top of page
Search

ဆရာဇော့်ကို ဘာကြောင့် မအလဂျပုကြောက်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 9, 2021
  • 1 min read

ယခင်တော်လှန်ရေးတွေမှာ လူငယ်ကျောင်းသားတွေက နိုင်ငံရေးသမားအနေနဲ့ လုပ်ခဲ့ကြပါတယ်။ ခင်ညွန့်စစ်ထောက်လှမ်းရေးက စပိုင်လွှတ်တယ်။ လူငယ်တွေဆိုတော့ စပိုင်ကြောင့်သူတို့လူမိတော့ စပိုင်ရှာရင်းနဲ့ ပြဿနာပေါ်တယ်။ လူငယ်တွေဆိုတော့ ကြိုမမြင် ကြိုမပြင်တာတွေရှိခဲ့ကြတယ်။ ယခုတော်လှန်ရေးမှာက ဆရာဇော်ဝေစိုးတို့ Dr SaSa တို့လို ပညာတတ်တွေက ဦးဆောင်လို့ မအလဖက်ဆစ်တပ်က အကြောက်ဆုံးပါ။ ပထမ ပညာအရာမှာဆိုရင် မအလနဲ့ စိုးဝင်း ၁၀ တန်းအမှတ်ပေါင်းတောင်ဆရာဇော်ဝေစိုးအမှတ် မမှီပါ။ နောက် မအလရဲ့ စကစလူအားလုံးရဲ့ ဘွဲ့ပေါင်းရင်လဲ ဆရာဇော်ဝေစိုးကို မမှီပါ။ မိုးနဲ့မြေကွာပါတယ်။ အတွေးအခေါ်ကလဲ မိုးနဲ့မြေ စိတ်ထားကလဲ မိုးနဲ့မြေပါ။ ဆရာဇော့်ပညာအရည်အချင်းက နတ်ပြည်လောက်ဖြစ်ပြီး မအလက အဝီစိထက်တောင် နိမ့်ပါမယ်။

မအလဟာ ဆရာဇော်ရဲ့ ကျန်းမာရေးသင်ကြားမှုအောင်မြင်တာ ပညာရေးအတွက် လူတွေကိုထွက်ပေါက်ပေးသင်ကြားမှုပြင်ဆင်ထားတာတွေကြောင့် ခံနေရပါတယ်။ အဓိကက မအလအစည်းအဝေးမှာ ဆရာဇော်နဲ့ Dr Sasa ကြောင့် သူတို့ဒုက္ခရောက်ရကြောင်း စရဖကတင်ပြရင် မအလတင်းပါတယ်။ ဆရာဇော်ဟာ ဘွဲ့ရ ပညာတတ် ပါချုပ် ငွေကြေးကြွယ်ဝသူ ကိုဗစ်ကိုင်တွယ်ရာမှာ ပြည်သူလေးစားသူဖြစ်ပြီး မအလက ပညာမတတ် သူခိုး ဓားမြ အမေစုကို အာခံသူ ပြည်သူက မုန်းသူပါ။ဆရာဇော်ဝေစိုးဟာ အပြောအဆိုအရေးအသားကောင်းပြီး ပြည်သူကို စည်းရုံးနိုင်သူပါ။ သူ့ကို မအလရဲ့ စရဖက တိုက်ရတာ အင်မတန်ခက်ပါတယ်။ ယခင်နိုင်ငံရေးသမားဆိုရင်တောင် တိုက်လို့လွယ်ပါတယ်။ ဆရာ့ဇော်ကို ပညာရေး၊ ငွေကြေး၊ ဘာသာရေး၊ လုပ်ရည်ကိုင်ရည် မည်သည့်အရာနဲ့မှ တိုက်မရလို့ အောက်လမ်းနည်းသုံးလာတာပါ။ သူတို့ ဆရာ့ဇော်အိမ်ကို မီးရှို့တာက မအလက သူ့တပည့် စရဖကို ကျောင်းမီးရှို့တဲ့ ကိစ္စလို အမိန့်ပေးပြီးလုပ်တာပါ။ ဒါက သူတို့ဘယ်လောက် ယုတ်မာလဲအသည်းအသန်ဖြစ်နေလဲဆိုတာကို ပြနေပါတယ်။ မအလက အာဆီယံက ကျောင်းမီးရှို့တာကို မပြောလို့ သူ့အစည်းအဝေးမှာ ထည့်ပြောရတာက သူ့စရဖက ငွေကြေးများစွာရင်းပြီး ကျောင်းတွေကို လိုက်မီးရှို့ထားတာကို အာဆီယံက အဖက်မလုပ်လို့ တင်းတာကို ပြတာပါ။ ဂွင်မမိလို့ပါ။

ပြည်သူတွေအနေနဲ့လဲ NUG ပြောတာကို နားစွင့်ပြီး D Day အတွက် ပြင်ဆင်ပါ။ ပိုက်ဆံငွေသားထုတ်ထားပါ။ မိမိအိမ်မှာ ရိက္ခာဖြည့်ထားပါ။ စစ်ပညာသင်ပါ။ ရှေးဦးသူနာပြုနည်းသင်ပါ။ မိမိလမ်းရပ်ကွက်က စရဖ သတင်းပေးနဲ့ ဖွတ် နာမည်ကို စုဆောင်းပါ။ မိမိနားက တပ်ရင်း တပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်ကို စုဆောင်းပါ။ ဥပမာ အဆိုပါတပ်ရင်းက ရှေ့တန်းထွက်လား လူဘယ်လောက်နောက်တန်းမှာ ကျန်ခဲ့လဲ စသဖြင့်ပေါ့။ နိုင်ငံခြားကလူများ တော်လှန်ရေးအတွက် ငွေများများ လှူပါ။

ကျန်လူက တိုက်ပွဲခေါ်ရင်သာ အဆင်သင့်စောင့်နေပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 09, 2021

ဦးမြတ်!! မူလ လာရာ ကွဲပြားသလို ၊ ဦးတည်ချက် လားရာခြင်းလည်း မတူညီကြပါ။

~လက်နက်သည် ဘဝ၊ အာဏာသည် ထာဝရ အယူမှ ဆင်းသက်ပေါက်ဖွားခဲ့ပါသည်။

~ ပညာကို အကြင်နာ ခြံရံသော မူ မှာသန္ဓေတည်ခဲ့ပါသည်။

လားရာကို နှိုင်းယှဥ်ကြည့်သော်

~အာဏာကို အကြောင်းပြု ၊ ငါတစု ကောင်းစားရေး

~ တတ်သည့်ပညာကို စေတနာဖြူရံချယ် လူသားအများစုကို ကယ်မည် ဟူသော လားရာ။

ဒေါက်စိုးက လာရာ ကောင်းသလို လားရာကောင့်ခဲ့သူမို့ အများပြည်သူတို့၏ ယုံကြည်ကိုးစားမှု

ရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။

~ဟိုဖက်က အကြောင်းကို မမြင်၊ အကျိုးကိုသာ ကောင်းချင်သူများ။ ဘူးပေါက်တာမလို ရေပါဖို့လိုသည့် လူများ။

~ဒေါက်စိုးက အကျိုး ကောင်းဖို့အတွက် ၊ အကြောင်း ကောင်းအောင် လုပ်တတ်သူ။

တနည်း အကြောင်းသတ်တရား ကိုင်စွဲသူ။

CV 19 2nd wave မတိုင်မီ အနောက်တံခါးဝကို လုံခြုံအောင် တင်းကြပ်စွာ ပိတ်ထားဖို့ ကြို ပြောခဲ့ပါသည်။ တာဝန်ရှိသူတွေ ဂရုမစိုက် လျစ်လျုရှုမှုကြောင့် ကူးစက်မှုပမာဏ များခဲ့သလို

သေဆုံးနှုန်းလည်း မြင့်တက်ခဲ့ရပါသည်။

ဒေါက်စိုး၏ ဗီဇသည် ပြဿနာ၏ အရင်းမြစ် အကြောင်းအရာကို သေချာချဥ်းကပ်တတ်ပြီး

တည်ငြိမ်စွာဖြေရှင်းနိုင်စွမ်းရှိသူ။

~ အွန်လိုင်းသင်ကြားမှုမှာ ဆေးကျောင်းသားအရေအတွက် များပြား မြင့်တက်မှုက သက်သေခံခဲ့ပါသည်။

~ဟိုဖက်မှာက အခြေခံကြောင်းများတောင် နယ်တချို့မှာ တက်ရောက်သူမရှိပါ။

ယခု နွေဦးတော်လှန်ရေး ဘာကြောင့်ဖြစ်သလဲ? အကြောင်းရှာသော်!!!

အကြောင်း ကောင်းအောင်လုပ်လျှင် အကျိုးရလဒ် ကောင်းမည်ကို သိပါသည်။

အကြောင်း ကောင်းတွေ ဆက်တိုက်လုပ်လာသည်နှင့် အကျိုး ကောင်းတွေ ဝေဆာလာပါသည်။သို့ပါ၍ ကြောက်ကြပါသည်။

**အကြောင်း သတ်လျှင်၊ အကျိုး ရပ်၏**

ဗုဒ္ဓဘုရားရှင် ကျင့်သုံးသော အယူအကျင့်။

(ဒေါက်စိုးကို •••ဘာသာဝင်ဟု စွပ်စွဲ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page