top of page
Search

စစ်တပ်အုပ်ချုပ်လို့တိုးတက်သွားတဲ့တိုင်းပြည်ရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 25, 2019
  • 1 min read

ree

စစ္တပ္အုပ္ခ်ဳပ္လို႔တိုးတက္သြားတဲ့တိုင္းျပည္ရွိလား?

ေျခဥမွာတပ္မေတာ္ဟာႏိုင္ငံေရးမွာဦးေဆာင္ပါဝင္ရမယ္လို႔ေရးထားပါတယ္။ဒါေၾကာင့္စစ္တပ္ဟာႏိုင္ငံေရးမွာပါလို႔တိုးတက္သြားတယ့္တိုင္းျပည္ရွိမရွိေလ့လာၾကည့္ရေအာင္။ျမန္မာျပည္ကေတာ့အဆင္းရဲဆံုးျဖစ္သြားတာသမိုင္းကသက္ေသပါ။စာေရးသူတို႔တပ္မေတာ္ကအားက်တာကအာဆီယံမွာထိုင္းနဲ႔အင္ဒိုနီးရွားရွိပါတယ္။ဒါေၾကာင့္ျမန္မာ့အျပင္ဘက္အာဆီယံကစၿပီးေလ့လာရေအာင္။

အာဆီယံမွာလူတစ္ဦးခ်င္းဝင္ေငြအရအခ်မ္းသာဆံုးတိုင္းျပည္ဟာစင္ကာပူပါ။အားလံုးသိတဲ့အတိုင္းစင္ကာပူဟာ၁၀၀% ဒီမိုမဟုတ္ပါ။ဒါေပမယ့္၂၀၁၈ကမ႓ာ့ဘဏ္ကထုတ္ျပန္တဲ့ကိန္းဂဏန္းအရအခ်မ္းသာဆံုးနံပတ္တစ္ပါ။သူ႔ႏိုင္ငံမွာသူ႔တပ္မေတာ္ကိုလႊတ္ေတာ္ထဲဝင္မထိုင္ခိုင္းထားပါ။တပ္ဟာအစိုးရေအာက္မွာရွိပါတယ္။

ေနာက္ဒုတိယကဘ႐ူႏိုင္းပါ။သူကဘုရင္စနစ္ပါ။သူ႔လႊတ္ေတာ္မွာလဲစစ္တပ္ကဝင္မထိုင္ေနပါ။တပ္ဟာအစိုးရေအာက္ဘုရင့္ေအာက္မွာရွိပါတယ္။

တတိယကေတာ့မေလးရွားပါ။သူလဲဒီမိုစနစ္ျဖစ္ၿပီးစည္းမ်ဥ္းခံအလွည့္က်ဘုရင္စနစ္က်င့္သံုးပါတယ္။တပ္ဟာအစိုးရေအာက္မွာရွိပါတယ္။

စတုတၳကေတာ့ထိုင္းပါ။ထိုင္းဟာမေလးရွားထက္အလားအလာအမ်ားႀကီးရွိသလိုအေမရိကန္နဲ႔စစ္ေရးမဟာမိတ္စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ထိုင္းမွာအာဏာသိမ္းရင္လဲအေမရိကန္ကမၾကာရင္စီးပြားေရးမပိတ္ဆို႔ပါ။ထိုင္းဟာအာဆီယံမွာစင္ကာပူထက္သယံဇာတေရာလူ႔အရင္းအျမစ္ေပါမ်ားေပမယ့္တပ္ကဝင္႐ႈပ္ေနလို႔နံပတ္ေလးသာခ်ိတ္ပါတယ္။

ထို႔အတူပါဘဲတပ္ကိုေျခဥထဲထည့္စြဲခဲ့တဲ့အင္ဒိုနီးရွားဟာ၁၉၉၈မွာဆူဟာတိုဆင္းသြားၿပီး၂၀၀၄မွာတပ္ကလံုးဝထြက္သြားခဲ့ပါတယ္။ဒါေၾကာင့္သူကယခု၂၀၁၈အာဆီယံမွာအဆင့္ငါးေနရာယူထားပါတယ္။သူ႔ဆူဟာတိုလက္ထက္ကေျခဥမွာေတာင္တပ္ဟာဆူဟာတိုေအာက္မွာရွိခဲ့ပါတယ္။ျမန္မာျပည္မွာလိုကန္႔လန္႔မတိုက္ပါ။

ဖိလစ္ပိုင္ဟာလဲအာဏာသိမ္းခဲ့လို႔အဆင္မေျပေပမယ့္ယခုႏိုုးထလာခဲ့ပါၿပီ။

ဗီယက္နမ္နဲ႔လာအိုဟာကြန္ျမဴနစ္စနစ္ျဖစ္ေပမယ့္တပ္ဟာအစိုးရေအာက္မွာရွိလို႔အေမရိကန္ကစီးပြားေရးအရေလွ်ာ့ေပးခ်ိန္မွာတိုးတက္လာခဲ့ပါတယ္။

အာဆီယံရဲ႕တစ္ဦးခ်င္းပွ်မ္းမွ်ဝင္ေငြအနည္းဆံုးကျမန္မာႏိုင္ငံပါ။၁၉၆၂ကေနေနဝင္းအုပ္ခ်ဳပ္ၿပီး၁၉၈၈မွဘေရႊအုပ္ခ်ဳပ္ခါ၂၀၁၆မွဒီမိုတစ္ပိုင္းအစိုးရစအုပ္ခ်ဳပ္တာပါ။ဒါေတာင္တပ္ဟာအစိုးရေအာက္မွာမရွိေသးပါ။ဒါေၾကာင့္ျမန္မာဟာေအာက္ဆံုးမွာပါ။

အာရွမွာတပ္ႀကီးစိုးခဲ့တဲ့ပါကၠစတန္ကိုၾကည့္ပါ။သူထက္ဒီမိုအစိုးရအုပ္ခ်ဳပ္တဲ့အိႏၵိယကအမ်ားႀကီးသာေနပါတယ္။အိႏၵိယရဲ႕လူတစ္ဦးပွ်မ္းမွ်ဝင္ေငြဟာ၂၀၀၉ေဒၚလာရွိၿပီးပါကၠစတန္က၁၅၅၅ေဒၚလာသာရွိပါတယ္။

စာေရးသူေလ့လာခ်က္အရတပ္ကႏိုင္ငံေရးမွာၾကာၾကာဝင္႐ႈပ္ေလတိုင္းျပည္ဟာတိုးတက္သင့္သေလာက္မတိုးတက္ဘဲဆင္းရဲေလျဖစ္ေနပါတယ္။အဆိုပါအေထာက္အထားေတြေၾကာင့္တပ္မေတာ္ဟာအမ်ိဳးသားႏိုင္ငံေရးေရာဘာႏိုင္ငံေရးမွမပါဘဲလႊတ္ေတာ္ကထြက္ၿပီးမိမိအလုပ္မိမိလုပ္တာသာအေကာင္းဆံုးပါလို႔တိုက္တြန္းပါရေစ။

Unicode version

စစ်တပ်အုပ်ချုပ်လို့တိုးတက်သွားတဲ့တိုင်းပြည်ရှိလား?

ခြေဥမှာတပ်မတော်ဟာနိုင်ငံရေးမှာဦးဆောင်ပါဝင်ရမယ်လို့ရေးထားပါတယ်။ဒါကြောင့်စစ်တပ်ဟာနိုင်ငံရေးမှာပါလို့တိုးတက်သွားတယ့်တိုင်းပြည်ရှိမရှိလေ့လာကြည့်ရအောင်။မြန်မာပြည်ကတော့အဆင်းရဲဆုံးဖြစ်သွားတာသမိုင်းကသက်သေပါ။စာရေးသူတို့တပ်မတော်ကအားကျတာကအာဆီယံမှာထိုင်းနဲ့အင်ဒိုနီးရှားရှိပါတယ်။ဒါကြောင့်မြန်မာ့အပြင်ဘက်အာဆီယံကစပြီးလေ့လာရအောင်။

အာဆီယံမှာလူတစ်ဦးချင်းဝင်ငွေအရအချမ်းသာဆုံးတိုင်းပြည်ဟာစင်ကာပူပါ။အားလုံးသိတဲ့အတိုင်းစင်ကာပူဟာ၁၀၀% ဒီမိုမဟုတ်ပါ။ဒါပေမယ့်၂၀၁၈ကမ႓ာ့ဘဏ်ကထုတ်ပြန်တဲ့ကိန်းဂဏန်းအရအချမ်းသာဆုံးနံပတ်တစ်ပါ။သူ့နိုင်ငံမှာသူ့တပ်မတော်ကိုလွှတ်တော်ထဲဝင်မထိုင်ခိုင်းထားပါ။တပ်ဟာအစိုးရအောက်မှာရှိပါတယ်။

နောက်ဒုတိယကဘရူနိုင်းပါ။သူကဘုရင်စနစ်ပါ။သူ့လွှတ်တော်မှာလဲစစ်တပ်ကဝင်မထိုင်နေပါ။တပ်ဟာအစိုးရအောက်ဘုရင့်အောက်မှာရှိပါတယ်။

တတိယကတော့မလေးရှားပါ။သူလဲဒီမိုစနစ်ဖြစ်ပြီးစည်းမျဉ်းခံအလှည့်ကျဘုရင်စနစ်ကျင့်သုံးပါတယ်။တပ်ဟာအစိုးရအောက်မှာရှိပါတယ်။

စတုတ္ထကတော့ထိုင်းပါ။ထိုင်းဟာမလေးရှားထက်အလားအလာအများကြီးရှိသလိုအမေရိကန်နဲ့စစ်ရေးမဟာမိတ်စာချုပ်ချုပ်ထားပါတယ်။ထိုင်းမှာအာဏာသိမ်းရင်လဲအမေရိကန်ကမကြာရင်စီးပွားရေးမပိတ်ဆို့ပါ။ထိုင်းဟာအာဆီယံမှာစင်ကာပူထက်သယံဇာတရောလူ့အရင်းအမြစ်ပေါများပေမယ့်တပ်ကဝင်ရှုပ်နေလို့နံပတ်လေးသာချိတ်ပါတယ်။

ထို့အတူပါဘဲတပ်ကိုခြေဥထဲထည့်စွဲခဲ့တဲ့အင်ဒိုနီးရှားဟာ၁၉၉၈မှာဆူဟာတိုဆင်းသွားပြီး၂၀၀၄မှာတပ်ကလုံးဝထွက်သွားခဲ့ပါတယ်။ဒါကြောင့်သူကယခု၂၀၁၈အာဆီယံမှာအဆင့်ငါးနေရာယူထားပါတယ်။သူ့ဆူဟာတိုလက်ထက်ကခြေဥမှာတောင်တပ်ဟာဆူဟာတိုအောက်မှာရှိခဲ့ပါတယ်။မြန်မာပြည်မှာလိုကန့်လန့်မတိုက်ပါ။

ဖိလစ်ပိုင်ဟာလဲအာဏာသိမ်းခဲ့လို့အဆင်မပြေပေမယ့်ယခုနိုုးထလာခဲ့ပါပြီ။

ဗီယက်နမ်နဲ့လာအိုဟာကွန်မြူနစ်စနစ်ဖြစ်ပေမယ့်တပ်ဟာအစိုးရအောက်မှာရှိလို့အမေရိကန်ကစီးပွားရေးအရလျှော့ပေးချိန်မှာတိုးတက်လာခဲ့ပါတယ်။

အာဆီယံရဲ့တစ်ဦးချင်းပျှမ်းမျှဝင်ငွေအနည်းဆုံးကမြန်မာနိုင်ငံပါ။၁၉၆၂ကနေနေဝင်းအုပ်ချုပ်ပြီး၁၉၈၈မှဘရွှေအုပ်ချုပ်ခါ၂၀၁၆မှဒီမိုတစ်ပိုင်းအစိုးရစအုပ်ချုပ်တာပါ။ဒါတောင်တပ်ဟာအစိုးရအောက်မှာမရှိသေးပါ။ဒါကြောင့်မြန်မာဟာအောက်ဆုံးမှာပါ။

အာရှမှာတပ်ကြီးစိုးခဲ့တဲ့ပါက္ကစတန်ကိုကြည့်ပါ။သူထက်ဒီမိုအစိုးရအုပ်ချုပ်တဲ့အိန္ဒိယကအများကြီးသာနေပါတယ်။အိန္ဒိယရဲ့လူတစ်ဦးပျှမ်းမျှဝင်ငွေဟာ၂၀၀၉ဒေါ်လာရှိပြီးပါက္ကစတန်က၁၅၅၅ဒေါ်လာသာရှိပါတယ်။

စာရေးသူလေ့လာချက်အရတပ်ကနိုင်ငံရေးမှာကြာကြာဝင်ရှုပ်လေတိုင်းပြည်ဟာတိုးတက်သင့်သလောက်မတိုးတက်ဘဲဆင်းရဲလေဖြစ်နေပါတယ်။အဆိုပါအထောက်အထားတွေကြောင့်တပ်မတော်ဟာအမျိုးသားနိုင်ငံရေးရောဘာနိုင်ငံရေးမှမပါဘဲလွှတ်တော်ကထွက်ပြီးမိမိအလုပ်မိမိလုပ်တာသာအကောင်းဆုံးပါလို့တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page