top of page
Search

စည်းလုံးကြပါ၏ နောက်ကွယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 25, 2022
  • 1 min read

DASSK ပြောလေ့ရှိတာက ပြည်သူမှာ အားကိုးစရာ ပြည်သူသာရှိတယ်ဆိုတာနဲ့ ပြည်သူသာ အဓိကပါဆိုတာပါ။ နောက်သူအမှုရင်ဆိုင်ချိန်သတိပေးတာက စည်းလုံးကြပါဆိုတာပါ။

စာရေးသူတို့ကို အတွေ့အကြုံအရ ပြည်ပအားဟာ စိတ်ခွန်အားဖြစ်စေပေမယ့် စာရေးသူတို့ထင်သလိုအားမကိုးရဘူးဆိုတာပါ။ ဒါကို စစ်ကိုင်း၊ မကွေးနဲ့ မြန်မာပြည်အနှံ့က PDF တွေက မိမိမိုင်း မိမိထုတ်၊မိမိလက်နက် မိမိထုတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒါကို အာဆီယံ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနဲ့ ရုရှားတို့က အံ့ဩသွားခဲ့ပါတယ်။ မြန်မာလူမျိုးအများစုဟာ ဒါမျိုးတစ်ခါမှ မလုပ်ဖူးခဲ့ကြပါ။ ဘယ်နိုင်ငံကမှလဲ လက်နက်လာမကူခဲ့ပါ(ယူကရိန်းကိုတော့ တန် ၉၀ လက်နက်ပို့ပြီးပါပြီ။) ဒီကြားထဲက မိမိမိုင်းနဲ့လက်နက်ကို သုညကစထုတ်သွားတာ PDF တွေပါ။

လိုအပ်တဲ့ အလှူငွေကိုလဲ ပြည်တွင်းရော ပြည်ပကပါ မရှိရှိတဲ့ကြားက အချင်းချင်း ဝိုင်းလှူပြီးတော်လှန်ရေးကို ထောက်ပံ့ခဲ့တာ ထောက်ပံ့နေတာလဲ တွေ့ရပါတယ်။ ဒါက မအလက ပြည်တွင်းပြည်ပက ဘဏ်တွေကို နည်းမျိုးစုံနဲ့ လိုက်ပိတ်တဲ့ ကြားထဲကပါ။

ဒါပေမယ့် အရေးကြီးဆုံးက စည်းလုံးဖို့ပါ။ ဗကပ အားနည်းသွားတာ နေဝင်းတပ်ကြီးက တအားတော်လို့မဟုတ်ဘဲ သူ့အထဲမှာ ပြိုကွဲသွားလို့ပါ။ ရှမ်း၊ ကချင်၊ ကရင်မှာ လက်နက်ကိုင်အဖွဲ့တွေများစွာရှိတာအားလုံးသတိထားမိမှာပါ။ ဒါကြောင့်လဲ သူတို့တော်လှန်ရေး အဆုံးမသတ်နိုင်သေးတာပါ။

စာရေးသူတို့အားလုံးဟာ မဆလပညာရေး၊ ခင်ညွန့်ပညာရေးအောက်မှာ ကြီးလာလို့ သွေးခွဲရလွယ်တတ်ပါတယ်။ ရေတိုမှာ အဖွဲ့များတာက ပြဿနာမရှိပါ။ မအလကို တိုက်နိုင်လေ ကောင်းလေပါ။ရေရှည်မှာတော့ စာရေးသူတို့အားလုံးဟာ ပြည်မမှာ လက်နက်ကိုင်ရင် NUG အောက်ကသာ ဖြစ်ရပါမယ်။ ဒီကိစ္စဟာ အရေးကြီးလို့ နောက်မှသီးခြားရေးပါ့မယ်။ စည်းလုံးခြင်းဟာ အရေးကြီးပါတယ်။စာရေးသူတို့ ပြည်မက လက်နက်စကိုင်သူမပြောနဲ့ ရှမ်းပြည်က လက်နက်ကိုင်တွေသာ စည်းရုံးခဲ့ရင်ရှမ်းပြည်ကြီးက လွတ်လပ်သွားတာ ကြာပါပြီ။ ဝ၊ TNLA၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်း တောင်နဲ့ မြောက်အားက မနည်းပါ။ သူတို့သာ စည်းစည်းလုံးလုံးတိုက်ခဲ့ရင် မအလတပ် ခွေးဖြစ်နေပါပြီ။ ဒါက အခြားပြည်ပကကြီးကြီးကျယ်ကျယ်တွေမရေးခင် ဥပမာအနေနဲ့ ပြတာပါ။

စာရေးသူတို့ဟာ တော်လှန်ရေးကို လက်တွေ့ကျကျ တော်လှန်ရေးလို စည်းစည်းလုံးလုံးနဲ့ လုပ်သွားရင်အဆင်ပြေမှာပါ။ သူတို့တွေက PDF အတုတွေစဖွဲ့လာတာ နောက်ပိုင်းတွေ့လာပါလိမ့်မယ်။တန်ပြန်ထောက်လှမ်းရေးအချို့လဲ လွှတ်ထားပါတယ်။ NUG ကိုလဲ ဖောင်းထုလာတာ တွေ့လာပါလိမ့်မယ်။ ဒါတွေကို DASSK က ကြိုမြင်လို့ စည်းလုံးဖို့ပြောထားတာပါ။ NUG ဟာ အစိုးရအဖွဲ့ဖြစ်ပြီး သူ့အဖွဲ့ဝင်တွေကို လွှတ်တော် CRPH က လဲလို့ရပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာ တော်လှန်ရေးစိတ်နဲ့စည်းစည်းလုံးလုံး တိုက်ပွဲဝင်ကြပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

2 Comments


ayenyo129
Jan 26, 2022

အကြမ်းဖက်စစ်အာဏာရူးများကို၊အမြစ်ပါမကျန်သုတ်သင်ဖာယ်ရှားရှင်းလင်းရပါမည်။

Like

Myint Soe Oo
Myint Soe Oo
Jan 25, 2022

ဦးမြတ်!!!စကစ ရမ်းကားပြခဲ့ပါသည်။

ပြည်သူက ပြန်ကြမ်းပြလိုက်တော့

မထင်မှတ်ပဲ အငိုက်မိကာ အရှိုက်ထိခဲ့ပါသည်။ဗျုဟာ အမှားကို သိ သွားလောက်ပါပြီ။ဗျုဟာ ပြောင်းမည်ဟု

မြင်မိပါသည်။

ပြည်သူနှင့် ပီဒီအက်ဖ် အင်ယူဂျီ အီးအေအိုတစ်ချို့ခွဲခြားမရ၊တသားတည်းဖြစ်နေမှုအပေါ် သပ်သျှို သင်းခွဲမည့် ဗျုဟာ။

သင်းခွဲ သင်းကွဲအောင်လုပ်တတ်သော အတတ်မှာတော့ တဖက်ကမ်းခတ်ကူးနိုင်သည်ထိ လုပ်တတ်ပါသည်။

~မူးလိုသူကို ဆေးပေး

~အီအီဆိမ့်ဆိမ့်ကြိုက်သူကို ထောပတ်ကျွေး၊ အေးအေး ဆေးဆေး။

သည်နည်းနဲ့ ရှမ်းနဲ့ကရင်မှာ သင်းကွဲတွေပေါ်လာရပါသည်။

ရွှေလိုချင် ရွှေဖြစ်ရမယ်။ ရွှေအစစ်အလား ရွှေကုက္ကိုမှာ ပျော်ပါးနိုင်ပါသည်။

ငွေလိုချင်ရင် ငွေဖြစ်ရမယ်။ ငွေဖြစ်အလွယ်ဆုံးက ဆေး။ ခုခါ ဈေးတွေ‌ေတာင်ကျ နေကြောင်းသိရပါသည်။

သည်လိုနည်းဖြင့် အကျင့်သီလ ဦးစားပေးကျင့်ရမည့်ပုဂ္ဂိုလ်များပင် လှုပ်မရ ရှားမရ။သူတို့အလိုကျ အကျင့်ပျက်ခံကာ က ပြရသည်မှာ အထင်အရှားပါ။ အဖွဲ့အစည်း အဖွဲ့ကြီး နှမ်းခြမ်းကွဲသွားရသည်ထိ အောင်မြင်ခဲ့ပါသည်။


*******************************


သူကြမ်းရင် ကိုယ်ရမ်းမယ် ဗျုဟာ အလုပ်မဖြစ်ကြောင်း သိ လာသောအခါ

ပြည်သူ ဆိုသော စကားတွေ နုတ်က မကြာခဏထွက်လာသည်ကို ခုနောက်ပိုင်း သိသာလာပါသည်။

**ဆင်စီးပြီး မြင်းရံတာကိုသာ ကြည့်လိုပါသည်**

နိမိတ်ပုံပြစကား ဟုသာ မြင်မိပါသည်။

နားမယောင်ရန်လိုပါသည်။

#ဆင်နင်းပြီးမြင်းအကန် ခံခဲ့ရတဲ့ ဘဝတွေကို မမေ့ပြစ်ဖို့။

အလယ်ပိုင်းဒေသက တစ်ချို့သော မြို့တွေမှာ ခုထိ မြန်မာဘီယာနှင့် ရူဘီ ခိုးဝှက် ရောင်း

သောက်သုံးကြတုန်း။မိုင်တယ်လ်ကို လက်တို့ ရောင်းဝယ် ဖောက်ကားကြဆဲ။ ‌ေတာ်ဝင်ကား‌ေတွ ‌ေနပြည်တော်မှသည် မိတ္ထီလာမှတဆင့် ပွင့်ဖြူထိ ဆွဲကောင်းတုန်း။ စီးကြတုန်း။ကုန်တွေ ပို့ကြဆဲ။

လောင်းကစား ဝိုင်းတွေ တချို့ တောနယ်တွေမှာ ချိမ့်ချိမ့်သဲ။

အချိုကြိုက်ကြသူတွေ ရာနုန်းတစ်ခုအနေနဲ့ကိုရိှလျက်ပါ။

ခု လှူနေကြသူအများစုဟာ သွပ်မိုး ထရံကာနဲ့‌ နေ၊ အစားချွေတာပြီး တတ်စွမ်းသမျှဖြင့် ကူနေကြသူများသာဖြစ်ပါသည်။

ကားကောင်းကောင်း စီး၊ တိုက်ကြီးကြီးနဲ့နေ၊…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page