top of page
Search

ဆူဒန်ကပြောသော NUG, CRPH နှင့် PDF အရေးပါမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2023
  • 1 min read

လွန်ခဲ့တဲ့ရက်ပိုင်းက ဆူဒန်မှာ စစ်တပ်အချင်းချင်း ထချတာ အားလုံးသတိထားမိမှာပါ။ ဒါဆိုရင်အချို့က ဒါဟာဒီမိုအတွက်လား မေးစရာရှိပါတယ်။ ဆူဒန်မှာ အာဏာသိမ်းတာက စစ်တပ်နဲ့ပျူပေါင်းပြီးအာဏာသိမ်းခဲ့တာပါ။ ဆူဒန်ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ ဆူဒန်မှာရွေးကောက်ခံအစိုးရမရှိသလို လွှတ်တော်လဲမရှိခဲ့ပါ။

အမေရိကန်နဲ့ အာဖရိကသမဂ္ဂက ဝင်စေ့စပ်ပေးလို့ အရပ်သားကို ဝန်ကြီးချုပ်ပေးထားပေမယ့် တကယ့်အာဏာက ဆူဒန်ကာချုပ်ထံမှာပါ။ ယခုက ဒီမိုလမ်းပြမြေပုံအတွက် ပျူကိုဖျက်ပြီး စစ်တပ်ထဲဖွဲ့စည်းပုံပြင်ဖို့လုပ်ရာမှာ ပျူခေါင်းဆောင်က ဒုတပ်ချုပ်ဖြစ်နေလို့ သူ့ခုံကိုထိလို့ တိုက်ရာက ပစ်ကြတာပါ။ ဒါပေမယ့် သေချာတာက သူတို့နှစ်ဖွဲ့စလုံးဟာ ဒီမိုနိုင်ငံလုပ်ဖို့ အစီအစဉ်မရှိဘဲ အချင်းချင်းအာဏာလုဖို့သာ ထချကြတာပါ။ ယခုအချိန်မှာ ဆူဒန်ပြည်သူတွေအတွက် ကယ်စရာအဖွဲ့မရှိခဲ့ပါ။အရပ်သားအစိုးရက တရားဝင်ရွေးကောက်ထားတာမဟုတ်သလို လွှတ်တော်မရှိလို့ အမေရိကန်က ဝင်ပြီးရင်ကြားစေ့ရတာလဲ ခက်နေခဲ့ပါတယ်။ ဆူဒန်ဟာ ၂၀၁၉ ထဲက ၂၀၂၃ အထိ အချိန်တွေ အလကားဖြစ်ခဲ့ရပါတယ်။

မြန်မာမှာက တရားဝင်ပြည်သူ့အစိုးရ NUG ရှိခဲ့သလို လွှတ်တော် CRPH လဲရှိနေခဲ့ပါတယ်။ ဒါတွေကအရေးကြီးသလို မအလနားလည်တဲ့စကားကိုပြောနိုင်တဲ့အဖွဲ့က PDF ပါ။ PDF ဟာ ၂၀၂၃ မှာသက်တမ်း ၂ နှစ်ဖြစ်ခဲ့ပြီး လက်နက်အင်အားနဲ့ တိုက်ရည်ခိုက်ရည်ဟာလဲ ၂ နှစ်အတွင်းမှာ အထူးတိုးတက်လာခဲ့ပါတယ်။ဒီနေရာမှာ အချို့က NUG ရဲ့ထောက်ပံ့နိုင်မှု ဘာညာဝေဖန်တာရှိပေမယ့် NUG ရဲ့ PDF ဖြစ်ပေါ်လာ​အောင် ထောက်ပံ့နိုင်မှုကို အေအေ ၂၀၀၉ ခုနှစ် တပ်တည်ဆောက်တာနဲ့ ယှဉ်ကြည့်ရင် စစ်သည်အင်အား၊ လက်နက်အင်အား ဖြည့်တင်းမှု မြန်ဆန်တာဟာ ငြင်းမရတဲ့အချက်ပါ။ PDF ဟာ ပြည်သူတွေအတွက် အားဖြစ်စေပြီး ဆူဒန်မှာလို သုံးစားမရတဲ့ တပ်သာရှိတဲ့အခြေအနေကနေရှောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်၊ အာဆီယံက စေ့စပ်ဆွေးနွေးရင်တောင် လေမဟုတ်ဘဲလက်တွေ့ဆွေးနွေးဖို့ ဖိအားပေးနိုင်တာကလဲ PDF သာပါ။ မအလအကြမ်းဖက်တပ် နားလည်တာဟာလဲ ကြေညာချက်တွေ၊ နိုင်ငံခြားဖိအားတွေမဟုတ်ဘဲ လက်နက်နဲ့တိုက်မယ့် စစ်တပ်သာပါ။ PDF ဟာယခုအချိန်တိုက်တာမဟုတ်ဘဲ နောင်အချိန် တိုင်းပြည်တည်ဆောက်ရာမှာလဲ လက်ရှိအကြမ်းဖက်မအလတပ်ကို အပြီးဖျက်သိမ်းအစားထိုးရာမှာ အရေးပါမှာဖြစ်သလို အာဆီယံ(သို့) တရုတ်ကြောင့် အပစ်ရပ်ရရင်လဲ PDF ဟာ ယခုလက်ရှိ စိုးမိုးထားတဲ့နယ်မြေတွေမှာ အရေးပါလာမှာပါ။

အကျဉ်းချုပ်ရရင် မြန်မာပြည်မှာ ဆူဒန်လိုမဟုတ်ဘဲ NUG, CRPH နဲ့ PDF ရှိနေတာက တိုင်းပြည်အတွက် အဆိုးထဲက အကောင်းလို့ပြောရမှာပါ။ အရေးကြီးဆုံးကတော့ PDF ဟာ ရွေးကောက်ခံအမတ်တွေရဲ့ အမိန့်ကိုနာခံတဲ့ အရပ်သားအမိန့်ကိုနာခံတဲ့ အဖွဲ့ဖြစ်အောင်မွေးထုတ်ဖို့ဖြစ်ပြီးနိုင်ငံရေးသမားတွေဟာ ငါတို့လောက်မတတ်ပါဘူးဆိုတဲ့ လက်ရှိမအလတပ်လို မဖြစ်ဖို့နဲ့လွတ်လပ်ရေးမရခင်ကလို အဖွဲ့များစွာ မကွဲနေဖို့ပါ။ ဒီလိုဖြစ်အောင် လုပ်နိုင်တာကလဲ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေသာလို့သာ ပြောပါရစေ။ တပ်အသစ်ထူထောင်တာ ခက်နိုင်ပေမယ့်စာရေးသူတို့ ပြည်သူတွေက ထူထောင်ခဲ့ပြီမို့ ပြီးအောင်သာ ဆက်လုပ်ပေးကြပါလို့ တိုက်တွန်းပါရစေ။လမ်းမှန်ပေါ်မှာ ဆက်လျှောက်ရင် ပန်းတိုင်ကိုရောက်မှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page