါ။ ခွေးကျ ကျတယ်လို့ပြောရင်လဲရပါတယ်။

အမေရိကန်မှာ သမ္မတထရမ့်က ၀.၅% လောက်သာ ရှုံးခဲ့ပါတယ်။ သူက တီဗီမှာ ရွေးကောက်ပွဲမသမာလို့ ရှုံးတာပ့လို့ပြောချိန်မှာ သတင်းဌာနတွေက သူပြောတာကို တိုက်ရိုက်ထုတ်လွှင့်မှု Live လွှင့်တာကနေ ရပ်လိုက်ပါတယ်။ Twitter မှာ ရေးရာမှာလဲ သူတင်တာကို ဖြုတ်ချခဲ့ပါတယ်။ မြန်မာပြည်ကသတင်းဌာနတွေက သန်းဌေးအရူးစကားပြောတာကို လွှင့်ပေးနေတာဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီလားဆိုတာ မေးစရာပါ။ ဒါက ပထမအချက်ပါ။

သူ့ထက်အရေးကြီးတာက တွန်းဇံကိစ္စပါ။ ဘာလို့လဲဆိုတော့ ဖွတ်တွေဟာ တွန်းဇံကို ဥပမာပေးပြီးပြောနေကြလို့ပါ။ တွန်းဇံမှာ နိုင်သူဟာ NLD မဟုတ်ဘဲ ဇိုမီးကပါ။ သူ့မဲစာရင်းကို မဲရုံတာဝန်ရှိသူကကွန်ပျူတာစာရင်းသွင်းချိန် excel မှာ ထည့်ချိန်မှာ ဂဏန်းမှားချိန် ပြန်မစစ်ရသေးခင်မှာ မဲရုံတွေမှာသတင်းယူဖို့ တာဝန်ချထားတဲ့ စရဖနဲ့ရဲက ဓာတ်ပုံရိုက်ပြီး အထက်ကိုတင်တာပါ။ အမှားစောင့်ပြီး လုပ်တာပါ။ အထက်က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအဆင့်ပါ။ သူကလဲ ဝမ်းသာအားရ အမှန်ထင်ပြီး အဆင့်ဆင့်ပို့ရာက ဖွတ်တွေက လိုင်းပေါ်တင်ပြီး ဖွတာပါ။ ဒါ့ကြောင့် လက်ရှိအစိုးရအနေနဲ့ အဆိုပါကိစ္စကိုစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး သတင်းပေါက်သူအရာရှိများကို အလုပ်ကထုတ်သည်အထိ အရေးယူသင့်ပါတယ်။


ဒါဆို မတရားလျှောက်ပြောနေတဲ့ သန်းဌေးကို ဘာလုပ်မလဲ? သူဟာ ပါတီဥက္ကဌမိုလို့ စကားပြောရာမှာခိုင်လုံတဲ့ အထောက်အထားရှိရပါမယ်။ မရှိဘဲပြောနေတာဟာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာပါ။ လက်ရှိအစိုးရအနေနဲ့ သန်းဌေးဟာ တည်ဆဲဥပဒေကို ချိုးဖောက်နေလို့ အရေးယူသင့်ပါတယ်။ယခုအချိန်မှာက သူကစည်းကျော်လာရင် ကိုယ်က ကောက်စားလိုက်ရုံပါ။ သူထောင်ထဲဝင်ရရင် သူ့မဲဆန္ဒနယ်မှာ မိမိလူက ကိုယ်စားလှယ်ဖြစ်သွားမှာပါ။

အချို့ကိစ္စတွေမှာ စည်းကျော်လာသူကို ပြည်ထဲရေးဝန်ကြီးဖြစ်ပါစေ ဖြုတ်လိုက်ပါ။ ဒီအချိန်က သစ္စာနဲ့ မေတ္တာ လဲရမယ့် အချိန်ပါလို့ ပြောပါရစေ။

News Credit: BBC Burmese

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

3 Comments


Albert Wint
Albert Wint
Nov 12, 2020

မြန်မာနိုင်ငံမှာတိုင်းပြည်အတွက်အမှန်တရား သစ္စာတရားကိုအမှန်မသိခြင်းဟာသတင်းသမားတွေမသိခြင်းဟာအလွန်အန္တရယ်များလှပါ၏ ဆင်ခြင်ကြစေလို

Like

Nyunt Winmaung
Nyunt Winmaung
Nov 11, 2020

ပြည်သူတွေ ကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူပြည်သားတွေရဲ့ ကျေးဇူးကို မသိချင်ယောင်ဆောင် ၊ လက်အောက်ငယ်သားလို ၊ အိမ်ကြီးရှင်လို၊ ပြည်သူ့ဆန္ဒ နဲ့ ရွေးကောက် တင်မြောက်ခံ အစိုးရကိုအကြည်ညိုပျက် မထေမဲ့မြင် ပြုနေတဲ့ ဥာဏ်နုံနဲ့ အတ္တ သမားတွေကို သတင်းဌာန Media. တွေ သတင်းသမားကျင့်ဝတ်နဲ့၊ ကိုယ့် Professional ကို ကိုယ်၊ နားလည်ကျင့်သုံးကြပါလို့ မေတ္တာ ရပ်ခံပါရစေ

Like

San Min Soe
San Min Soe
Nov 11, 2020

သာကေတကိစ္စလေးလည်းတင်းပေးပါဦး ကျွန်တော်တို့သာကေတ ကတစ်ရေးနိုးထပြိုင်တောင်န်ိုင်ပါတယ် အခုလည်းမဲအပြတ်အသတ်နဲ့နိုင်တာပါ ပေါက်ကရတွေပြောတာမခံနိုင်လို့ပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page