top of page
Search

ဇော်ဌေးပြောသော စာရေးသူရဲ့သတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 9, 2021
  • 1 min read

သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ဆေးကျောင်းဖွင့်ပို့တင်ပြတာကို ထွေအုပ်ဝန်ကြီး ဦးမင်းသူနဲ့ဇော်သန်းသင်းက အထက်က လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ပယ်ချခဲ့တယ်လို့ စာရေးသူရေးခဲ့တဲ့သတင်းကို “https://www.myattunoo.com/post/ဒ-အ-င-ဆန-စ-က-ည-န-င-က-န-မ-ရ-ဝန-က-သ-စ-ရန” သတင်းထောက်က မှန် မမှန် မေးပါတယ်။ မေးပေးတဲ့ သတင်းထောက်ကို ကျေးဇူးပါ။

သူက မမှန်ပါဘူးလို့ လိမ်ပြောပါတယ်။ ဒါပေမယ့် သူဆက်ရှင်းရာမှာ အလိမ်ပေါ်ပါတယ်။ နောက်သူကဆက်ရှင်းရာမှာ ဒီသတင်းကို ဘယ်လိုပေါက်သွားလဲ ပေါက်သွားတဲ့ ဝန်ထမ်းတွေကို အရေးယူမယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပါတယ်။ သူ့အဆင့်က ဆေးပညာတတ်တဲ့ ကိုဗစ်အတွက်အသက်ပေးနေတဲ့ဆရာဝန်/ဆရာဝန်မကြီးတွေကို ခြိမ်းခြောက်တာဟာ အင်မတန်မှ မသင့်လျှော်တာ တွေ့ရပါတယ်။ ဟိုက အလုပ်သင်ဆရာဝန်မရှိရင် ပြဿနာတက်မှာပါ။ စာရေးသူသတင်းက မမှန်ဘူးဆိုရင် ဘာမှပူစရာအကြောင်းမရှိပါ။ ယခုသူရှင်းရာမှာဘဲ သူကတင်တာဟာ ဝန်ကြီးအဖွဲ့တင်တာ၊ သမ္မတရုံးတင်တာ၊ ကိုဗစ်ဗဟိုကိုတင်တာရှိပြီး မှားတင်လို့မရဘူးဆိုပြီး ဆရာဝန်တွေကိုတောင် ဟောက်လိုက်ပုံပါ။ သူတို့ကသူတို့မဟုတ်တာလုပ်တာကို စာရေးသူကိုသွားပြောရင် လျှို့ဝှက်ဥပဒေနဲ့ အရေးယူမယ်လို့တောင်ခြိမ်းခြောက်သွားပါသေးတယ်။ ပုံမှန်ဦးနှောက်နဲ့ စဉ်းစားပါ။ သူတို့ဘယ်ကတင်တင် နောက်ဆုံးဆုံးဖြတ်သူက DASSK ပါ။ ယခုလဲ စာရေးသူရေးအပြီး ဆေးကျောင်းနောက်ဆုံးနှစ်ဖွင့်ဖို့ ဖြစ်သွားတာက ရလာဒ်အဓိကပါ။ DASSK ဖတ်လိုက်လို့လဲ ကျေးဇူးပါ။

ဒါကဘာကို အမှတ်ရစေလဲဆိုရင် ဘင်ဂါလီတွေကိစ္စကို DASSK ထံ သူ့နားက ဝန်ကြီးတွေက အစကလိမ်ခဲ့တာကို အမှတ်ရစေပါတယ်။ သူတို့က သွားကန်တော့်တော့ DASSK ကလဲ အဟုတ်ထင်ခဲ့ပုံပါ။အဲ့ဒီအချိန်က စာရေးသူ အကြီးအကျယ်မရေးသေးချိန်မိုလို့ အစိုးရကို သတိမပေးနိုင်ခဲ့ပါ။ ဒါ့အပြင်အဆိုပါဒီကိစ္စကို ဖော်ထုတ်ခဲ့တဲ့ ဝ လုံးတို့ကိုတောင် ထောင်ဖမ်းလိုက်တာ မှတ်မိကြမှာပါ။ သူမနိုင်ငံခြားက ရှေ့နေနဲ့တွေ့မှ အဖြစ်မှန်ကို သိသွားပုံပါ။ ICJ ကသာ မခေါ်ခဲ့ရင် သူမလဲ သိဖို့မလွယ်ပါ။

ဒီနေရာမှာ မိုးကျတွေနဲ့ အရပ်သား နိုင်ငံရေးသမားတွေက မတူပါဘူး။ မိုးကျတွေဟာ အမှန်မပြောရဲဘဲအမှန်ကိုတင်ပြသူများကိုလဲ ဖမ်းဖို့သာ ကြိုးစားကြတာပါ။ NLD အနေနဲ့လဲ ယခုလို မိမိတို့ကိုသတင်းပေးတဲ့ ပြည်သူတွေကို ဖမ်းလိုလား စဉ်းစားရမှာပါ။ မနေ့က ကျန်းမာရေးဝန်ကြီး Live လွှင့်ပြောတာ နားထောင်ရတာကလဲ သူ့ကို ဒုက္ခအများဆုံးပေးနေသူဟာ ဘယ်သူဆိုတာ သိနေပုံပါလို့ ပြောပါရစေ။

Video credit: Myanmar Now

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page