top of page
Search

စစ်အုပ်ချုပ်ရေး ကြေညာအပြီး ဘာထူးသွားလဲ

Writer: Myat Tun Oo
Myat Tun Oo
Feb 15, 2023
1 min read


မအလတက်လာအပြီး မအလတပ်တွေ ရှုံးလာချိန်မှာ ဘူးလက်တို့ NP က ဘောမကျော်မျိုးမင်းတို့ပြောလေ့ရှိတာက မအလက သိပ်ပျော့တယ် ကြမ်းကြမ်းလေး ကိုင်ရမယ် ဘာညာဆိုတာပါ။ သူတို့ကစစ်အုပ်ချုပ်လေးကြေညာပြီး ကြမ်းကြမ်းလေးကိုင်ရင် မအလ နိုင်မယ်လို့ တွက်ထားတဲ့ အုပ်စုပါ။

ဒါဆိုရင် စစ်အုပ်ချုပ်ရေးကြောင့် လူ့အခွင့်အရေး ဆုံးရှုံးသွားလားဆိုတော့ မြန်မာပြည်မှာ မအလအာဏာသိမ်းကထဲက ဘာအခွင့်အရေးမှ မရှိတော့ပါ။ အာဏာမသိမ်းခင်ကလဲ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်ရင် မီးရှို့နေကြပါ။ ဒါကြောင့် ပြည်သူတွေအတွက်က သန်းခေါင်ထက်ပိုပြီး ညဉ့်မနက်တော့ပါ။ နောက်အချို့က စစ်ခုံရုံးတင်ရင် အခွင့်အရေး ဆုံးရှုံးမယ် ပြောပေမယ့် ပုံမှန်တရားရုံးကရောဘာအခွင့်အရေးများ ထူးပေးခဲ့ပါသလဲ။ ဒါကြောင့်သာမန်ပြည်သူအတွက်က စစ်အုပ်ချုပ်ရေးကြောင့်ဘာမှပိုမထူးသွားပါ။ ဒါဆို စစ်ရေး၊ နိုင်ငံရေးအရ ဘာပိုထူးခြားသွားမှာပါလဲ?


နိုင်ငံရေး

အစပိုင်းမှာ NUG က သူနယ်မြေထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာချိန်မှာ မအလရဲ့ လော်ဘီတွေကမေးခွန်းထုတ်တာ၊ သတင်းသမားတွေရဲ့ မေးခွန်းထုတ်တာ ခံခဲ့ရပါတယ်။ အချို့သတင်းသမားတွေကတာဝန်အရမေးတာရှိသလို NUG ကို နှိပ်ကွပ်လိုလို့ မေးသူများလဲ ရှိခဲ့ပါတယ်။ ယခု မအလက ၃၇မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာက နိုင်ငံရေးအရ အဆိုပါနယ်မြေတွေကို မအလက မထိန်းချုပ်နိုင်တော့ဘူးဆိုတာကို တရားဝင် ဝန်ခံလိုက်ရတာပါ။ ဒါက နိုင်ငံရေးအရ သူ့တပ်ထဲမှာ သူကဒီနယ်မြေတွေကို စစ်ရှူံးနေပြီဆိုတာ ဝန်ခံလိုက်ရတာပါ။


စစ်ရေး

ဒါဆိုရင် စစ်အုပ်ချုပ်ရေးကြေညာပြီးတိုက်ရင် မအလက စစ်နိုင်မှာလား? လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး ထိန်းနိုင်တာကို ဘောမတွေက ဥပမာပေးပြီး မအလကို စစ်အုပ်ချုပ်ရေးလုပ်ဖို့ညမြှောက်ပေးလေ့ရှိပါတယ်။ ပထမဆုံးက လှိုင်သာယာက ရန်ကုန်ထဲမှာပါ။ လှိုင်သာယာထဲကို လက်နက်ရောက်ဖို့ နယ်များစွာကို ဖြတ်ရသလို UG ကိုလဲ ဖမ်းလို့လွယ်နိုင်ပါတယ်။ နောက်လှိုင်သာယာက မြို့ပြမိုလို့ ပိတ်လိုက်ရင် လွယ်ပါတယ်။

ယခုစစ်အုပ်ချုပ်ရေးကြေညာတဲ့အထဲမပါတဲ့ ယခင်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မင်းတပ်ကိုဥပမာအနေနဲ့ကြည့်ပါ။ ယခုအချိန်အထိ ၂ နှစ်ကျော်ချိန် မင်းတပ်ကို မအလတပ်က မထိန်းနိုင်သေးပါ။ယခင်က စောမောင်ခင်ညွန့်လက်ထက်၊ သန်းရွှေလက်ထက် စစ်အုပ်ချုပ်ရေးကြေညာချိန်မှာ ဒီမိုတွေလက်ထဲမှာ အပ်တိုတစ်ချောင်းတောင်မရှိပါ။ ယခုအချိန်မှာ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။ယခုက ပုလဲကိုထိန်းဖို့ ယင်းမာပင်၊ မြိုင်၊ ချောင်းဦး၊ ဆားလင်းကြီး၊ ရေစကြိုတို့မှာ မအလက စိုးမိုးမှရပါမယ်။ အဆိုပါနယ်မြေကို စိုးမိုးဖို့က ရန်သူက ၁၀၀ ဆို မိမိလူက ၃၀၀ လောက်နဲ့ ထိန်းချုပ်မှ ရမှာပါ။မအလမှာ တပ်အင်အားမရှိပါ။ အဆိုပါနယ်မြေကို လှမ်းထိန်းဖို့ ပခုက္ကူမှာတောင် ဒစ်လယ်နေပါတယ်။ ထို့အတူ မုံရွာအထက်ကို ထိန်းဖို့ကလဲ နမခတောင် အမြောက်နဲ့ အပစ်ခံနေရလို့ ဗုံးခိုကျင်း စတူးနေရပါပြီ။ ယခင်က ကရင်မှာဖြစ်ရင် အခြားဒေသတွေက ငြိမ်နေလို့ တပ်ရွေ့နိုင်ခဲ့ပေမယ့် ယခုကတကယ်ငြိမ်နေတာက နေပြည်တော်နဲ့ ဧရာဝတီတိုင်းသာ ရှိပါတယ်။ နေပြည်တော်က တပ်ကိုတော့ မနုတ်ရဲပါ။

စစ်အုပ်ချုပ်ရေးမှာ ရွာတွေကိုမီးရှို့ပြီး နယ်ရှင်းလေ့ရှိပေမယ့် ယခုက စစ်ကိုင်းမှာ ထပ်ရှို့စရာ မကျန်တော့ပါ။ စစ်အုပ်ချုပ်ရေးဟာ လေယာဉ်နဲ့သိမ်းစရာ စခန်းမရှိတဲ့နေရာမှာ အလုပ်မဖြစ်ပါ။ နောက် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်ဒေသတွေ အားလုံးနီးပါးက ဝိုင်းတိုက်သလိုဖြစ်နေလို့ တပ်က သိပ်ရွှေ့စရာ နေရာမကျန်ပါ။

အကျဉ်းချုပ်ရရင် နောက်ခြောက်လဟာ မအလနဲ့ ဒီမိုတွေကြား ဘယ်သူနိုင်မလဲဆိုတာ အဆုံးအဖြတ်အတွက် မအလက စစ်အုပ်ချုပ်ရေးနဲ့ စိန်ခေါ်လိုက်တာပါ။ တပ်ထဲမှာ အချောင်ချမ်းသာမယ်ဆိုရင် မအလအာဏာသိမ်းတာကို ထောက်ခံလိုပေမယ့် သေမယ်ဆိုရင်တော့ အာဏာဖီဆန်တာတွေ များလာမှာပါ။ ဘယ်သူနိုင်မလဲဆိုရင်တော့ ဒီပွဲက ပြည်သူသာနိုင်မှဖြစ်မှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page