top of page
Search

စရဖက ဒီမိုကိုဘယ်လိုစည်းရုံးသတင်းယူလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 27, 2023
  • 1 min read

အားလုံးဟာ တော်လှန်ရေးသမားတွေပါ။ အချို့က ၈၈ ထဲက ပါခဲ့ကြပါတယ်။ အချို့က နောက်ပိုင်းမှာ ပါလာတာပါ။ သိန်းညွန့်၊ သက်သက်ခိုင်၊ ကိုကိုကြီးတို့က ထင်ရှားလူသိများတဲ့ ဥပမာတွေပါ။ ဦးကိုကိုကြီးဟာ ဒလန်တော့မဟုတ်သေးပါဘူး။

မိုးဟိန်း၊ သိန်းညွန့်၊ ခင်မောင်ဆွေ၊ ယခင်ဇရပ်ပျက်ကလူတွေကတော့ စကစ/မအလနဲ့ ပေါင်းသူတွေပါ။ ဒါဆိုဒီတော်လှန်ရေးမှာ စရဖက ဘာနည်းသုံးသလဲ?

ပုံမှန်မှာ စရဖအနေနဲ့ ဘယ်တပ်ကိုဘယ်သူဦးဆောင်တယ်၊ ဘယ်သူက တပ်ရင်းမှူး၊ ဘယ်သူက စစ်ဒေသမှူးဆိုတာကို စုံစမ်းဖို့က ခက်ပါတယ်။ မြေပြင်က ဖွတ်၊ နန်း၊ ပျူတွေကတဆင့် သတင်းနဲ့တက်လာတာကို စရဖစစ်တိုင်းနေကနေ ပြန်စီစစ်ရတာပါ။ ပြီးရင် သူတို့ရဲ့ အလုပ်အကိုင်၊ ဆွေမျိုးကနေတဆင့် ဖိအားပေးနိုင်တဲ့ နည်းလမ်းတွေကိုရှာရသလို သူတို့ရဲ့ ဖုန်းနံပတ်၊ Facebook၊ telegram အကောင့်တွေကနေလဲ ရှာရပါတယ်။ ဒါကြောင့် ထင်ရှားသူတွေအနေနဲ့က ထိုအရာတွေကနေ သတင်းမပေါက်အောင် လုပ်ဖို့က အရေးကြီးပါတယ်။

ဥပမာ စစ်ကြောင်းမှူး ဘယ်သူက အင်တာဗျူးပေးတယ်ဆိုပါစို့။ ထိုသူရဲ့ မိဘဘယ်မှာနေလဲ၊ မိန်းမကဘယ်မှာလဲ၊မောင်နှမ ဘယ်မှာနေလဲ ဘာလုပ်လဲ စရဖက စုံစမ်းပါတယ်။ ပြည်တွင်းမှာ မိဘကျန်နေခဲ့ရင် စရဖက ဖိအားပေးဖို့ကြိုးစားပါတယ်။ မိန်းမကျန်ခဲ့ရင်လဲ ထိုမိန်းမဖုန်းလိုင်းတွေကို ဖြတ်နားထောင်တာ၊ ထိုမိန်းမကို စည်းရုံးတာ လုပ်ထားပါတယ်။

နောက်တစ်ခုက honey trap လို့ခေါ်တဲ့ မိန်းမနဲ့ ထောင်ဖမ်းစည်းရုံးတာပါ။

နောက်တစ်ခုက အဆိုပါ နိုင်ငံခြားက ဒီမိုဟောပြောသူအချို့နဲ့ သူတို့သားသမီးတွေကို မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားသေးလား စရဖက လိုက်တာပါ။ ကိုင်ထားသေးရင် အထူးသဖြင့် ထိုသူများက အာရှနိုင်ငံတွေမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူမှာနေရင် သူတို့နိုင်ငံကူးလက်မှတ်တိုးချိန် ဖိအားပေးတာပါ။

အချို့က မိမိလိုင်းပေါ်မှာဘယ်သူဘယ်ဝါထုတ်ပြောချိန်မှာ ထိုသူမိန်းမက ဘယ်မှာနေတယ် ဘာညာကနေလိုက်ပြီးစည်းရုံးတာပါ။

အချို့ဒီမိုတွေက မိဘက မြန်မာပြည်မှာကျန်ခဲ့ပြီး စစ်မျိုးစစ်နွယ်တွေပါ။ သူတို့ကိုတော့ စရဖက မိဘကနေတဆင့်ဖိအားပေးပါတယ်။ တခါတလေမှာ သမီးဘယ်ရောက်နေလဲ ဖုန်းခေါ်တဲ့နံပတ်တွေကအစ စရဖကို ပြန်ပေးရပါတယ်။ စရဖကသူတို့ဖုန်းတွေကို ခိုးနားထောင်ပါတယ်။

နောက်တစ်နည်းကတော့ ပြည်တွင်းသတင်းထောက်ကတဆင့်ပါ။ စရဖက ပြည်တွင်းကသတင်းသမားအားလုံးရဲ့ဖုန်းကို hack ထားပါတယ်။ သူတို့က ရန်ကုန်ဘယ်မှာဗုံးဖောက်တယ် အင်တာဗျူးပြီးရင် အဖမ်းခံရတာများပါတယ်။ အင်တာဗျူးကိုလဲ ဘီဘီစီနဲ့ ဆက်ပေးနေတာကို ရင်နာစွာနဲ့ တွေ့နေရပါတယ်။

နောက်ဆုံးနည်းက နိုင်ငံခြားရောက် ကြားခံလူများ၊ ကြားနေသတင်းထောက်များကနေတဆင့် ဒီမိုသတင်းကိုယူတာပါ။ ပြီးရင် စည်းရုံးတာပါ။ အချို့က နိုင်ငံခြား အမေရိကန်က Aung Moe Win လို တော်လှန်ရေး ရောင်ရောင်နဲ့NUG အပုတ်ချအကောင့်၊ သက္ကမိုးညိုအကောင့်ကို စရဖတွေနဲ့ ဝန်းရံပြီး တော်လှန်ရေးကို ပုံဖျက်တာပါ။ အချို့က နိုင်ငံခြားရောက် VOA သတင်းထောက်ဟောင်း၊ BBC သတင်းထောက်ဟောင်းတွေကို အသုံးချပြီး နာမည်ဖျက်ဖို့ ကြိုးစားတာပါ။

ဒါကိုဘယ်လိို ကာကွယ်မှာလဲ။ ERO တွေကတော့ တပ်ရင်းအလိုက်မဟုတ်ဘဲ ပြောခွင့်ရနဲ့ဖြေရှင်းတာတွေ့ရပါတယ်။ NUG အနေနဲ့ကလဲ MOD က ပြောခွင့်ရကိုသုံးတာ အောက်က တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ ဗျူဟာမှူးတွေကိုအင်တာပေးဗျူးရင်လဲ သူတို့မိဘတွေ လွတ်မြောက်နယ်မြေရောက်သူကိုသာ ရွေးခြင်းဖြင့် အားလုံးအန္တရာယ်ကင်းမှာပါ။ သူတို့မျက်နှာကို မပြရင်လဲ ကောင်းပါတယ်။ လူတိုင်း NUG အောက်က PDF ကိုလှူခြင်းဖြင့် တော်လှန်ရေးကို ပံ့ပိုးပေးပါ။ မအလလို အဆိပ်ပင်တွေကို ရေမလောင်းပါနဲ့။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page