top of page
Search

စစ်ရေးမှာ ယူကရိန်းကနေ ဘာတွေသင်ယူကြရမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 5 days ago
  • 1 min read

ree

ယူကရိန်းဟာအင်မတန်အဆင့်မြင့်တဲ့နိုင်ငံပါ။ စစ်ဘက်ဆိုင်ရာအသုံးပစ္စည်းတွေ၊ လက်နက်တွေကိုလည်းထုတ်လုပ်နိုင်တဲ့တိုင်းပြည်ပါ။ သူက စစ်ရင်ဆိုင်ရတဲ့အချိန်မှာတော့ သူထက် အင်အားကြီးမားတဲ့ လက်နက်ပိုးကောင်းတဲ့ ရုရှားနိုင်ငံကြီးနဲ့ပါ။ ယူကရိန်းကိစ္စကနိုင်ငံရေးအရ သင်ယူစရာတွေလည်းများစွာရှိခဲ့ပါတယ်။ ယူကရိန်းအရေးက အမေစုရဲ့နိုင်ငံခြား‌ရေးမူဝါဒကောင်းတာကို ထောက်ပြသွားခဲ့ပါတယ်။ ထို့အတူ အနောက်က NGO တွေမြောက်ပေးတိုင်း၊ မီဒီယာမြောက်ပေးတိုင်း ထလုပ်ရင် ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်ဆိုတဲ့အသိကိုလည်း ယူကရိန်းက ပေးခဲ့ပါတယ်။ ဒီနေရာမှာနိုင်ငံရေးကိစ္စမပြောဘဲ ယူကရိန်းကနေ စစ်ရေးအရဘယ်လိုလုပ်နေတယ် ဘာတွေကို သင်ခန်းစာယူစရာအနေနဲ့ ယူရမယ်ဆိုတာ ပြောပြလိုပါတယ်။

စစ်ပွဲတိုင်းမှာ အရှုံးအနိုင်၊ အတိုးအဆုတ်ဆိုတာရှိကြစမြဲပါ။ ရုရှားဟာအစပိုင်းမှာ ယူကရိန်းကို အလွယ်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်လို့ထင်ခဲ့ပေမယ့် ယူကရိန်းကိုတိုက်တာဟာ သူထင်သလောက်မလွယ်မှန်း ယခုအချိန်မှာသင်ခန်းစာများစွာရပြီးသိရှိသွားခဲ့ပါပြီ။ ထို့အတူပဲ ယူကရိန်းဟာလဲ အနောက်ကမြှောက်ပေးတိုင်း ထလုပ်ရင် အချို့ကိစ္စတွေမှာမလိုလားအပ်ဘဲ အိမ်နီးချင်းတွေနဲ့စစ်ဖြစ်ရင်အကျိုးမရှိဘူးဆိုတာကိုလဲ နိုင်ငံရေးသင်ခန်းစာပေးသွားခဲ့ပါတယ်။

ယခုစစ်ပွဲအကြောင်းကိုအဓိကထားပြောကြားလိုပါတယ်။ ပထမဆုံးက ယူကရိန်းက ရုရှားထိုးစစ်ကို တင့်ကားပစ်လက်နက်တွေနဲ့ပြန်ခြိမ်းခြောက်နိုင်လို့ ရုရှားထိုးစစ်ဟာ ထင်သလိုမအောင်မြင်ဘဲတန့်သွားခဲ့ပါတယ်။ ယူကရိန်းဟာစစ်ပွဲအစမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့အားသာခဲ့ပြီး ရုရှားကို တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားနိုင်ငံထဲအထိကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယူကရိန်းက အဝေးပစ်လက်နက်ဒုံးပျံအချို့ရှိခဲ့ပေမယ့် ယခင်သမ္မတ ဘိုင်ဒင်လက်နက်

ရုရှားဟာ စစ်ပွဲမှာစစ်ရေးပစ်မှတ်တင်မဟုတ်ဘဲအရပ်သားပစ်မှတ်တွေကိုပါတိုက်ခိုက်ပါတယ်။ မအလလောက်မဆိုးပေမယ့် ရုရှားက တိုက်တာတော့တိုက်ပါတယ်။ အရပ်သားအိမ်တွေကို မတော်တဆထိတာဖြစ်ဖို့များပါတယ်။  ယူကရိန်းက မောင်းသူမဲ့‌ လေယာဉ်ကို သူတို့ထုတ်လုပ်သလို ရုရှားကလည်းအီရန်ကဒရုံးတွေ ဝယ်ယူပြီးပြန်တိုက်လို့စစ်ပွဲက ဟိုဘက်ဒီဘက် အပြန်အလှန်ဖြစ်နေခဲ့ပြန်ပါတယ်။

ဒီနေရာမှာ ယူကရိန်းရဲ့ပြောင်းလာတဲ့ နောက်ဆုံးဗျူဟာကအင်မတန်စိတ်ဝင်စားဖို့ကောင်းပြီး စာရေးသူတို့တော်လှန်ရေးသမားတွေအားလုံးအ‌နေနဲ့ လေ့လာသင့်တဲ့အရာတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့ ယူကရိန်းက ရုရှားရဲ့အတွင်းပိုင်ကို ထိုးစစ်ဆင်ရာမှာ ရုရှားရဲ့ရေနံချက်စက်ရုံတွေ ရေနံသိုလှောင်ရာ‌ နေရာတွေ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာ သိုလှောင်ရာ နေရာတွေကို အဓိကထားပြန်တိုက်ခိုက်လာတာ တွေ့ရပါတယ်။ အချို့နေရာတွေကတာဝေးပစ်လက်နက်တွေအမြောက်တွေမရောက်ဘဲ ယူကရိန်းထောက်လှန်းရေးက အတွင်းကျကျဝင်ပြီး တိုက်ခိုက်သွားတာပါ။

ဒီနေရာမှာစာရေးသူတို့အနေနဲ့လဲ ယူကရိန်းလိုဒုံးပျံတွေမပိုင်ဆိုင်ပါ။ အင်မတန်အစွမ်းထက်တဲ့ မောင်းသူမဲ့ လေယာဉ်တွေကိုလည်း မပိုင်ဆိုင်ပါ။ ထို့အတူ ရေနံသိုလှောင်ရုံတွေ၊ ဓာတ်ငွေ့သို လှောင်စခန်းတွေကလည်း ရုရှားလောက်တော့ အခိုင်အမာ အများကြီးမရှိပါ။

စာရေးသူတို့ အဖွဲ့တွေနဲ့စဉ်းစားရမှာက ပုံမှန်အတိုင်း တိုက်ခိုက်တာမဟုတ်ဘဲ အ‌ ရေးကြီးပစ်မှတ်ကိုအတွင်းကလူနဲ့သေချာထောက်လှမ်းပြီးတော့ ပစ်ခေတ်တာမျိုးကို လုပ်ရမှာပါ။ ဒီအချိန်မှာစာရေးတူတို့ထိန်းသိမ်းတဲ့နယ်မြေတွေမှာ မအလကပိတ်ထားလို့ဓာတ်ဆီမရနိုင်ပေမယ့် မအလအုပ်ချုပ်တဲ့နေရာမှာတော့ ဓာတ်ဆီတွေ အခြားပစ္စည်းတွေဟာ ရ‌ နေနိုင်ပါသေးတယ်။ အရပ်ဘက်နဲ့စစ်ဘက်ဟာ အပြန်အလှန်သုံးနေလို့ မအလတပ်ရဲ့ ရေနံ/ဓာတ်ဆီသိုလှောင်ရုံမျိုးကို တိုက်ရုံနဲ့ဒီကိစ္စက မပြီးသွားဘူးဆိုတာ အားလုံးသတိပြုဖို့လိုပါတယ်။ ဒီနေရာမှာဓာတ်ဆီဆိုင်တွေကအရပ်သားပစ်မှတ်မဟုတ်ဘဲစစ်ရေးပစ်မှတ်ဆိုတာကို သိရှိနားလည်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ လူ့အခွင့်အရေး အာချောင်အဖွဲ့တွေ၊ သတင်းသမားတွေက ပြည်သူထိခိုက်တယ်အော်ရင် ဘာလုပ်မလဲတော့ စဉ်းစားထားရပါမယ်။

ထို့အတူပါဘဲ မအလရဲ့အရေးပါတဲ့ ပစ္စည်း‌တွေကို ထုတ်လုပ်ရာဌာနတွေ၊ သိုလှောင်ရာ‌ဌာနတွေကလဲ တရားဝင်စစ်ရေးပစ်မှတ်တွေဆိုတာကိုမမေ့ဖို့လိုအပ်ပါတယ်။

ဒီနေရာမှာ  PDF အနေနဲ့မှီခိုတာက အတွင်းက ဖရဲသီးတွေကိုမှီခိုတာများပါတယ်။ ဖရဲသီးတွေကအတွင်းမှာနေတာကြာလာလို့ သူတို့ဟာအထဲကနေ ဖောက်ခွဲပျက်စီးရေးတွေလုပ်ပြီး ကူညီတတ်သူမရှိသလောက်ရှားပါးနေတာတွေ့ရပါတယ်။ ဒါကိုဖျောက်ဖျက်ဖို့က PDF တွေအနေနဲ့ မအလတပ်ထဲဝင် မအလတပ်ယူနီဖောင်းဝတ်ပြီး မိမိအပြင်ကသင်လာတဲ့ ဖောက်ခွဲပျက်စီး‌ရေး နည်းပညာနဲ့ တိုက်ခိုက်မှသာ ရနိုင်မှာပါ။ ဒါတွေကအပြောလွယ်သလောက် လုပ်ရတာခက်တာသိရှိပါတယ်။ ဒါပေမဲ့ လုပ်ဖို့တော့ကြိုတင်ပြင်ဆင်ကြံစည်ထားရပါမယ်။ ဒီလိုကိစ္စတွေပြင်ဆင်ရမှာ မိမိတို့ကတန်ပြန်ထောက်လှမ်းရေးဖွဲ့ပြီး လူကြီးနဲ့အတွင်းဝန်ထောက်ကသာတိုက်ရိုက်ကွပ်ကဲပြီး ထိပ်တန်းလျှို့ဝှက်အနေနဲ့ လုပ်ရပါမယ်။ မိမိနေတဲ့ဒေသက ERO တွေကို မပြောတာကောင်းပါတယ်။ အပြင်ကဆီဆိုင်တွေကတော့ လုပ်ရ ကိုင်ရလွယ်နိုင်ပါတယ်။ လုပ်လိုတဲ့ဆန္ဒပဲလိုပါတယ်။ ဒါတွေကအများပြည်သူနေရာတွေကိုမဟုတ်ဘဲ စစ်ရေးနဲ့ပတ်သတ်တဲ့ ဒါမှမဟုတ်စစ်ဘက်အရပ်ဖက်နှစ်ဖက်သုံးလို့ရတဲ့ပစ်မှတ်တွေကိုသာတိုက်ခိုက်တာပါ။ ဒါကြောင့်တရားဝင် ပစ်မှတ် တွေသာဖြစ်ပါတယ်။

အကျဉ်းချုပ်ကတော့ ပစ်မှတ်‌ရွေးချယ်ရာမှာ ယူကရိန်းလို ရွေးချယ်ဖို့လိုပြီဆိုတာကို ပြောပါရစေ။ ကျန်တာကို သိပ်မစဉ်းစားပါနဲ့။ ရန်ကုန်ကိုသိမ်းရင် ဆီးရီးယားသမ္မတလို အမေရိကန်နဲ့ ကုလက ပိတ်ဆို့တာဖယ်ပြီး လက်ဆွဲနှုတ်ဆက်မှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page