top of page
Search

တိုင်ပတ်၍ တပ်ပျက်နေသော မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 26, 2021
  • 1 min read

မအလဟာ အာဏာသိမ်းအပြီး အားလုံးငြိမ်မယ်ထင်ခဲ့တာပါ။ ယခုပြည်တွင်းမှာဖြစ်နေတာက သူ့အတွက် မထင်ထားတဲ့ အတိုင်းအတာပါ။ နိုင်ငံခြားက တုန့်ပြန်မှုဟာ ပြည်တွင်းကလူတွေအတွက် နှေးနေတယ်လို့ ထင်စရာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က သံတမန်အနေနဲ့ ကြည့်ရင် အင်မတန်မြန်နေတာ တွေ့ရပါတယ်။

သူတို့ကို စီးပွါးရေးပိတ်တာ၊ ကမ္ဘာ့ဘဏ်ကနေ ပိုက်ဆံထုတ်မရအောင်ရပ်လိုက်တာ ဂျပန်က ရင်းနှီးမြုပ်နှံတာကို ရပ်လိုက်တာတွေဟာ အတော်မြန်ပါတယ်။ တစ်ဘီလီယံက အမေရိကန်မှာရှိပြီး ၅.၅ ဘီလီယံက စင်ကာပူမှာပါ။ အမေရိကန်ကတော့ ပိတ်ပြီးသွားပါပြီ။ CRPH အနေနဲ့ တရားဝင် စင်ကာပူကိုစာလှမ်းရေးပြီး မထုတ်နိုင်အောင်ပိတ်ရင် ရနိုင်ပါတယ်။ ယခင်က ၁၉၈၈ အာဏာသိမ်းအပြီး နှစ်ပေါင်းလေးငါးနှစ်ကြာမှ စီးပွါးရေးပိတ်တာ လာတာပါ။ ၂၀၀၇ နောက်ပိုင်းမှ တကယ်ကျပ်တဲ့ ပိတ်ဆို့မှုလုပ်တာပါ။ နှစ် ၂၀ နီးပါးကြာခဲ့ပါတယ်။ ယခုက သူရွေးကောက်ပွဲလုပ်မယ်ဆိုတာက အင်ဆိုတာသိလို့ဘယ်သူမှ မစောင့်နေပါ။ နောက်အထည်ချုပ်တွေကလဲ မအလဆက်နေရင် အလိုလိုသွားမှာပါ။ CMP တောင် ရမှာမဟုတ်တော့ပါ။ သူ့ကြောင့် လူများစွာဒုက္ခရောက်ရမှာပါ။ သူက အခြားအာဏာသိမ်းသူတွေနဲ့ ကွာတာက သူဟာစစ်ရာဇဝတ်ကောင်ဖြစ်နေလို့ NLD က ဘာမှဝင်တားလို့မရပါ။

မဖမ်းနိုင်ဘဲ လွတ်သွားတဲ့ ဒေါက်တာဆာဆာဟာ မအလကို အဓိကဒုက္ခပေးနိုင်သူ ဖြစ်လာနေပါပြီ။သူက ကုလမှာပြောနိုင်ရင်၊ ကုလရောက် မြန်မာသံတွေ CDM သာပါခဲ့ရင် မအလ ပိုဒုက္ခရောက်မှာပါ။

မအလကို ယခုအချိန်အထိ ဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုသေးပါ။ သူပြုတ်နိုင်တာကနိုင်ငံခြားက သူ့ကို ပြည်သူသတ်တာများလို့ ဝင်ပစ်ရင် ပြုတ်နိုင်သလို၊ သူပစ်တာများလို့ အချင်းချင်းဖောင်းပြီး ဘရွှေရဲ့ ပြန်အဖြုတ်ချခံရတာလဲ ဖြစ်နိုင်ပါသေးတယ်။

US မလာဘူးထင်သူများလဲ ဒီနေ့တောင် US က ဆီးရီးယားမှာ လေကြောင်းက ပစ်လိုက်ပါသေးတယ်။US ဆီးရီးယားမှာ ဝင်ပစ်နေတာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မပါပါ။

ပြည်သူကတော့ လောလောဆယ် CDM ကို ဆက်လုပ်ပါ။ ဆန္ဒထွက်ပြပါလို့သာ ပြောပါရစေ။

News Credit: BBC, RFA

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Ohnn
Feb 26, 2021

ရွှေကြီးတပည့် ချစ်နိုင်နဲ့ကိုကိုလှီုင်တို့ဝန်ကြီးခန့်ပြီးရွှေကြီးကိုပြန်ဘောမပြနေပြီလေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page