top of page
Search

တိုင်းပြည်အတွက် လိုနေသောလူစား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 10, 2020
  • 1 min read

ree

မြန်မာပြည်ရဲ့ လက်ရှိခြေဥဟာ ဖယ်ဒရယ်မဟုတ်တာ လူတိုင်းသိမှာပါ။ သူက ဗဟိုချုပ်ကိုင်မှုကိုဦးစားပေးထားတာပေါ့။ NLD တက်လာချိန်မှာ တိုင်း/ပြည်နယ် ဝကခတွေကို လုပ်ပိုင်ခွင့်ပိုပေးသလိုရှိပေမယ့် ခြေဥအရ ဗဟိုမှာဘဲ လာပြန်အဆုံးသတ်ပါတယ်။

ဥပမာ တံတားဆောက်တယ်ဆိုပါစို့။ ဒလတံတားကို ဥပမာအနေနဲ့ကြည့်ပါ။ တိုင်းအစိုးရက သူ့ဖာသာစီမံကိန်းတင် သူ့လွှတ်တော်ဖြတ်ပြီး စဆောက်လို့မရပါ။ သူက လုံးဝမပါရဘူးလားဆိုတော့လဲမဟုတ်ပါ။ သူက အစပြိုး ပြီးရင် တိုင်း လွှတ်တော်တင် ပြီးရင် ဗဟိုအစိုးရ ဗဟိုလွှတ်တော်နဲ့ အခြားဝန်ကြီးဌာနတွေကိုပြန်ဖြတ် ပြီးရင် ပြည်သူကိုရှင်းပြနဲ့ အင်မတန်မှ ရှုတ်ပါတယ်။ အကောင်းဆုံးက မလှုပ်မရှုတ် မပြုတ်မူနဲ့ ဘာမှမလုပ်ဘဲနေရင် ဘာမှအသံမထွက်ပါ။



အားလုံးမှတ်မိမှာပါ။ DASSK ကိုးကိုးကျွန်းသွားတော့ ၂၄ နာရီမီးလာမယ်ဆိုပြီး ဖြစ်ပါတယ်။ နောက်ရန်ကုန်မှာ အငှါးအိမ်ရာစီမံကိန်းတွေကိုလဲ DASSK က အုတ်မြစ်ချသွားခဲ့ပါတယ်။ ဒါကိုဘယ်သူကအပင်ပန်းခံ ပြင်ဆင်ခဲ့တာပါလဲ? အားလုံးမှတ်မိမှာပါ။ ကိုကိုးကျွန်းကို သင်္ဘောဆွဲဖို့ ကွီးက ကြိုးစားခဲ့တာကို။ ဒါပေမယ့် လွှတ်တော်က ကျော်ဇေယျတို့ ဦးဆောင်ကန့်ကွက်လို့ မလုပ်ဖြစ်လိုက်တာ။ တပ်ကကိုကိုးကျွန်းကို အရပ်သားတွေ မလာစေချင်လို့ ကျော်ဇေယျတို့ကိုသုံးပြီး အော်ခိုင်းလိုက်တာပါ။ ယခုအချိန်မှာက ကိုကိုးကျွန်းကအရပ်သားတွေက သွားလာရေးအတွက် တပ်ကိုမှီခိုနေရပါတယ်။ နောက်အားလုံးမသိသေးတာက ကိုကိုးကျွန်းဟာ ရေကြောင်း၊ လေကြောင်း အဆက်အသွယ် ပုံမှန်ရှိရင်ခရီးသွားလုပ်ငန်းဖွင့်ဖြိုးလာနိုင်တယ်ဆိုတာပါ။ ကိုကိုးကျွန်းမှာ လေယဉ်ကွင်းရှိပေမယ့် တပ်ပိုင်လိုအစိုးရပိုင်လို ဘုံသုံးပါ။ ရှုံးနိုင်ပေမယ့် အချုပ်အခြာအာဏာအတွက် သုံရမှာပါ။


ကိုကိုးကျွန်းမီးကိစ္စက ယခင်အင်တာဗျူးမှာ ကွီးဖြိုးက ၂၄ နာရီမီးလင်းဖို့လုပ်နေတာကို ပြောထားတာကို မလေးရှားသတင်းစာမှာ မေလကထဲက ဖော်ပြထားတာတွေ့လိုက်ရပါတယ်။ သတင်းသမားတွေကသူပြောပြီး မဖြစ်တာသာရေးပြီး ဖြစ်သွားရင် ရူးချင်ယောင်ဆောင်သွားကြပါတယ်။ နောက်ပြီး ရန်ကုန်ရဲ့ ၁၂ မြို့နယ်မှာ ကိုကိုးကျွန်းကလွဲပြီး ၁၁ မြို့နယ်မှာ စက်မှုဇုံလုပ်ဖို့ စာချုပ်ချုပ်တာတွေ ပြင်ဆင်မှုတွေ ကွီးက လုပ်နေခဲ့ပါတယ်။ မလေးရှားကသတင်းစာမှာ အသေးစိတ်ဖော်ပြထားခဲ့ပါတယ်။ ဒါတွေလုပ်ဖို့ရာမှာ လက်ရှိခြေဥအရ အင်မတန်မှ ခေါင်းစားပါတယ်။ လုပ်လိုသူကိုရှာ အထက်တင်ပြ၊ ပြန်ညှိနဲ့ အင်မတန်မှ လက်ဝင်တဲ့ အလုပ်တွေပါ။ ဒီကြားထဲက သူ့စေတနာအရ လုပ်လိုတဲ့ တန်ဖိုးနည်းအငှါးအိမ်ရာတွေကိုလဲ အကောင်အထည်ဖော်နိုင်အောင် လုပ်ခဲ့ရပါသေးတယ်။ ဒီအတွက်လဲ ဆောက်လုပ်ရေးနဲ့ အခြားသက်ဆိုင်သူများနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ရတာပါ။


မြန်မာပြည်ရဲ့ အခြေအနေက တိုင်းပြည်မြန်မြန်တိုးတက်ချင်ရင် ခြေဥပြင်မှ ငြိမ်းချမ်းရေးမှသည် စီးပွါးရေးအထိ အရာအားလုံးဟာ အရှိန်အဟုန်နဲ့ အဆင်ပြေသွားမှာပါ။ မဟုတ်ရင်တော့ ကွီးဖြိုးတို့လိုတိုင်းပြည်အတွက် တွန်းတွန်းတိုက်တိုက်လုပ်တဲ့ နိုင်ငံရေးသမားတွေရှိမှ အဆင်ပြေမှာပါ။ မလှုပ်၊ မရှုတ်၊ မပြုတ်တွေများရင်တော့ အသံမထွက်ပေမယ့် ဘာမှလဲ ဖြစ်လာမှာမဟုတ်ပါလို့ ပြောပါရစေ။


News Source: The Star

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Aug 11, 2020

ဦးမြတ် ! ဖေါ်ပြရန်လိုအပ်နေသော **ဦး**အက္ခရာစာလုံးအတွက် ဂါရဝ၊နိဝါတ အခြေခံ

နှင့် မငြိစွန်းစေသော စာသားအရေးအသားဖြင့် ဖော်ပြအပ်ပါသည်။


**ဦး ထိပ်ပန်ထား ပြည့်ဆွေသား

သို့ ၊ ချမ်းသာစေ ဖို့

လန်းဖြာဝေ ဖို့

ကျန်းမာစေ ဖို့

Like

Myint Soe Oo
Myint Soe Oo
Aug 11, 2020

ဦးမြတ် ! အရေးကြုံ က၊ သက်လုံ ကောင်း။ မတိမ်းမစောင်း

သွား လမ်းကြောင်း။


အရေးပါ အရာရောက်

လိုအပ်နေရာမှန် သူ လာရောက်

တစ်ခါတစ်ခေါက် မဟုတ်

အခြေခံမှာ အဖြေမှန်ပြီး စံ ဖြစ်ဖို့

မနားမထောက် အခေါက်ခေါက်။

ပုခုံးပေါ်မှာ အကျင့်နဲ့ညီတဲ့ ဝတ်တရား

ဦးထိပ်မှာက ပီအောင် ဖော်ဖို့ တာဝန်

ပင်ပင်ပန်းပန်း ဝန် ထမ်းတဲ့ သူ။

ဒါ့ကြောင့် ပြောလိုက်ပါပြီ။


*ဖြိုး ဝကြွယ်တဲ့ ရိုးဂုဏ်ရည်

*မင်း အစိုးရနှင့် ပြည်သူ ကြည်

ဖြူအောင်

*သိမ်း ပိုက်ကာလုပ်၊သူ့ အလုပ်

*လူ ရည်ချွန်ချွန်၊ဉာဏ်တစ်မူကား

*ကောင်း မြတ်မွန်သည်

*လူ လူသူသူ အများအပေါင်း သိ

စေကြောင်း

*တော် တည့်မှန်ကန်ပါကြောင်း။


ဦးဖြိုး ဒီတစ်ခါ စာသွက် အသက်ဝင်အောင် (ဦး)ဖြုတ်ထားရပါကြောင်း။တောင်းပန်ပါသည်။

မေတ္တာ ခြုံ၍ လုံပါစေ။

သစ္စာ ဆောင်၍ အောင်ပါစေ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page