top of page
Search

တိုင်းရင်းသားစစ်ရဲ့လား?

Writer: Myat Tun Oo
Myat Tun Oo
Dec 4, 2019
1 min read

တိုင်းရင်းသားစစ်ရဲ့လား?

နေဝင်းခေတ်ကစလို့ တိုင်းပြည်ပညာရေးဖျက်ခဲ့တာ ပြောပြပြီးပါပြီ။ ဘစိန်က ပြန်မရသော ရင်းနှီးမြုပ်နှံမှုလို့ ပြောခဲ့သလို အဘသားများကလဲ လွှတ်တော်မှာ ပညာရေးအတွက် သမ္မတငွေချေးတာကိုကန့်ကွက်ပြီး သူတို့ရဲ့စေတနာကိုလဲ အမှန်အတိုင်း ပြောပြပြီးပါပြီ။ ဒါဆိုဘာကြောင့်တိုင်းသူပြည်သားတွေ ပညာတတ်မှာကို ဒီလောက်တောက် ကြောက်နေတာလဲ။ အဖြေကရှင်းရှင်းလေးပါ။ ပြည်သူတွေက ပညာတတ်ရင် အဘတို့အုပ်ချုပ်လို့မရမှာစိုးလို့ပါ။ အဖြေကဒါပါဘဲ။ ဒါဆို ပညာမတတ်ရင် ဘယ်လိုလူတွေ မွေးထုတ်မလဲဆိုတော့ မျက်ကန်းမျိုးချစ်တွေ မွေးထုတ်ဖို့ပါ။

ဒီနေရာမှာ စာရေးသူက ကယားဝန်ကြီးချုပ်ကို ကယားတိုင်းရင်းသား စစ်စစ်လို့ သုံးနှုန်းချိန်မှာ သူ့ကိုမကြိုက်တဲ့ သူ့လူမျိုးထဲက KNPP ကိုထောက်ခံသူ အေးမောင်လိုလူက ကယားစစ်လား သူတို့ကမှတိုင်းရင်းသားစစ်တာဆိုတာမျိုးပြောပါတယ်။ ဒီနေရာမှာ ယခုတလော တပ်အကောင့်တုတွေကဘင်္ဂါလီအချို့တင်ထားတဲ့ ဗမာလူမျိုးပျောက်သွားမယ်ဘာညာဆိုတာကို လိုင်းပေါ်မှာ ရှယ်နေတာတွေ့မိပါတယ်။

ဒီနေရာမှာ ယခုရိုကိစ္စအဓိကလုပ်နေတာက ရွှေမောင်းတို့ပါ။ ရွှေမောင်းဘယ်အဖွဲ့ကနေထွက်သွားလဲအားလုံးသိပါတယ်။ သူတို့ဟာ မြန်မာပြည်ရဲ့ ၁၉၈၂ ဥပဒေအားနည်းချက်ကို သိပါတယ်။ ဒါကြောင့် ရိုနာမည်ကို နင်းတောင်းနေတာပါ။ နိုင်ငံခြားကလူတွေကလဲ မြန်မာပြည်ကလူတွေ ဒီရိုနာမည်ကို အသိအမှတ်မပြုဘူးဆိုတာ ဆန်းနေပါလိမ့်မယ်။ ဒီဥပဒေရဲ့ အားနည်းချက်က သင်ကရခိုင်လို့ပြောတာနဲ့အလိုလို နိုင်ငံသားပေးရမလို လုပ်ထားတာပါ။ နောက် မုန်းကိုးမြန်မာဆိုတာကို အသိအမှတ်ပြုလိုက်တာနဲ့ တရုတ်တွေဟာ အလိုလို နိုင်ငံသားဖြစ်သွားပါတယ်။ ဒါကြောင့် သူတို့ဟာ ရိုဆိုတာကို စွဲမှတ်စွာတောင်းဆိုနေတာပါ။ အကယ်၍ အဲ့ဒီဥပဒေသာ မရှိခဲ့ရင် ဘာတိုင်းရင်းသားနာမည်သုံးသုံး နိုင်ငံသားကအမေရိကန်နဲ့ အင်္ဂလန်လို သူ့နိုင်ငံမှာ သူ့နိုင်ငံသားမိဘကမွေးပြီး သူ့စကားပြောတတ်မှရတာပါ။ PR လိုမျိုးတော့ ပေးရနိုင်ပါတယ်။ ယခုလို လူမျိုးတစ်စုလုံးကို သူ့နိုင်ငံစကားမပြောရင် နိုင်ငံသားမပေးတဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေရှိပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားစစ် မစစ်ဆိုတာက နေဝင်းထည့်ခဲ့တဲ့ ဂျင်းပါ။ လူသားမျိုးနွယ်တွေရဲ့ ဗီဇကိုစစ်ဆေးကြည့်ရင် စာရေးသူတို့ တည်နေရာပေါ် မူတည်ပြီး ဆင်းသက်ရာလူမျိုးကွဲတာတွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ အမေရိကန်သမ္မတအများစုဟာ ဒေသခံ အမေရိကန်တိုင်းရင်းသားတွေ မဟုတ်ပါ။ဩဇီမှာလဲ ထို့အတူပါဘဲ။ အိုဘားမားဆို သူ့အဖေက ကင်ညာနိုင်ငံသားပါ။ ထရမ့်အဖွားက စကော့တလန်သူပါ။ အင်္ဂလိပ်ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အဘိုးက တူရကီက ဒုက္ခသည်အနေနဲ့ လာတာပါ။ အင်္ဂလန်က ဘုရင်မကြီးရဲ့ ယောင်္ကျား မင်းသားကြီး ဖိလစ်က ဂရိလူမျိုးပါ။ အရေးကြီးတာက သူတို့ တိုင်းပြည်အတွက် ကောင်းတာလုပ် မလုပ် ဆိုတာပါ။

ဒီနေရာမှာ နေဝင်းမှသည် ဘစိန်အထိ တိုင်းရင်းသားဖြစ်နိုင်ပေမယ့် သူတို့ဟာ သူခိုးတွေပါ။ ဒီတိုင်းရင်းသားမှာမ ၁၃၆ မျိုးမိုလို့ ဘယ်ဟာက ပိုတိုင်းရင်းသားစစ်လဲ မေးစရာရှိသလို ဗမာက ဘယ်လူမျိုးပျောက်ပြီး ဖြစ်လာသလဲ ပြန်မေးရမလိုပါ။ သမိုင်းသိသူများက ပိုသိပါမယ်။

အရေးကြီးတာက ကယားဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် တိုင်းရင်းသားဖြစ်ဖြစ် ဘာဘာသာကိုးကွယ်ကိုးကွယ် သူခိုးမဖြစ်ဖို့နဲ့ တိုင်းပြည်ချစ်ဖို့ပါ။

သင်အဘဂျင်းနဲ့ တိုင်းသားစစ်ကြောင်း ပြလိုရင် သင့် မျိုးရိုးဗီဇ DNA ကို စစ်ကြည့်ပါ။ သင်တွေ့ပါလိမ့်မယ်။ ရခိုင်လို့ထင်နေသူက ဗမာဖြစ်နိုင်သလို ဘင်္ဂလီလဲ ဖြစ်နေနိုင်ပါတယ်။ ဒါက လောကသဘောပါ။အရေးကြီးတာက လူကောင်းဖြစ်ဖို့၊ မခိုဖို့နဲ့ တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page