top of page
Search

စကားပြောသော ဖိနပ်လေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 24, 2021
  • 1 min read

မအလဟာ အာဏာသိမ်းတာကို သူ့အမာခံတပ်များနဲ့စရဖကို အခြေခံပြီး လုပ်သွားခဲ့ပါတယ်။ မတိုင်ခင်ကတော့ တပ်ထဲမှာ မိသားစုတွေခေါ်ထားဖို့ ဘာညာရွေးကောက်ပွဲမတိုင်ခင်က စာထုတ်ပါတယ်။ယခု ဆန္ဒပြပွဲတွေ CDM တွေကြုံလာချိန်မှာ တပ်အားလုံးနီးပါးကို ထုတ်သုံးနေရပါပြီ။

နောက်ပိုင်းမှာ ရဲအင်အား အများအပြားလိုတာရယ် ပစ်ခိုင်းရင် တပ်ကိုသိက္ခာမကျအောင်ဆိုပြီးစစ်သားတွေကို ရဲဝတ်စုံ ဝတ်ခိုင်းပြီး နှိမ်နင်းဖို့ ကြိုးစားပါတယ်။ ယူနီဖောင်းအသစ်တွေ ချုပ်ရလို့အချိန်ယူရပါတယ်။ ယူနီဖောင်းကို သောင်းချီချုပ်နိုင်ပေမယ့် ဖိနပ်ကတော့ အချိန်တိုအတွင်း သောင်းချီရဖို့ ခက်ပါတယ်။ ဒါ့ကြောင့် ရဲတွေဟာ စစ်သားဖိနပ်ဖြစ်နေတာပါ။

ယခုဗျူဟာက CDM ကို အင်အားသုံးဖြိုခွဲဖို့ပါ။ ဆေးရုံတွေမှာ စစ်ဆေးကလာလုပ်မယ် ဘာဘညာကြွေးကြော်ပေမယ့် သူတို့က အရပ်သားလို ဘက်စုံ ကျွမ်းကျင်မှုမရှိလို့ လုပ်မရပါ။ နောက် ဆရာဝန်ရဲ့သဘောအရ လစာသိပ်ရတာမဟုတ်ဘဲ စေတနာနဲ့ လုပ်နေကြတာပါ။ ဒါ့ကြောင့် သူတို့ကို လစာမပေးဘာညာ ခြိမ်းခြောက်လို့မရပါ။ အခြားဌာနက ဝန်ထမ်းတွေဟာလဲ ရဲရဲတောက် ဆန့်ကျင်နေတာကိုမအလ တွေ့နေရပါတယ်။

နောက်သူခန့်တဲ့ ရပ်ကျေးထွေအုပ်တွေက နုတ်ထွက်စာတင်လို့ အရပ်ဖက်အုပ်ချုပ်ရေးဟာ အသက်မဝင်ပါ။ ဒါက အဓိက ကျပါတယ်။

ဒီမိုတွေအနေနဲ့ ဗျူဟာမှာ တစ်ခုစဉ်းစားရမှာက ပြည်သူတွေကို ဖိနှိပ်နေတဲ့ မြို့နယ်ရဲစခန်းတွေကို ဘာလုပ်မလဲဆိုတာပါ။ သူတို့ဟာ ညအချိန်ဝင်ဖမ်းရာမှာ အဓိကကျနေပါတယ်။ သူတို့က နယ်မြေသိလို့ပါ။ရခိုင်မှာကတော့ လက်နက်ရှိလို့ ရဲကို လက်နက်နဲ့ ဖြေရှင်းသွားတာပါ။ စာရေးသူတို့တိုင်းပြည်ကတော့ငြိမ်းချမ်းစွာလုပ်နေလို့ ဘယ်လိုရင်ဆိုင်မလဲ နည်းလမ်းရှာသင့်ပါတယ်။

ယခုအချိန်မှာ စင်ကာပူဘဏ်မှာ ထားထားတဲ့ ဒေါ်လာ ၅.၅ ဘီလီယံကိုလဲ အမေရိကန်အနေနဲ့ စင်ကာပူကို ဖိအားပေးပြီး ထိန်းချုပ်ခိုင်းဖို့ စဉ်းစားသင့်ပါတယ်။

မအလ မကျပ်တည်းဘူးပြောရင် အဲ့ဒီလူက ဆေးလှုပ်သောက်ဖို့ လိုနေပါပြီ။ ဒီတိုက်ပွဲ ဘယ်လောက်ကြာမယ် မသိပေမယ့် ပြည်သူနိုင်မှ ဖြစ်မှာပါ။ ပြည်သူတွေအနေနဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမျိုးရန်နောင်သိန်း၊ CRPH တို့ရဲ့ ဦးဆောင်မှုကို ခံယူပါ။ သူတို့ကသာ ဆွေးနွေးပါလိမ့်မယ်။ DASSK ဆွေးနွေးပါလိမ့်မယ်။ အခြားဆွေးနွေးရေးအဖွဲ့တွေက ပြည်နယ်တွေမှာ ပြည်သူကို လမ်းလွဲအောင် လုပ်နေတာပါ။

Photo credit and News: Myanmar Now

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page