top of page
Search

စစ်ကျွန်သာ ခံလိုသူများကို လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 28, 2022
  • 1 min read

စစ်တပ်ပြောင်းမှာလားဆိုတော့ သူတို့အသက်အန္တရာယ်ထိရင်သာ ပြောင်းပါမယ်လို့ ပြောပါရစေ။တရားဟောပြီး ပြောင်းတာထိုင်စောင့်ရင် ဘုရားပွင့်မှရပါမယ်။ အာဏာရှင် နေဝင်းပြီးတော့ နေဝင်းထက်ဆိုးတဲ့ သန်းရွှေတက်လာပြီး သန်းရွှေမသေခင် သန်းရွှေထက်ဆိုးတဲ့ မအလတက်လာတာအားလုံးအသိပါ။ နေဝင်းခိုးသလို နေဝင်းထက် သန်းရွှေ ခင်ညွန့်က ပိုခိုးပြီး သူတို့ထက် မအလနဲ့ မိုးမြင့်ထွန်းတို့က ပိုခိုးပါတယ်။ ပိုလူသတ်ပါတယ်။ ကာချုပ်လေ မောင်မောင်ကျော်ကို ကန်ထရိုက်ကိစ္စမယားငယ်ကိစ္စနဲ့ဖြုတ်ပေမယ့် နောက်တက်လာတဲ့ကာချုပ်လေက မယားငယ်ကို တပ်ထဲက ဗိုလ်ကြီးမမကိုသာ ကိုင်ထားလိုက်ပါတယ်။ မောင်မောင်ကျော်လို အပြင်ထွက်ဆွဲစရာမလိုဘဲ သူ့မိန်းမမေးရင်အမြဲတိုင်းပြည်တာဝန်ကို မရပ်မနား နေ့မအားညမအား စစ်ရုံးထဲမှာ ထမ်းဆောင်နေသည်ပေါ့။ သူက ပိုတောင်ဆိုးသွားပါသေးတယ်။ အောင်သောင်းသားတွေကလဲ အောင်သောင်းထက်တော့ မညံ့စေရပါဘူး။ ထို့အတူ ဖွတ်သိန်းအောင်သားကလဲ တိုင်းမှူးဖြစ်တာနဲ့ DASSK ကို ဘယ်လိုဒုက္ခပေးရမလဲစဉ်းစားနေသူပါ။ စိုးထွဋ်ကလဲ အာဏာအတွက်ဆို သူ့အဖေကို ရဟတ်ယာဉ်ပျက်ကျအောင်လုပ်သူကိုတောင် အာဂတမထားဘဲ ခွင့်လွှတ်နိုင်သူပါ။

ဒါဆိုအောက်က စစ်သားတွေက ဘာလို့သူတို့ခိုင်းတဲ့ မတရားတာတွေကို လုပ်ပြီး စစ်ကျွန်ခံနေကြသလဲ?


  1. သူတို့ခိုးလို့ရမယ်ထင်ပြီး စိတ်ပါတယ့်အုပ်စု

  2. ဦးနှောက်ဆေးခံ နွားအုပ်စု

  3. သေမှာ အဖမ်းခံရမှာ ကြောက်တဲ့ အုပ်စု

  4. အပြင်မှာ လုပ်မစားတတ်တဲ့ ဦးနှောက်မရှိတဲ့အုပ်စု

  5. အတွင်းကနေ သတင်းပေးပြီး ဖြုတ်ချဖို့ စောင့်နေတဲ့ အုပ်စု

  6. CDM လုပ်ဖို့ လမ်းရှာနေတဲ့ အုပ်စုတွေပါ။


အများစု ၈၅% က ၁-၄ အုပ်စုမှာပါပါတယ်။ ၁၅% လောက်သာ ပြောင်းနိုင်တဲ့ အနေအထားပါ။ ခိုးလို့ရမယ်ထင်ပြီး စိတ်ပါတဲ့အုပ်စုက ၂၅% လောက်ရှိပါတယ်။ ဒါကြောင့် သူတို့ကလွဲရင်အခြားအုပ်စုက သူတို့ကို လက်ရှိဖိအားထက် ပိုတဲ့ဖိအားပေးနိုင်ရင် အဖြေတစ်ခုထွက်လာနိုင်ပါတယ်။


ပြည်တွင်းက စစ်တပ်နဲ့ရဲကို ခဏထားလိုက်ပါ။ နိုင်ငံခြားရောက်သံတွေ အထူးသဖြင့် အနောက်အုပ်စုရောက် မြန်မာသံတွေကို လေ့လာကြည့်ပါ။ သူတို့မှာ စစ်သားနဲ့ရဲလို အဖမ်းခံရမှာ အသေခံရမှာကြောက်စရာမလိုပါ။ ဒါကြောင့်အများစုက (၁-၄) အုပ်စုထဲမှာပါ။ စစ်ကျွန်သာခံလိုသူများပေါ့။ သူတို့က အပြင်မှာလုပ်မစားတတ်တဲ့ ဦးနှောက်မရှိတဲ့ စစ်ကျွန်သာခံတတ်တဲ့အုပ်စုတွေပါ။


ဒါဆိုရင် Non CDM ဆရာဝန်၊ ပညာရေး၊ အုပ်ချုပ်ရေးဝန်ထမ်းတွေကို လေ့လာကြည့်ရင် သူတို့အများစုကလဲ ၁-၄ အုပ်စုမှာပါနေတာ တွေ့ရပါတယ်။ အချို့ PDF စိုးမိုးတဲ့နေရာတွေမှာတောင် အခြားအလုပ်မလုပ်တတ်လို့ ပင်စင်မရမှာကြောက်လို့ဆိုပြီး မအလက ပြန်လာဖို့ခေါ်ချိန်မှာ ပြန်လာသူ စစ်ကျွန်ဝန်ထမ်းတွေ ချင်းနဲ့ ကယားမှာရှိကြပါတယ်။

နောက်ရပ်ကျေးထွေအုပ်တွေပါ။ သူတို့ဟာ ဒီလောက်အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ကြားက မအလအောက် စစ်ကျွန်ခံနေတာကိုကြည့်ရင် သူတို့ဟာဘယ်သူတွေ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာထင်ရှားပါတယ်။ သူတို့ကတော့ နံပတ် ၁ အုပ်စုကလူတွေအများစုပါ။

ဒီစစ်ကျွန်ဆက်ခံနေသူတွေကို (NUG ကို သတင်းပေးနေသူကလွဲရွေ့ ) ကျွန်စိတ်ပျောက်အောင်က ခိုးလိုသူတွေ ခိုးမရအောင် လုပ်ပေးတာ၊ ဦးနှောက်မရှိသူကို ပညာပေးတာ၊ မအလက ဖမ်းမှာ သတ်မှာကိုကြောက်သူတွေကိုတော့ မအလထက်ကြီးနဲ့ဖိအားပေးတာ၊ အပြင်မှာလုပ်မစားတတ်သူကို မက်လုံးပေးတာတွေနဲ့တော့ ကြိုးစားစည်းရုံးကြည့်ရမှာပါ။ ဒါပေမယ့် အုပ်ကြီးတွေကို မုန့်ဟင်းခါးကျွေးတာကိုယခုထက်အရှိန်မြှင့်လုပ်ပြနိုင်ရင်တော့ စစ်ကျွန်ခံချင်သူတွေတွေ ကျွန်စိတ်များပျောက်လာမလား မသိပါလို့ပြောပါရစေ။ ခက်တာက လောက်ဆိုတာက ချီးတွင်းထဲမှာ ပျော်တတ်ပါတယ်။ အချို့က ချီးတွင်းကို ကမ္ဘာထင်နေရင်လဲ လောက်ကို လောက်လိုသာ ရှင်းရမှာပါ။ စာရေးသူတို့အနေနဲ့ တော်လှန်ရေးကိုတော်လှန်ရေးလိုတွေးပြီး တော်လှန်ရေးလိုလုပ်ရင် နိုင်မှာပါ။ စာရေးသူတို့က အမေရိကန်စစ်တပ်လိုလက်နက်မရှိ၊ ငွေမရှိဘဲ အာရှမှာနေနေတယ်ဆိုတာကို မမေ့ပါနဲ့။ မြန်မာလိုတွေးပြီး မြန်မာစိတ်နဲ့ စစ်ကျွန်တွေ ဘာကြောက်တတ်လဲတွေးပြီး တိုက်နိုင်ရင် တော်လှန်ရေးက အောင်မှာပါ။ အင်္ဂလိပ်တော်လှန်ရေးနဲ့ ပြင်သစ်တော်လှန်ရေးမတူသလို ပြင်သစ်နဲ့ ရုရှားတော်လှန်ရေးက မတူခဲ့ပါ။ ဒါကြောင့်စာရေးသူတို့ဟာ စစ်ကျွန်တွေ ဘာကြောင့်ကျွန်ခံနေလဲဆိုတာကို မြန်မာလိုတွေးပြီး မြန်မာနည်းနဲ့ တိုက်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Feb 28, 2022

အုပ်စု ၄, ၅ က်ုကြိုဆိုရပါမယ်

ကျမတို့လို့ အငြိမ်းစားတွေလဲ

ပါဝင်ဖို့လိုအပ်တယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page