top of page
Search

တိုင်းပြည်မှာ မီးစင်လိုလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 6, 2020
  • 1 min read

မီးစင်ဟာ ကမ္ဘာဦးကာလမှာ သုံးခဲ့ကြပါတယ်။ ၁၈၇၈ မှာ လျှပ်စစ်မီးသီးကို စတင် စမ်းသပ်ခဲ့ပြီး၁၈၇၉ မှာ Thomas Edison က မူပိုင်ခွင့်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မီးစင်ရဲ့ အရေးပါမှုဟာ မရှိတော့ပါဘူး။ ဒါကတော့ ကမ္ဘာပေါ်မှာပါ။

ဘာကြောင့်မီးစင်ကို လူတွေက မသုံးတော့တာလဲဆိုတော့ မီးစင်ကနေ ဘေးထွက်ဆိုးကျိုးတွေများတာကြောင့်ပါ။ မီးစင်ဟာ အလင်းပေးသလိုနဲ့ မကောင်းတဲ့ ဓာတ်ငွေ့တွေထွက်ပြီး အသက်ရှုလမ်းကြောင်းကို ပြဿနာဖြစ်စေပါတယ်။ နောက်မီးစင်က သူ့အနားကလူတွေကို လောင်ကျွမ်းပြီး အန္တရာယ်ပေးတတ်ပါတယ်။ အဆောက်အအုံတွေကို ဖျက်ဆီးပါတယ်။

ဒါဆိုရင် နယ်တွေမှာကော မီးစင်က အသုံးဝင်လား။ နယ်တွေမှာလဲ မီးစင်က မီးသာရပြီး တီဗီဖွင့်လို့မရပါ။ နောက် ကလေးတွေဆော့ရင် တဲတွေမီးလောင်တတ်ပါတယ်။ ယခုနောက်ပိုင်း NLD အစိုးရတက်အပြီးမှာ မီးပေးနိုင်တဲ့ နယ်ကမြို့နယ်တွေ များလာလို့ မီးစင်ရဲ့ အရေးပါမှုဟာ မရှိတော့ပါ။ ဒါ့အပြင်နယ်တွေမှာ ဆိုလာတွေသုံးလာလို့ မီးစင်ဟာ အသုံးမဝင်တော့ပါ။

မီးစင်ဟာ တို့မီး ရှို့မီးလုပ်ရာမှာတော့ အသုံးဝင်ပါသေးတယ်။

စောလူမင်းကိစ္စကတော့ စာရေးသူလဲ စိုးရိမ်ပါတယ်။ ယခုအချိန်မှာ စောလူးမင်းနဲ့တူတဲ့ မအလကိုDASSK က ICC မရောက်အောင် ကယ်ထုတ်ပေးနေပါတယ်။ ဒါကိုမှ အကယ်မခံဘဲ ခြေဥမပြင်ဘူးလို့အော်နေရင်တော့ စောလူးမင်းလို့ ဘဝနိဂုံး အဆုံးသတ်သွားနိုင်ပါတယ်လို့ ပြောပါရစေ။

ယခု ၂၁ ရာစုမှာ မီးစင်ဟာ အသုံးမဝင်တော့ပါဘူး။ အကူအညီပေးတဲ့လက်ကို ဒုက္ခပေးတဲ့လက်လို့ထင်တဲ့ စောလူးမင်းလို မဖြစ်အောင် ကြိုးစားရမှာကတော့ တပ်ချုပ်ကြီးမအလပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page