top of page
Search

စစ်တွေကျခဲ့ပြီး ကောလင်းပြန်မရရင် မအလဘာဖြစ်နိုင်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 9, 2024
  • 1 min read

မအလတပ်ဟာ ရှမ်းမြောက်မှာ စစ်ရှုံးခဲ့တာ အားလုံးသိမှာပါ။ မအလက သူစစ်ရှုံးတာဟာ တရုတ်က လူအင်အား၊ နည်းပညာအားနဲ့ ကူတိုက်လို့ဆိုပြီး သူနဲ့ သူ့တပ်အသုံးမကျတာကို တရုတ်ကိုအပြစ်ပုံချပြီး ရုန်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါက ဒီမိုတွေ ယုံဖို့အတွက်မဟုတ်ဘဲ သူ့ထောက်ခံတဲ့ ဘောမတွေအတွက်ပါ။

ရခိုင်ကတော့ ရှမ်းမြောက်လို တရုတ်ကိုလွယ်လွယ်နဲ့ အပြစ်ပုံချဖို့ ခက်ပါမယ်။ ပထမအချက်က ရခိုင်ဟာ တရုတ်ပြည်နဲ့ အဝေးကြီးမှာမိုလို့ပါ။ တရုတ်က ထောက်ပံ့ချင်ရင်တောင် ပထဝီအနေအထားအရ မအလနယ်ကိုဖြတ်ရမှာပါ။ တရုတ်တပ်တွေ ရခိုင်ပြည်မှာ မရှိတာကတော့ ထင်ရှားပါတယ်။ မအလတပ်ဟာ ရခိုင်မှာ ရှမ်းမြောက်လို အမြန်လက်နက်ချနေတာမဟုတ်ပါ။ သူက ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေနဲ့ ခံချခဲ့ပြီး အချို့နေရာတွေမှာ တပ်ရင်းမှူးကျမှ လက်နက်ချတာပါ။ ရခိုင်မှာ AA က ရှမ်းမြောက်မှာလို ခွေးတွေကို ပြည်မကို ပြန်မလွှတ်ဘဲ ဖမ်းထိန်းထားပါတယ်။ နောက် စစ်သင်္ဘောမှာ လူရာချီပြီး မအလတပ်ကျတာက AA နဲ့ ဒီမိုတွေက သတင်းဖြန့်တာမဟုတ်ဘဲ မအလလော်ဘီတွေက ဖြန့်ပြီးလောင်နေသလို တပ်ထဲ စစ်ရုံးထဲမှာလဲ သတင်းအကြီးအကျယ်ဖြစ်ပြီး ကက(ရေ) ထဲမှာလဲ ကမ္ဘာပျက်နေပါတယ်။ ဖြစ်စဉ်ကို အတည်ပြုဖို့က အဆိုပါသင်္ဘောပေါ်ပါသွားတဲ့ တပ်တွေ၊ တပ်မိသားစုတွေနဲ့ကလဲ အဆက်အသွယ်မရသေးပါ။ ဒါက တပ်သမိုင်းမှာ အစုလိုက်အပြုံလိုက်သေတာပါ။

မအလဟာ ရခိုင်မှာ တစ်မြို့ပြီးတစ်မြို့ AA ထံပေးနေရတာပါ။ စစ်တွေဟာ အဝိုင်းခံထားရပြီး ကျဖို့ဟာက AA အပေါ်မှာသာ မူတည်နေပါတယ်။ တရုတ်ကလဲ အပြစ်ရပ်ဖို့တော့ ညှိနေပါတယ်။ စစ်တွေသာ ကျခဲ့ရင် မအလသမိုင်းဟာ စစ်ရှုံးမင်းဖြစ်ပါပြီ။ MNDAA က ကိုးကန့်ကိုပြန်သိမ်းတာက သူ့နယ်သူပြန်ယူတယ်ဆိုပြီး ဘောမလို့ရပေမယ့် ရခိုင်ဟာ ဘယ်အချိန်ကမှ မကျခဲ့လို့ သမိုင်းမှာ ပထမဆုံးစစ်ရှုံးကာချုပ်ပါ။ AA မှာက လက်နက်ရှိလို့ သူက စစ်တွေကိုတက်တိုက်ရင် မအလတပ် ခုခံဖို့ခက်မှာပါ။ ဒါ့အပြင် အမ်းအထိဆင်းလာခဲ့ရင် ဧရာဝတီနဲ့ မကွေးဟာ လုံခြုံရေးစည်းပေါက်မှာပါ။ ဒီနေရာတွေက မြောက်ပိုင်းကနေ စစ်ကိုင်းကို လက်နက်ပေးသလို ခက်နေမှာ မဟုတ်ပါ။

နောက်ကိစ္စက ကောလင်းပါ။ စိတ်ပူသူများကို ပြောလိုတာက စစ်ဆိုတာ အတိုးအဆုတ်ရှိပါတယ်။ KIA ဌာနချုပ်နားကို မအလတပ်က ထိုးစစ်ဆင်ခဲ့တာ ခြောက်လနီးပါးပါ။ ဆုတ်လိုက် တက်လိုက်နဲ့ညနောက်ဆုံးမှာ ထိုးစစ်လန်သွားခဲ့ပါတယ်။ နောက်ထိုးစစ်က ကောင်းတာတွေရှိပါတယ်။ သူထိုးစစ်ဆင်ရင် သူ့စခန်းကိုသွားတိုက်တာမဟုတ်လို့ စောင့်ပြီးတိုက်ရုံပါ။ ဒါကြောင့် ရန်သူဟာ စစ်ကြောင်းနဲ့ ထွက်လာရမှာပါ။ ထိုးစစ်ဆင်တဲ့တပ်အင်အားက ခံစစ်ထက်များလို့ သူ့ကိုစစ်ရေးအရ စောင့်တိုက်ရုံပါ။ ယခု မအလတပ်ဟာ မြို့အစွန်ကိုဝင်သွားပြီး ဝိုင်းတိုက်တာခံရလို့ ပထမစစ်ကြောင်း လန်သွားခဲ့ပါပြီ။ မအလဟာ စစ်တွေကျပြီး ကောလင်းကိုပြန်သိမ်းနိုင်ရင် သူ့ရဲ့ဘောမများကို ပြစရာရှိမှာပါ။

ဒါပေမယ့် မအလအခက်တွေ့မှာက သူ့တပ် စစ်တွေမှာ AA ကို ရှုံးသွားခဲ့ရင် ကောလင်းကိုလဲ ပြန်မရခဲ့ရင် မြွေပါလဲဆုံး သားလဲဆုံးမှာပါ။ မအလသက်တမ်းတိုးထားတာက ခြောက်လပါ။ စစ်တွေကျပြီး ကောလင်းပြန်မရခဲ့ရင် မအလဟာ ခြောက်လခံပါ့မလားလို့ စာရေးသူ အသေအချာ မေးခွန်းထုတ်လိုက်ပါတယ်။ အာဏာသိမ်းသူမရှိပေမယ့် မအလကို အာဏာသိမ်းစရာမလိုဘဲ သူမရှိအောင် လုပ်တဲ့နည်းတွေ ပေါ်လာနိုင်တယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Feb 11, 2024

ဗိုလ်ချုပ်မိုးအောင်က စစ်သင်္ဘောမှာ လူရာချီပြီး ကျတာ အတွက် အပြည့်အဝ တာဝန်ရှိပြီး ချက်ချင်း အလုပ်ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page