top of page
Search

တွေ့တွေ့  မတွေ့တွေ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 23, 2022
  • 1 min read



ယခုရက်ပိုင်းအတွင်း ကြားလာရတာက DASSK ကို အာဆီယံကိုယ်စားလှယ်နဲ့ ပေးတွေ့မယ်ဆိုတာနဲ့ ကိုဂျင်မီတို့ကို လောလောဆယ် သေဒဏ်မပေးသေးဘူးဆိုတာပါ။ ဒါတွေက ကမ္ဘောဒီယားက အာဆီယံကိုယ်စား သေဒဏ်မပေးဖို့ ပေးတွေ့ဖို့ တောင်းဆိုထားတဲ့ အရာတွေပါ။ DASSK ပေးတွေ့ရင် ဘာတွေထူးမလဲ?

စာရေးသူဟာ မြန်မာပြည်ထဲပြောင်းဖို့ မြန်မာတွေ လုပ်ရမယ်ဆိုတာကိုသာ ယုံကြည်သူပါ။ ICJ၊ကုလ၊ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဥရောပတို့က ပြောင်းလဲပေးနိုင်မယ်ဆိုတာကို မယုံကြည်ပါ။ရိုဟင်ဂျာအရေး အော်ခဲ့တဲ့ ကုလမှသည် အမရိကန်၊ ဥရောပအထိ စာရေးသူတို့ကို လက်နက်မထောက်ပံ့ပါ။ တရုတ်ကလဲ မထောက်ပံ့ပါ။ ရုရှားက မအလကိုတောင် ထောက်ပံ့နေတာပါ။ ယခုလို DASSK နဲ့တွေ့ဖို့ဖြစ်လာတာက PDF ကြောင့်ပါ။ PDF ကြောင့် တရုတ်နဲ့အာဆီယံ မြန်မာပြည်မှာ အချောင်နှိုက်လို့မရတော့ပါ။ NUG သဘောမတူဘဲ သူတို့လာရင် မုန့်ဟင်းခါးအကျွေးခံရမှာပါ။ မအလတပ်ဟာ သူ့မြဝတီစင်တာတောင် လုံခြုံရေးမပေးနိုင်ချိန်မှာ တရုတ်၊ အာဆီယံ ရင်းနှီးမြုပ်နှံမှုကို လုံခြုံရေး မပေးနိုင်တာ ထင်ရှားပါတယ်။ နောက်မအလရဲ့ ရွေးကောက်ပွဲ ထွက်ပေါက်ကလဲ NUG/PDF သဘောမတူရင် လုပ်မရပါ။ ၂၀၀၈ နဲ့ ၂၀၁၀ မှာ PDF မရှိခဲ့လို့ ဘရွှေက လုပ်ချင်တာ လုပ်ရခဲ့တာပါ။ ယခုအချိန်မှာ ရွေးကောက်ပွဲလုပ်ခဲ့ရင် ရွေးကော်ရဲ့ မြို့နယ်၊ ရပ်ကျေး၊ ခရိုင်၊တိုင်းအဆင့်တွေ၊ မအလထဲ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေဟာ အုပ်ကြီးတွေလို ဗီဇာမလိုဘဲအဝီစိပို့တာ ခံရမှာပါ။

ထို့အတူ ယခင်က DASSK အဖမ်းခံရချ်န် NLD ထဲက မိုးကျများက ညောင်နှစ်ပင်တက်ခဲ့ပေမယ့်ယခုအချိန်မှာက  NLD ထဲက ခွဲထွက်ပြီး NLD ယာယီကော်မတီရဲ့အမိန့်ကို ဖီဆန်တဲ့ မအလနဲ့ပေါင်းလိုတဲ့ NLD ဟာလဲ ပြည်သူဒဏ်ခတ်တာခံရမှာဖြစ်ပြီး ကြားညပ်မှာပါ။

ဒါဆိုရင် DASSK နဲ့ အာဆီယံတွေ့ရင် ဘာထူးမလဲ? သူမက NUG အစိုးရမှာလဲ အတိုင်ပင်ခံဖြစ်သလို လူထုခေါင်းဆောင် ပါတီခေါင်းဆောင်ပါ။ ဒါကြောင့် ကမ္ဘောဒီးယားက သူမဩဇာသုံးမယ်ဘာညာဆိုပြီး လုပ်လာတာပါ။ ဒါဆိုရင် DASSK ရဲ့သဘောထားကဘာလဲ? အာဏာမသိမ်းခင်ကစာရေးသူတို့ ရန်ကုန်ကိုတည်ပြီး ခံချဖို့ပြောစဉ်က အကြမ်းမဖက်ရေးကိုသာ စိတ်ဝင်စားခဲ့သလိုသူမပါတီထိပ်ပိုင်းတွေ၊ ဝန်ကြီးချုပ်တွေကိုလဲ လာဖမ်းရင် အဖမ်းခံလို့သာ ပြောခဲ့ပါတယ်။ ဒါပေမယ့် လူများစွာသေတာ၊ သူမပါတီဝင်တွေ အဖမ်းခံရပြီး အလောင်းသာပြန်ရတာတွေ ကြားသိရချိန်မှာ အဖမ်းမခံရစေနဲ့ လွတ်အောင်နေအထိ ဖြစ်လာခဲ့ပါတယ်။ သူမကို NUG, CRPH, PDF သဘောထားပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့် ဘာမှမပြောခဲ့ပါ။ မအလတပ်က တရားဝင်ပြောချိန်မှာလဲ သူမက ပါတီ CEC အဖွဲ့ အစည်းအဝေးလုပ်ပြီးမှ ပါတီဆုံးဖြတ်ချက်နဲ့သာ ပြောနိုင်မယ်လို့အကြောင်းပြန်ခဲ့ပါတယ်။ ဒါကြောင့် သူမကို CEC နဲ့ ပေးမတွေ့ရင် ကမ္ဘောဒီးယားကိုလဲ ဒါကိုသာထပ်ပြောမှာပါ။ သူမဟာ ထောင်ကိုမပြောင်းခင်အချိန်အထိ PDF တပ်အင်အားကြီးလာနေတာစစ်ကိုင်းမှာရွာတွေမီးရှို့ခံရတာ အကြမ်းဖျင်းသိပါတယ်။ သူမကို မအလက သဘောထားပေးလို့ရတယ်ဆိုတာကို ဖမ်းထားသူက တရားဝင်လာပြောပေမယ့် သဘောထားမှတ်ချက်မပေးတာကတမင်လုပ်ထားတာပါ။ ဒါကအင်မတန်ကောင်းတဲ့ ဗျူဟာဖြစ်ပြီး သူမက ပြည်သူ့ဆန္ဒအတိုင်းသွားမယ်ဆိုတာကို ပြနေတာပါ။

အကျဉ်းချုပ်ရရင် သူမက အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ခွင့်ရရင် သူမပြောလိုတာတွေ ပြောလာနိုင်မှာပါ။ ဒါပေမယ့် မအလနဲ့ ကမ္ဘောဒီးယားလိုချင်တာကိုတော့ ပြောမှာမဟုတ်ပါလို့ ပြောပါရစေ။ စာရေးသူတို့အတွက်က ပေးတွေ့တွေ့ မတွေ့တွေ့ အရှုံးမရှိပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page