top of page
Search

ဆေး (၁) ဒုပါချုပ်မှပြောသော ကွီးအကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 26, 2020
  • 1 min read

ree

စာရေးသူတို့ သတင်းသမားအများစုဟာ ရွေးကောက်ပွဲမတိုင်ခင် ညွန့်ပေါင်း ညွန့်ပေါင်းနဲ့ နောက်ဆုံး မမှန်ခဲ့တာ တွေ့ရပါတယ်။ နောက်သူတို့ရဲ့ ပစ်မှတ်က ကွီးဖြိုးပါ။ သူတို့ဝေဖန်မှုတွေအထဲမှာ ကွီးကလုပ်မယ်ပြောပြီး မပြီးဘူးဘာညာလဲ ပါပါတယ်။ စာရေးသူ ဇွန် ၂၀၂၀ စစ်တမ်းလုပ်ချိန်မှာတော့ သူတို့ မကြိုက်တဲ့ ကွီးဖြိုးဟာ သူတို့က စီမံခန့်ခွဲမှုကောင်းတယ်ဆိုတဲ့ အဘထက် လူကြိုက်များနေတာ သွားတွေ့ခဲ့ရပါတယ်။ ဒါက အဘလိမ်ဖို့ မဲခိုးဖို့ကြိုးစားတဲ့ကြားကပါ။


စာရေးသူအနေနဲ့ သေချာပြောနိုင်တာက စာရေးသူက သူတို့နှစ်ယောက်အကြောင်းစစ်တမ်းကောက်ချိန်မှာ ဖြေဆိုသူများပြီး စိတ်ဝင်စားမှု များတယ်ဆိုတာ သိလိုက်ရတာပါ။ နောက် Myanmar Now ကလွဲလို့ မီဒီယာအများစုမျက်လှည့်ပြနေတဲ့အချက်က ဘာဘွဲ့မှ ပြည်တွင်းရော ပြည်ပကပါလောက်လောက်လားလားမရသလို စီးပွါးရေးမှာလဲကြွေးတင် နေပြည်တော်က လုပ်ခဲ့တာအချို့ကိုတောင် အစစ်ခံနေရသူကို အင်မတန်အရည်အချင်းရှိသူလို့ အမွန်းတင်နေတာပါ။ ဒီသတင်းက မီဒီယာတွေ အဘတ အကောင့်တွေက မဖွတာကလဲ ထူးဆန်းပါတယ်။ သူတို့အားလုံး ရုတ်တရက် NLD ကိုချစ်သွားပြီလား? အချို့မီဒီယာ သတင်းသမားများက သူ့ထံမှာ အလုပ်လုပ်ခဲ့သူများလဲ ပါနေပါတယ်။လောလောဆယ် နာမည်နဲ့ ချမရေးသေးပါ။



မနေ့က ကိုရီးယား-မြန်မာစက်မှုဇုံကို လှည်းကူးမှာစဖို့ရွေးတာဟာ ၂၀၁၇ နောက်ပိုင်း သူပြောခဲ့တာအကောင်အထည်ပေါ်လာခဲ့ပါပြီ။ ကွီးစခဲ့ပြီး ၂၀၁၈မှာတင်ပြပြီး DASSK သဘောတူခဲ့တာပါ။ ဘာလို့ကြာလဲဆိုတော့ တိုင်းဒေသကြီးအဆင့်က စီမံချက်ကြီးလို့ လုပ်မရဘဲ ပြည်ထောင်စုအဆင့်က လုပ်ရလို့ပါ။ ရန်ကုန်မြို့သစ်လိုပေါ့။ ဒါပေမယ့် ဒီစက်မှုဇုံဟာ အဘတို့ စက်မှုဇုံလိုမဟုတ်ဘဲ ရေဝင်ရေထွက်ရေဆိုးထုတ်စနစ်တွေနဲ့ လာမှာပါ။ ကိုရီးယားရဲ့ စက်မှုလုပ်ငန်းတွေဟာ ကမ္ဘာမှာ အောင်မြင်နေလို့မြန်မာအတွက် ပညာရော ပိုက်ဆံပါရနိုင်မှာဖြစ်သလို ရင်းနှီးမြုပ်နှံမှုတွေ၊ အလုပ်အကိုင်တွေလဲ လာမှာပါ။ ရန်ကုန်နေပြည်သူတွေ အကျိုးရှိမှာပါ။


ဒီနေရာမှာ မနေ့က ဆေး (၁) က ဒုပါချုပ် ဒေါက်တာမြင့်မြင့်ငြိမ်းက ရန်ကုန်ကို ဦးဖြိုးမင်းသိန်းလက်ထဲနောက်ထပ် (၅) နှစ် အနည်းဆုံး ထပ်အပ်ထားချင်ပါတယ်လို့ ရေးသွားပါတယ်။ စာရေးသူက ကွီးမလုပ်တော့မှန်းသိလို့ မလော်ပေမယ့် ကွီးဖြိုးရဲ့ လုပ်ရည်ကိုင်ရည်ကိုသိတဲ့ သူနဲ့ တွဲအလုပ်လုပ်ခဲ့တဲ့ပညာတတ် ဆရာဝန်မကြီးက ရေးသွားတာပါ။ မယုံရင် သူမအကောင့်မှာ သွားကြည့်ပါ။ DASSK လဲဆရာဝန်မကြီးအကောင့်ကို ဖတ်မိမယ်ထင်ပါတယ်။ သူမပြောတာဟာ ကန်ထရိုက်နဲ့ အိမ်ပွဲစား စကားတွေနဲ့ ကွာနိုင်ပါတယ်။ အကျိုးစီးပွါး မတူလို့ပါ။

သူမပြောတာဟာ သတင်းသမားတွေနဲ့ မတူတဲ့ အမြင်တစ်ခုပါ။ သတင်းသမားတွေလဲ နောက်ရွေးကောက်ပွဲမှာ ပြည်သူ့အမြင်နဲ့ နီးစပ်အောင် တင်ပြနိုင်ပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Nov 27, 2020

ဘာပဲပြောပြောရန်ကုန်ရဲ့ဒီမိုသမိုင်းအစမှာ ကွီးဖြိုးက Founder စစ်စစ်ပါ။

Like

Myint Soe Oo
Myint Soe Oo
Nov 27, 2020

ဦးမြတ်!! သူဌေး နှင့် သူဌေးသား

ငွေကို ဘယ်သူက ပို၍**ဖြုန်း**ပါမည်နည်း။သူဌေးက ငွေ သုံးလျှင် သုံးပါမည်။ မဖြုန်းလိုပါ။ သည်ဘဝ သည်အခြေရောက်အောင် ***ကောင်းသောအသက်မွေးမှု**(သမ္မာ အာဇီဝ)အပေါ် ကျိုးကုတိအားထုတ် အလုပ် အလွန်လုပ်ခဲ့ရသောကြောင့် **ဘဝ နာခဲ့ပါသည်**။ဒါ့ကြောင့်လည်း**ဘဝနာခဲ့သူ**ရာနှုန်းအများစုဟာ ချမ်းသာခဲ့ကြပါသည်။ တရားဓမ္မဖက်မှာလည်း သံသရာကလွတ်မြောက်ရန် ဝိပဿနာတရား (အမြင်ဉာဏ်ရအောင်)အားထုတ်ကြသူများမှာ

သံဝေဂဉါဏ်(အဆိုးလောကဓံ ရိုက်ပုတ်ခံရမှုကြောင့် ထိတ်လန့် တုန်လှုပ်ခြင်း အသိ)အခြေခံရပါသည်။

**ဘဝ နာမှ ၊ ဘာဝနာ ပွား များ ၍ရပါသည်။**


*****************************


ဖွားစု ၊ ဆရာဇော် ၊ ဆရာ အောင်အောင်(မကွေး)၊ဦးဖြိုး၊ ကိုမင်းကိုနိုင်၊ ဆရာမြင့်နိုင်(စစ်ကိုင်း)၊ဒေါ်မေဝင်းမြင့်၊ဘ ထိန် ၊စဥ့်ကိုင်ကိုယ်စားလှယ်------->>စသည်တို့သည် ဘဝ နာ ခဲ့ကြပါသည်။

အနာကို အဆာ အဖြစ် မငိုဖြစ်ခဲ့ကြပါ။ ကိုယ်ချင်းစာတရားဖြင့် အနာဘေး ကင်းဝေးစေလိုသော ဆန္ဒများစွာ ရင်ဝယ်ပိုက်၊ တစိုက်မတ်မတ် လျှောက်ခဲ့ကြသည့် လမ်း။ ပင်ပန်းပါဘိ။ မညည်းမညူ ဇွဲကိုသာ အဖော် မူ ခဲ့ကြပါသည်။မျက်ရည် ခြူ ၊ မယူ ခဲ့ကြပါ။မယူခဲ့ကြလို့လည်း ခုဆို အခြေနေရပ်တချို့ နလံထူခဲ့ကြပါပြီ။

နာ တုန်းက မျှသူတွေ ကြောင့်ပါ။

သာ ခါမှ၊ သဒ္ဓါ ယုံကြည်ချက်အရဆိုတဲ့ မူ နဲ့ လူ ကိုတော့!!!!!!!!


အစ ကောင်းမှ အနှောင်း သေချာ။

လက်ဦးဆရာ မည်ထိုက်စွာ???

လာရာက ဘယ်ကလာပါသနည်း?

သူရဲ့ လားရာက ဘယ်သို့နည်း???

သူဌေးသားလို အရွေးမှားလျှင်ဖြင့်

ခရီးပေါက်လျှင် ပေါက်ချင်ပေမယ့် အရွေ့တော့မဖြစ်ပါ။ရူပဗေဒသင်ရိုး။ အရွေ့ displacement နှင့် ပေါက်ရောက်သောခရီး distance travelled။ခရီးတော့သွားပါရဲ့ မူလနေရာချည်းပြန်ပြန်ရောက်နေလျှင် ဝိုင်းကြီးပတ်ချာလည်၊ခုခေတ်အပြော**တိုင်ပတ်နေပါပြီ**။

သူ့ရဲ့ လားရာဟု ထည့်သွင်း သုံးခဲ့ခြင်းဖြစ်ပါသည်။ဦးဖြိုးက ရှိတာလေးနဲ့ မျှ အောင်စား၊ ပိုင်သမျှလေ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page