စိုးဝင်းနှင့်ရာပြည့် ပြေးခဲ့ရသော ဒရုံးများ
- Myat Tun Oo
- 12 hours ago
- 1 min read

နဂါးက မအလထံပြန်ခိုလှုံအပြီးမှာ စိုးဝင်းက အရက်ဖက်လေဆိပ်သုံးပြီး မြစ်ကြီးနားသွားခဲ့ပါတယ်။ လေဆိပ်မှာ စိုးဝင်းနဲ့အဖွဲ့စီးဖို့ရှိတဲ့လေယာဉ်ထိသွားခဲ့ပါတယ်။ စိုးဝင်းလုံခြုံရေးက မအလလုံခြုံရေးနီးပါးကောင်းပါတယ်။ ဒါပေမယ့် ဒရုံးပညာက မြင့်လာနေပုံရပါတယ်။ ဘီဘီစီမြန်မာပိုင်းက စိုးဝင်းကို နောက်ထပ်မပစ်အောင် စစ်သားတွေ အရပ်သားလေယာဉ်သုံးရင် အကာအကွယ်ဖြစ်အောင် အရပ်သားလေယာဉ်လို ပြည်သူတွေထိသလို သတင်းတင်တာပါ။ ဘီဘီစီဟာ ရွေးကောက်ပွဲဝန်ထမ်းနန်းတွေကို အရေးယူတာကိုလဲ အပြစ်မဲ့ပြည်သူလိုမျိုး ပုံဖော်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
မြစ်ကြီးနားနဲ့အပြိုင်ဖြစ်တာက ချင်းမှာပါ။ ချင်းမှာတော့ ရာပြည့်တို့ ဝန်ကြီးအစုံနဲ့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာပါ။ ချင်းဒရုံးကလဲ အလွန်အဆင့်မြင့်ပါတယ်။ ချင်းမှာက မအလတပ်ထဲက ဗျူဟာမှူးနဲ့ ညွှန်မှူးအချို့ ထိခိုက်သေဆုံးမှုရှိပါတယ်။ ဒါက သေချာထိခဲ့တာပါ။ ဒါက ငြင်းမရတဲ့ ဗီဒီယိုဖိုင်တွေရှိပြီး ဒရုံးကာကွယ်ရေး ကျိုးပေါက်သွားခဲ့တာပါ။
ဘာပဲပြောပြော ဒီတော်လှန်ရေးမှာ မအလ၊စိုးဝင်း၊ ရာပြည့်တို့အထိ အကွက်ကျကျ ခြိမ်းခြောက်နိုင်တာက ဂုဏ်ယူစရာပါ။ စစ်တပ်ဟာ အကြမ်းဖက်သမားတွေလို ပြည်သူကို ဓားစာခံလုပ်ပြီး သွားလာမှာပါ။ တော်လှန်ရေးအဖွဲ့တွေကလဲ လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ပြီး ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေ။



Comments