top of page
Search

ညီလေးတို့သိဖို့

Writer: Myat Tun Oo
Myat Tun Oo
May 29, 2020
1 min read

စာရေးသူ စစ်ဆေးတွေအကြောင်းတင်တာ စာဖတ်သူများ ဖတ်ရမှာပါ။ တင်ရတာက သူတို့ဟာ အစိုးရကို ဖောင်းထုနေလို့ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ လွှတ်တော်မှာပါ ကျပ်မပြည့်တဲ့ မေးခွန်းတွေနဲ့ မေးပြီး အစိုးရကို ပြည်သူတွေ အမြင်မှားအောင် လုပ်လေ့ရှိလို့ဖြစ်ပါတယ်။ နောက်သူတို့ဟာဘာသာရေး၊ လူမျိုးရေး အမုန်းစကားတွေကို သူတို့အကောင့်နဲ့ အကောင့်တုများက ဖွလေ့ရှိပါတယ်။

မကြာသေးခင်ကလဲ စစ်ဆေးက သန့်ဇော်လွင်၊ အာကာဟိန်း၊ သန်းဌေးတို့ကို တပ်ကထွက်ခွင့်ပေးပြီးကြံ့ဖွတ်ကနေ ၂၀၂၀ မှာ ဝင်အရွေးခံဖို့ မအလက ညွှန်ကြားထားပါတယ်။ သန့်ဇော်လွင်က ညောင်လေးပင်ကပါ။ စာရေးသူက စစ်ဆေးအကြောင်းရေးအပြီးမှာတော့ သူတို့က သူတို့ရဲ့ group chat တွေကနေ စာရေးသူကို သူတို့တပ်ကပြောင်းသွားတဲ့ cyber police ကိုတိုင်ပြီး စာရေးသူအကောင့်နောက်လိုက်ဖို့ စာရေးသူအကောင့်ကို report ထုဖို့ပြောကြပါတယ်။

သူတို့ဟာ စာရေးသူ Dr Eric Yang အကြောင်းတင်ပြီးချိန်မှာလဲ ထိုဆရာဝန်မကောင်းကြောင်းကို လိုက်တင်ပြီး တိုက်ခိုက်တာတွေ့ရပါတယ်။ သူတို့ကလဲ စစ်ဆေးကပါဘဲ။


ညီလေးတို့ကို ပြောချင်တာက မှန်မယ်ထင်ရင် ဆက်မိုက်ပါ။ ကိုယ်ကတော့ ဒီအကောင့်ပျက်လဲအေးဆေးပါ။ ဖမ်းနိုင်ရင်လဲ လုပ်လိုက်ပါ။ ကိုယ့်နောက်မှာ ကိုယ့်အကောင့်မှာ မင်းတို့ရဲ့ အဘကြီးတွေတောင် friends အနေနဲ့ ရှိပါတယ်။ ကိုယ်တိုက်နေတာ မအလနဲ့ သူ့အဖွဲ့ပါ။ ကိုယ့်နောက်က နောက်ခံမကောင်းဘဲနဲ့ မရေးပါဘူး။ ဒီအဖွဲ့တွေက စစ်တပ်အလုပ်သာ လုပ်ချင်ပြီး လက်ရှိတပ်ချုပ် မအလလိုနိုင်ငံရေးထဲ ဝင်မပါလိုပါဘူး။ ခြေဥ ပြင် မပြင်ကတစ်ပိုင်းပါ။ သူ့ကြောင့် တပ်နာနေတာ များပါပြီ။တပ်သားတွေသေရင် မင်းတို့လိုကောင်တွေကြောင့် ဘယ်သူငိုနေလဲ။ ဟိုဆရာဝန်မကြီးတောင် ဝေဘာဂီကအပြန် သူ့မြို့ကလူတွေက အလေးထွက်ပြုကြတာ မင်းတို့သိမှာပါ။ ငါတို့တပ်ကို ပြည်နယ်မပြောနဲ့ ပြည်မကတပ်ရင်းကို တိုက်ပွဲက ပြန်လာရင်တောင် ဘယ်သူထွက်ကြိုလဲ? စဉ်းစားကြပါ။ မအလမြှောက်ပေးတိုင်း မကနေပါနဲ့။ မအလမိသားစုကိုကုတဲ့ ဆရာဝန်တွေကတော့ မင်းတို့ဝိုင်းအော်နေတဲ့UK, US ဆရာဝန်တွေကို မျက်နှာချိုသွေး ပေါင်းနေကြတာပါ။ ဒီလောက်ပါဘဲ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page