top of page
Search

ဆန္ဒပြပွဲကို ဘယ်လိုဖြိုခွင်းသလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 1, 2021
  • 1 min read

ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေဖြစ်တယ်။ မြန်မာပြည်လောက် ဆန္ဒပြပွဲကြီးမပြောနဲ့ သူ့တစ်ဝက်လောက်ဖြစ်ရင်တောင် တက်နေတဲ့အစိုးရက ထွက်သွားတယ်။ ဘာလို့လဲ? အရှက်ရှိလို့။ မအလက မဲစာရင်းအတွက်ဆန္ဒပြလို့ အာဏာသိမ်းတယ်ပြောတယ်။ သူ့စကားအရ ယခုလို သူ့လူအုပ်ထက် များတဲ့လူအုပ်က ဆန္ဒပြတော့ သူထံက အာဏာပြန်ပေးမလား? စကထဲက လိမ်ဆင်ပါ။

မအလဟာ ပထမပိုင်းမှာ ခေါင်းဆောင်မရှိရင် ဆန္ဒပြသူမရှိဘူးဆိုတဲ့ သီအိုရီနဲ့ NLD ထိပ်ပိုင်းအားလုံးကို ဖမ်းခဲ့ပေမယ့် ဆန္ဒပြပွဲဟာ အားကောင်းဆဲပါ။ နောက်ပိုင်း ဆန္ဒပြသူတွေဟာ အချိန်ကြာလာရင်မောပြီး အားလျော့သွားမယ်၊ CDM ကလဲ လကုန်လို့ လစာလိုရင် ပြန်အလုပ်ဆင်းမယ်ဆိုတဲ့ ဗျူဟာနဲ့မှန်းထားပေမယ့် ဝန်ထမ်းတွေဟာ လစာမယူဘဲ အလုပ်မဆင်းလို့ သူ့အကွက်ထဲ မဝင်ခဲ့ပါ။ သူတို့အလုပ်ပြန်ဝင်လဲ နောက်ပိုင်း ခံဝန်ချက်မထိုးရင် ဖြုတ်မှာပါ။ ယခုကတော့ မတ်လ ၂၇ ရက်မတိုင်ခင်ဆန္ဒပြပွဲတွေကို အပြီးနှိမ်နင်းဖို့ စီမံချက် ချထားပါတယ်။


ယခု အာဏာသိမ်းစမှာ သူ့အပိုင်တပ်အနည်းငယ်၊ စရဖနဲ့ ရဲကိုသာသုံးပြီး အစိုးရအဖွဲ့ဝင်တွေကို ဖမ်းခဲ့ပါတယ်။ နောက်ပိုင်း ဆန္ဒပြပွဲတွေ မတိုင်ခင် တပ်ကိုရဲ ဝတ်စုံ ဝတ်ခိုင်းပြီးမှ နောက်တပ်ကူတွေကို ရန်ကုန်ထဲဝင်ပြီး နေရာယူပါတယ်။ ၂၂၂၂၂ မှာက သူက ခံစစ်သဘောနဲ့ အရေးကြီးတဲ့နေရာမှာသာပိတ်ဆို့ခဲ့တာပါ။ လူတွေကလဲ ရှောင်သွားခဲ့ပါတယ်။ သူက ဆန္ဒပြအဖွဲ့ရဲ့ ခေါင်းဆောင်ကို ရှာပါတယ်။ယခုဆန္ဒပြပွဲက ခေါင်းဆောင်မရှိလို့ ခေါင်းဆောင်ကိုဖမ်းထိန်းရုံနဲ့ မရပါ။


မနေ့ကဖမ်းတာက တိုက်စစ်သဘောမျိုး သူပုန်စခန်းဝင်စီးပုံမျိုးပါ။ ဆန္ဒပြသူတွေစုရပ်နဲ့ သတင်းကိုကြံ့ဖွတ်၊ ထွေအုပ်၊ စရဖ၊ ရဲနဲ့ စစ်မှုထမ်းဟောင်းအချို့က ပေးပြီး ကားယဉ်ကြောထိန်းတဲ့ traffic centre ကနေ လူစုတာကိုကြည့်ပြီး လူအုပ်မဖြစ်ခင် လိုက်ဖမ်းတာပါ။ ပုံမှန်ဆို လူအုပ်ကို စည်းတားပြီး ကျော်မှဖြိုခွင်းရတာမျိုးပါ။ လူထုက သူ့ရဲ့စခန်းကို မဝိုင်းလို့ သူက ခုခံစရာ ဖိအားမရှိဘဲ တိုက်စစ်ဆင်တဲ့သဘောပါ။


ဒါဆို ဘာဆက်လုပ်မလဲ? ဒါကတော့ ခေါင်းဆောင်များသာ စဉ်းစားရမှာပါ။ အဓိက မြို့နယ်တွေကိုအုပ်ချုပ်နေတာက ထွေအုပ်ရုံးနဲ့ ရဲစခန်းပါ။ နောက် traffic ယဉ်ကြောထိန်း CCTV တွေကို ကြည့်မရအောင် ဖျက်စီးဖို့ပါ။ နောက် မြန်မာတစ်နိုင်ငံလုံးက ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ပြည်သူတွေက တချိန်ထဲတစ်ရက်ထဲမှာ ဝင်စီးမယ်ဆိုရင် စစ်တပ်က အကာအကွယ်ပေးနိုင်မလား? သူ့မှာ ထွေအုပ်ရုံးနဲ့ ရဲစခန်းသာ မရှိခဲ့ရင် ပြည်သူကို ဖိနှိပ်လို့ မရနိုင်ပါဘူး။ မြို့နယ်ကို ပြည်သူကပိုင်ရင် ခရိုင်ကို တိုက်ရမှာပါ။ဒါက ပြည်သူ့ကာကွယ်ရေးတပ်လိုလာပါမယ်။ နယ်မြေရှိမှ တပ်ထဲက ပေါင်းလိုသူတွေ ရဲတွေကလက်နက်နဲ့ လာပေါင်းနိုင်မှာဖြစ်သလို နိုင်ငံခြားကလဲ ကာကွယ်ပေးနိုင်မှာပါ။


သူ့အကျိုးစီးပွါးကို ထိခိုက်စေလိုရင် Mytel၊ တပ်ချုပ်ရဲ့ အင်းယားလမ်းအိမ်၊ စစ်တပ်နဲ့ စီးပွါးရေးတွဲလုပ်တဲ့နေရာတွေပါ။


နောက်ပြီး ဖမ်းမိတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ရဲနဲ့ စစ်သားကိုလဲ ဘာလုပ်ရမလဲ ကြိုစဉ်းစားထားရပါမယ်။ ဖမ်းပြီးသူတို့ကို ပြန်အပ်လိုက်ရင်လဲ သူတို့က ကြောက်မှာမဟုတ်ပါ။ အရှင်မိရင် ပြည်သူတွေမှာက သူတို့ကို ထားစရာနေရာမရှိပါ။ နောက်ရဲကားတွေ ရေကားတွေဟာ မီးလောင် ပျက်စီးသွားရင် ပြည်သူကို ဖိနှိပ်လို့မရတော့ပါ။ ရခိုင်မှာ AA က ရဲစခန်းကို ဝင်တိုက်တာရှိခဲ့ဖူးပါတယ်။ ဖြစ်နိုင်ရင်တော့တပ်မိသားစုတွေနေတဲ့ စစ်စခန်းတွေကို ဝိုင်းနိုင်ရင် အကောင်းဆုံးပါ။ ဒါပေမယ့် တဆင့်ခြင်း သွားရနိုင်ပါတယ်။ ပြည်သူတွေက နယ်မြေပိုင်ရင် တပ်က နယ်မြေစိုးမိုးမှုပြန်ရအောင် လုပ်ရမှာပါ။ ဒီအချိန်မှာနိုင်ငံခြားက ကာကွယ်မှုပေးရ ပိုလွယ်ပါတယ်။ ယခုအချိန်မှာက အရပ်သားထဲမှာ စစ်တပ်ကစခန်းစွဲထားတာတွေ ရန်ကုန်မှာ ရှိနေပါသေးတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူများကို လေးစားပါတယ်။ ဒါပေမယ့် ရန်သူရဲ့ တိုက်စစ်ကို ခံစစ်ဖြစ်သွားအောင်ဘယ်လိုလုပ်မလဲ စဉ်းစားသင့်ပါတယ်လို့ ပြောပါရစေ။

အချို့ကလဲ သူကလက်နက်ပိုရှိတယ် သွားမလုပ်နဲ့ သေသွားမယ်ဆိုတာလဲ ရှိပါတယ်။ အားလုံးက မိမိဘယ်လောက်လွတ်လပ်မှုကို လိုချင်သလဲ စဉ်းစားရမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page