top of page
Search

ဆေးလှုပ်သောက်ပါဘူးလက် ေဆးလႈပ္ေသာက္ပါဘူးလက္

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 3, 2019
  • 1 min read

ree

ေဆးလႈပ္ေသာက္ပါဘူးလက္

ဒီေန႔ဘူးလက္ရဲ႕အင္တာဗ်ဴးမွာသူတို႔၂၀၂၀မွာပါတီေတြေပါင္းၿပီးNLD ကိုႏိုင္ေအာင္လုပ္မယ္။မန္ယူကိုႏိုင္ေအာင္ဝိုင္းကန္သလိုေပါ့ဘာညာဆိုၿပီးထေျပာပါတယ္။

ဘူးလက္ဟာသတင္းစာရွင္းလင္းပြဲကဗိ္ုလ္ခ်ဳပ္ထြန္းထြန္းညီၿပီးရင္NLD ကိုမဲဆြယ္ေပးေနသူပါ။ပထမဆံုးေျပာခ်င္တာကမန္ယူကိုယွဥ္ကန္တဲ့အသင္းေတြကအာဆင္နယ္တို႔ခ်ာလ္ဆီးတို႔လီဗာပူးတို႔ပါ။ယခုNLD နဲ႔ယွဥ္ၿပိဳင္မဲ့ပါတီေတြကအဲ့ဒီလိုလီဗာပူးတို႔ခ်ဲလ္ဆီးတို႔မဟုတ္ပါ။ဘာနဲ႔တူလဲဆိုေတာ့NLD ကမန္ယူဆိုရင္ဖြတ္ပါတီက ျမန္မာေဘာလံုးအသင္းအဆင့္ပါ။မ်ိဳးခ်စ္စိတ္အျပည့္နဲ႔ကန္လဲမႏိုင္ပါ။လူခ်ရင္ေတာင္မႏိုင္ႏိုင္ပါ။ဒိုင္လူႀကီးကမန္ယူတစ္သင္းလံုးကိုအနီကတ္ျပရင္ေတာ့တစ္မ်ိဳးေပါ့။

ဒီေနရာမွာထင္ေနတာကဖြတ္ပါတီမိုလို႔မႀကိဳက္တာပါတီနာမည္ေျပာင္းရင္ႏိုင္ႏိုင္မယ္လို႔ထင္ေနပါတယ္။ယခုလူေတြျဖစ္ေနတာကတပ္ထြက္ဆိုဘယ္သူ႔ကိုမွျပည္သူေတြကမဲမေပးခ်င္ပါ။ပံုရိပ္ျပႆနာပါ။ဒီမိုစစ္စစ္ေျခဥျပင္ေပးလိုက္ရင္ေတာ့ဒီေန႔ဆူးေလဘုရားကလူအုပ္ဟာေသးေသးေလးျဖစ္သြားမွာပါ။ဒါမွမဟုတ္ရင္ေတာ့ဦးေရႊမန္းမကလို႔သိၾကားမင္းကပါတီေထာင္ရင္ေတာင္သိၾကားမင္းကNLD ကိုဆန္႔က်င္ရင္မဲရမွာမဟုတ္ပါ။

ဖြတ္အခ်ိဳ႕ကလူေတြကစီးပြားေရးမေကာင္းလို႔သူတို႔ကိုမဲေပးမယ္ထင္ေနသူမ်ားလဲရွိပါတယ္။စီးပြားေရးမေကာင္းတာကဖြတ္နဲ႔ဖြတ္ႏြယ္ခ႐ိုနီမ်ားပါ။သာမန္လူမေကာင္းတာရွိႏိုင္ေပမယ့္သူခိုးေတြေလာက္ေတာ့စီးပြားမပ်က္ပါ။

ၾကားျဖတ္နဲ႔စည္ပင္ေရြးေကာက္ပြဲမွာမဲလာေပးသူနည္းၿပီးNLD ေယာင္ေယာင္ပညာရွင္ေယာင္ေယာင္ေတြနဲ႔ယွဥ္တာေတာင္NLD ကႏိုင္ပါတယ္။ယခု၂၀၂၀ဟာယခင္ၾကားျဖတ္ေတြထက္မဲေပးသူပိုမ်ားဖို႔သာရွိပါတယ္။သာမန္ျပည္သူကသူ႔အိမ္ေရွ႕ကလမ္းေတြေကာင္းလာတာ၊ရြာထဲကလမ္းေတြေကာင္းလာတာသိပါတယ္။ဒီေလာက္မီတာခတက္ေကာက္ခဲ့တာေတာင္မွ၂၀၀၇ေရႊဝါေရာင္လိုမျဖစ္ဘဲျဖတ္ေက်ာ္ျပလိုက္တာဟာေဒၚေအာင္ဆန္းစုၾကည္ရဲ႕ပါဝါဟာမည္မွ်ႀကီးလဲဆိုတာကိုျပတာပါ။ကမ႓ာ့သမိုင္းမွာဘယ္ဒီမိုအသြင္ေျပာင္းလက္ထက္မွာမမီတာတက္တာတို႔၊ဆီေစ်းတက္တာတို႔ဆိုမရပါ။ယခုဟာကသူမပါဝါအင္မတန္ႀကီးတာကိုျပပါတယ္။

ဒါေၾကာင့္ျပည္မမွာသူမပါတီကႏိုင္မွာေသခ်ာပါတယ္။ဖြတ္ေတြယခင္ကႏိုင္ခဲ့တဲ့ၿမိဳ႕ေတြမွာမဲမခိုးႏိုင္ေအာင္က်ပ္ႏိုင္ရင္သူတို႔ထံကမဲရပါမယ္။တိုင္းရင္းသားေဒသရခိုင္နဲ႔ရွမ္းမွာအနည္းငယ္နည္းႏိုင္ပါတယ္။ဒါေပမယ့္ရွမ္းပါတီနဲ႔မဟာမိတ္လုပ္ရင္ဖြတ္ေတြယခုရထားတဲ့ေနရာေတြကိုႏိုင္ႏိုင္ပါတယ္။

အိမ္မက္ကေတာ့မက္လို႔ရပါတယ္။လူေကာင္းလဲအိမ္မက္မက္သလိုအ႐ူးကလဲအိမ္မက္မက္ႏိုင္ပါတယ္။မန္ယူကိုႏိုင္ေအာင္ကန္လိုရင္အာဆင္နယ္တို႔၊လီဗားပူးတို႔၊ခ်ဲလ္ဆီးတို႔လိုမန္ယူကိုယွဥ္ႏိုင္တဲ့အသင္းေတြျဖစ္ရပါမယ္။ျမန္မာလီခ္ကအသင္းေတြျဖစ္တဲ့ဖြတ္ပါတီတို႔၊အမ်ိဳးသားေရးပါတီတို႔နဲ႔ေတာ့မႏိုင္ႏိုင္ပါလို႔ေျပာပါရေစ။ႏိုင္ခ်င္ရင္ေတာ့ေဆးလႈပ္ေသာက္ပါဘူးလက္။

Photo credit: People media

Unicode version

ဆေးလှုပ်သောက်ပါဘူးလက်

ဒီနေ့ဘူးလက်ရဲ့အင်တာဗျူးမှာသူတို့၂၀၂ဝမှာပါတီတွေပေါင်းပြီးNLD ကိုနိုင်အောင်လုပ်မယ်။မန်ယူကိုနိုင်အောင်ဝိုင်းကန်သလိုပေါ့ဘာညာဆိုပြီးထပြောပါတယ်။

ဘူးလက်ဟာသတင်းစာရှင်းလင်းပွဲကဗိ်ုလ်ချုပ်ထွန်းထွန်းညီပြီးရင်NLD ကိုမဲဆွယ်ပေးနေသူပါ။ပထမဆုံးပြောချင်တာကမန်ယူကိုယှဉ်ကန်တဲ့အသင်းတွေကအာဆင်နယ်တို့ချာလ်ဆီးတို့လီဗာပူးတို့ပါ။ယခုNLD နဲ့ယှဉ်ပြိုင်မဲ့ပါတီတွေကအဲ့ဒီလိုလီဗာပူးတို့ချဲလ်ဆီးတို့မဟုတ်ပါ။ဘာနဲ့တူလဲဆိုတော့NLD ကမန်ယူဆိုရင်ဖွတ်ပါတီက မြန်မာဘောလုံးအသင်းအဆင့်ပါ။မျိုးချစ်စိတ်အပြည့်နဲ့ကန်လဲမနိုင်ပါ။လူချရင်တောင်မနိုင်နိုင်ပါ။ဒိုင်လူကြီးကမန်ယူတစ်သင်းလုံးကိုအနီကတ်ပြရင်တော့တစ်မျိုးပေါ့။

ဒီနေရာမှာထင်နေတာကဖွတ်ပါတီမိုလို့မကြိုက်တာပါတီနာမည်ပြောင်းရင်နိုင်နိုင်မယ်လို့ထင်နေပါတယ်။ယခုလူတွေဖြစ်နေတာကတပ်ထွက်ဆိုဘယ်သူ့ကိုမှပြည်သူတွေကမဲမပေးချင်ပါ။ပုံရိပ်ပြဿနာပါ။ဒီမိုစစ်စစ်ခြေဥပြင်ပေးလိုက်ရင်တော့ဒီနေ့ဆူးလေဘုရားကလူအုပ်ဟာသေးသေးလေးဖြစ်သွားမှာပါ။ဒါမှမဟုတ်ရင်တော့ဦးရွှေမန်းမကလို့သိကြားမင်းကပါတီထောင်ရင်တောင်သိကြားမင်းကNLD ကိုဆန့်ကျင်ရင်မဲရမှာမဟုတ်ပါ။

ဖွတ်အချို့ကလူတွေကစီးပွားရေးမကောင်းလို့သူတို့ကိုမဲပေးမယ်ထင်နေသူများလဲရှိပါတယ်။စီးပွားရေးမကောင်းတာကဖွတ်နဲ့ဖွတ်နွယ်ခရိုနီများပါ။သာမန်လူမကောင်းတာရှိနိုင်ပေမယ့်သူခိုးတွေလောက်တော့စီးပွားမပျက်ပါ။

ကြားဖြတ်နဲ့စည်ပင်ရွေးကောက်ပွဲမှာမဲလာပေးသူနည်းပြီးNLD ယောင်ယောင်ပညာရှင်ယောင်ယောင်တွေနဲ့ယှဉ်တာတောင်NLD ကနိုင်ပါတယ်။ယခု၂၀၂၀ဟာယခင်ကြားဖြတ်တွေထက်မဲပေးသူပိုများဖို့သာရှိပါတယ်။သာမန်ပြည်သူကသူ့အိမ်ရှေ့ကလမ်းတွေကောင်းလာတာ၊ရွာထဲကလမ်းတွေကောင်းလာတာသိပါတယ်။ဒီလောက်မီတာခတက်ကောက်ခဲ့တာတောင်မှ၂၀၀၇ရွှေဝါရောင်လိုမဖြစ်ဘဲဖြတ်ကျော်ပြလိုက်တာဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝါဟာမည်မျှကြီးလဲဆိုတာကိုပြတာပါ။ကမ႓ာ့သမိုင်းမှာဘယ်ဒီမိုအသွင်ပြောင်းလက်ထက်မှာမမီတာတက်တာတို့၊ဆီစျေးတက်တာတို့ဆိုမရပါ။ယခုဟာကသူမပါဝါအင်မတန်ကြီးတာကိုပြပါတယ်။

ဒါကြောင့်ပြည်မမှာသူမပါတီကနိုင်မှာသေချာပါတယ်။ဖွတ်တွေယခင်ကနိုင်ခဲ့တဲ့မြို့တွေမှာမဲမခိုးနိုင်အောင်ကျပ်နိုင်ရင်သူတို့ထံကမဲရပါမယ်။တိုင်းရင်းသားဒေသရခိုင်နဲ့ရှမ်းမှာအနည်းငယ်နည်းနိုင်ပါတယ်။ဒါပေမယ့်ရှမ်းပါတီနဲ့မဟာမိတ်လုပ်ရင်ဖွတ်တွေယခုရထားတဲ့နေရာတွေကိုနိုင်နိုင်ပါတယ်။

အိမ်မက်ကတော့မက်လို့ရပါတယ်။လူကောင်းလဲအိမ်မက်မက်သလိုအရူးကလဲအိမ်မက်မက်နိုင်ပါတယ်။မန်ယူကိုနိုင်အောင်ကန်လိုရင်အာဆင်နယ်တို့၊လီဗားပူးတို့၊ချဲလ်ဆီးတို့လိုမန်ယူကိုယှဉ်နိုင်တဲ့အသင်းတွေဖြစ်ရပါမယ်။မြန်မာလီခ်ကအသင်းတွေဖြစ်တဲ့ဖွတ်ပါတီတို့၊အမျိုးသားရေးပါတီတို့နဲ့တော့မနိုင်နိုင်ပါလို့ပြောပါရစေ။နိုင်ချင်ရင်တော့ဆေးလှုပ်သောက်ပါဘူးလက်။

Photo credit: People media

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page