top of page
Search

ဆန္ဒပြပွဲနှင့်ကိုဗစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 28, 2020
  • 1 min read

ကိုဗစ်ကာလမှာ စားစရာမရှိလို့ အလုပ်ထွက်လုပ်ရတာ နားလည်နိုင်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေအစိုးရလုပ်ငန်းအတွက် လူစုရတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် မနေ့က တပ်ထောက်ခံဆန္ဒပြပွဲဟာကိုဗစ်ဥပဒေကို ချိုးဖောက်သလို ဆန္ဒပြပွဲတက်သူများဟာလဲ နယ်ကျော်ပြီး ဥပဒေချိုးဖောက်တာ တွေ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ သူတို့ခွင့်ပြုမိန့်တောင်းခံထားတဲ့ လူအရေအတွက်ထက်လဲ ကျော်လွန်နေတာ တွေ့ရပါတယ်။ လူဦးရေဟာ ပုံမှန်ဆန္ဒပြပွဲမှာကျော်တာ အရေးမကြီးပေမယ့် ကိုဗစ်ကာလမှာကအရေးကြီးတာပါ။

ယခုဟာ ရောဂါဖြစ်နှုန်း ရန်ကုန်မှာ ကျလာချိန်ပါ။ ယခုဆန္ဒပြပုံက အနောက်တံခါးအပြီး တမင်ရောဂါပျံ့အောင် လုပ်နေပုံပါ။ အရည်ကြိုကိုဖမ်းတဲ့ အနောက်ပိုင်းခရိုင်ထွေအုပ်နဲ့ ရဲမှူးကြီးကို မထီမဲ့မြင်ပြုရာရောက်နေပါတယ်။

နောက်သူတို့ကို အရေးယူသင့်တဲ့အချက်က သူတို့တွေရဲ့ ဆောင်ပုဒ်တွေဟာ အဘကို စော်ကားထားတာဖြစ်နေပါတယ်။ သူတို့ရဲ့ ပထမဆောင်ပုဒ်ဖြစ်တဲ့ “ရွေးကောက်ပွဲ သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူဆိုတာ” မဲခိုးသူ သာဝကို စော်ကားတာဖြစ်ပြီး “ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူကို ချေမှုန်းကြ” ဆိုတာဟာလဲ ဂျပန်နဲ့ တရုတ်ပြောသမျှ လိုက်လုပ်နေရတဲ့ သာဝကို စော်ကားလိုက်တာပါ။ ဒီဆောင်ပုဒ်တွေနဲ့ အဘပုံကို ယှဉ်ထားခြင်းဖြင့် အဘကိုပြောသလို ဖြစ်နေပါတယ်။

အကျဉ်းချုပ်ရရင် သူတို့ကို ကိုဗစ်ကပ်ရောဂါဥပဒေ၊ ဆန္ဒပြလူစုလူဝေးဥပဒေကို ချိုးဖောက်မှု၊ အဘကိုစော်ကားတဲ့ ၅၀၅ တို့နဲ့ ထွေအုပ်ကြီးက အရေးယူပေးပါလို့ ပြောပါရစေ။

Photo credit: Myanmar Now

(Note to Facebook team: This is the article about the group supported and funded by Senior General Min Aung Hlaing who is banned by Facebook team and who is accused by ICC for war crimes. Pls read it before you remove it. Please don’t remove it based on the information from Myanmar Facebook team as it is also controlled by the retired military personnel)

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Albert Wint
Albert Wint
Dec 29, 2020

ဆရာကြီးကိုအကာအကွယ်ယူ စည်းကမ်းဥပဒေဖောက်လုပ်တာပြည်တွင်းပြည်ပမှာ ရုပ်ဆိုးလွန်း အရှက်ရစရာဖြစ်နေ

Like

Myint Soe Oo
Myint Soe Oo
Dec 29, 2020

ဦးမြတ်! ဘာသာ သာသနာနဲ့ စပ်ယှဥ်တင်ပြပါရစေ။ ကိလေသာကင်းစင်သူတို့ ဝတ်ရုံအပ်သော သင်္ကန်း ခြုံထားသော သံဃာတော်တချို့ပါဝင်မှုပါ။

ခုကာလသည် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာအကြွယ်ဝဆုံး *ပညာရှိ*များဖြစ်ပါသည်။#သုဝစော စ ၊ ပညာရှိတို့၏ အဆုံးအမကို အလွယ်နာယူ ကျင့်သုံးရမည်။ (မေတ္တသုတ်)

~မလိုအပ်ပဲ အပြင်မထွက်ပါနဲ့

~လူစုလူဝေးရှောင်ရှားပါ

~၆ပေ ကွာ နေထိုင် ဆက်ဆံပါ။

ထိုရဟန်းတော်များ အထက်အချက်များနှင့် မကိုက်ညီပါ။ အဖဘုရား ဆုံးမစကား အမှာ ပါး ထားပါလျက် နားမထောင်ပါက ဘုရား၏သားတော်အမည်ခံနှင့် ညီပါမည်လား။ဘုရားရှင်ကိုယ်တော်တိုင်ပင် သမားတော်ဇီဝက၏ ကုသလမ်းညွှန်မှုကို ခံယူတော်မူခဲ့ပါသည်။

**အပ္ပကိစ္စော စ. = စာသင် စာချ၊ ဝိပဿနာအလုပ် ။ ဓူရနှစ်ပါးမှတစ်ပါး အခြား အမှုကိစ္စမှန်သမျှ နည်းအောင်နေပါ။ဆိုဆုံးမထားငြား?????

မက်စ်မှာ သာသန အလံ တပ်ဆင် ချိတ်မြန်းထားပါသည်။ ထိုပုဂ္ဂိုလ်များ၏ နောက်က ဗီနိုင်းမှာ **အနောက်ပထွေး မျှော် ၊ အဖေ ခေါ်ချင်သူများ**။ စာတမ်းဖြစ်ငြား တနည်းအားဖြင့် ကြမ်းတမ်းသော နှုတ်ထွက်စကား #ဖရုဿဝါစာ ဖြစ်ပါသည်။ တပည့်ဒါယကာ ဖရုဿဝါစာကို ဆိုဆုံးမမှု မပြု၊ ကိုယ်တိုင်ရှေ့ဆောင် အမှားအမှောင် ပို့ဆောင်နေခြင်းသည်?????

မက်စ်မှာ သာသနအလံ ချိတ်ထားသည်နှင့် မအပ် မရာ။

ကိုယ်လုပ်သည့်အမှု အမှား အမှန် ဝေဖန်စိစစ်နိုင်ခြင်း ပညာ?????

ဘယ်သို့ရှိပါအံ့နည်း။သို့၍လည်း မာတုဂါမခေါ် အမျိုးသမီးများနှင့် သင့်လျော်၏ မလျော်၏ မခွဲခြားနိုင်တော့ပါ။

သာသနာ ရောင်ဝါ မည်သို့ရှိပါအံနည်းဟူ၍?????

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page