top of page
Search

စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေအဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 28, 2020
  • 1 min read

ပရဟိတအဖွဲ့တွေဟာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်မှာ ပေါ်လာခဲ့ပါတယ်။ အဓိကကတော့စစ်အစိုးရလက်ထက် တိုင်းပြည်ကဆင်းရဲလာပြီး လူတွေက အထောက်အပံ့လိုလာပါတယ်။ ဒါကိုပြည်တွင်းက လူအချင်းချင်းကူညီဖြည့်တင်းကြပါတယ်။ အချို့ဆို နာဂစ်မှာ အစိုးရရဲ့ အဖမ်းခံပြီးလုပ်ခဲ့ကြတာပါ။ အချို့ကို ပြည်ပရောက်မြန်မာများက ကူညီကြပါတယ်။ သူတို့က ပြည်တွင်းကို ကူညီချင်ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကို မယုံလို့ ကြားထဲက မိမိတို့ယုံကြည်တဲ့ အဖွဲ့တွေကတဆင့် လှူကြတာလဲရှိပါတယ်။ သူတို့မယုံဆို နာဂစ်မှာ စစ်အစိုးရက နိုင်ငံခြားကလှူတာတွေကို ဝုန်းသွားတာကို။ထို့အတူဘဲ နိုင်ငံခြားကလှူလိုသူများကတော့ NGO လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေကတဆင့် လှူကြပါတယ်။ ဥပမာ ယခုအီးယူက အလုပ်ပြုတ်တဲ့ အလုပ်သမားတွေကိုပေးတဲ့ မြန်ကူလိုမျိုးပေါ့။

ပရဟိတအဖွဲ့တွေအများစုက တိုင်းပြည်ကို အကျိုးပြုဖို့ပါ။ ဥပမာ ကိုနေမျိုးဇင်၊ ဇာဂနာနဲ့ ကိုကျော်သူတို့ပါ။ သူတို့တွေဟာ ပရဟိတသမား စစ်စစ်တွေပါ။ ဒါပေမယ့် အနည်းစုက လုပ်စားဂွင်အချို့နဲ့ အချို့က နိုင်ငံခြားက ငွေယူပြီး သူတို့ကခိုင်းတဲ့ ဇတ်ကသူတွေလဲရှိပါတယ်။ အချို့အလုပ်သမားအဖွဲ့တွေကအလုပ်သမားကို ကူညီသလိုဖွဲ့ပါတယ်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားသလိုပေါ့။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က မီးပွါးကို မီးတောက်ဖြစ်အောင်လုပ် ဒါမှ မြန်မာပြည်ကို ရင်းနှီးမြုပ်နှံမှုမလာဘဲအနီးနားနိုင်ငံတွေသာ သွားအောင်ပါ။ သူတို့ကို ထိုနိုင်ငံများက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ထောက်ပံ့ပါတယ်။ ဒါဟာလဲ စစ်အစိုးရလက်ထက်မှာက အဆင်ပြေပါတယ်။ ဒီလိုထောက်ပံ့တာဟာရုရှားက အမေရိကန်ကို ပြန်လုပ်ချိန်မှာ ဘာဖြစ်သွားလဲ သိတဲ့အတိုင်းပါ။

ယခုကိုဗစ်ဖြစ်တော့ DASSK က ပရဟိတလူငယ်လေးတွေနဲ့တွေ့ပြီး သူတို့ကူညီရာမှာ လွယ်ကူအောင်အမျိုးသားအဆင့် စေတနာဝန်ထမ်းအဖွဲ့ကို ဖွဲ့ပေးခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်က အင်မတန်မှကောင်းပါတယ်။ သူမက ရိုးသားစွာ ကိုဗစ်ကိုတိုက်ရာမှာနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေကြုံရင်တိုက်ခိုက်နိုင်အောင်ပါ။ လူလိုရင် စနစ်တကျလေ့ကျင့်ပေးပြီးသုံးနိုင်မယ်ပေါ့။

ဒီမှာဘဲ ပြဿနာက စပါတယ်။ ကြေညာချက်မှာ အစထဲက ပါဝင်စာရင်းပေးသူလိုသူတွေသာ ပေးဖို့ပါ။ဘယ်သူ့ကိုမှ မလုပ်မနေရ compulsory registration မဟုတ်ပါ။ ဒီနေရာမှာ နဂိုထဲက ဂွင်အတွက်ပရဟိတလုပ်သူ၊ နိုင်ငံခြားကပိုက်ဆံကို မိမိအိတ်ထဲထည့်နေသူနဲ့ အဘထောင်ထားတဲ့ ပရဟိတာများက မိမိတို့ ပရဟိတကထွက်ကြောင်းဘာညာ လိုင်းပေါ်တင်လာတာတွေ့ရပါတယ်။ ဒါကတော့ လူ့သဘာဝပါ။ တကယ်ထွက်လိုသူအချို့လဲ ရှိကောင်းရှိနိုင်ပါတယ်။

ယခုထက်ပိုတာက လိုင်းပေါ်မှာ ကြေညာချက်မထုတ်တဲ့ ပရဟိတအဖွဲ့တွေနာမည်နဲ့လဲ တက်လာပြီးအသံဆူလာတာပါ။ ထိုအကောင့်များကို လေ့လာရာမှာ အများစုက အကောင့်တုများဖြစ်ပြီး အဘကိုယခင်က ထောက်ခံကြောင်းဝင်ရေးသူများ၊ မဘသများနဲ့ ဖွတ်ပါတီဝင်များပါ။ ဘာကြောင့်အမျိုးသား စေတနာ့ဝန်ထမ်းအဖွဲ့ဖွဲ့တာကို အဘတို့အဖွဲ့က ကြောက်နေတာလဲ?

DASSK မှာက ပြည်သူသာရှိတယ်လို့ စာရေးသူယခင်က ခဏခဏ ရေးခဲ့ပါတယ်။ ယခုလို Q တွေထားဖို့ သန့်ရှင်းရေးလုပ်ဖို့ အစာဝေငှဖို့က လူပေါင်းရာချီလိုပါတယ်။ ပုံမှန်အခြားတိုင်းပြည်တွေမှာ တပ်ကိုခေါ်တယ်ပေါ့။ စာဖတ်သူများ စဉ်းစားကြည့်ပါ။ ပရဟိတတွေက DASSK ရဲ့ ဦးဆောင်မှုအောက်မှာထောင်သောင်း သိန်းချီဖြစ်ခဲ့ရင် သူမဟာ တပ်အကူအညီလုံးဝမလိုတော့ပါ။ ဒီလောက်က အဘက မစိုးရိမ်ပါဘူး။ ဒါဆိုဘာကို ပိုစိုးရိမ်လဲ?

အားလုံးသိတဲ့အတိုင်း တိုင်းပြည်ကိုဆူပူအောင် ဘုန်းကြီးတွေကို ဘယ်သူမြှောက်ပေးနေလဲသိမှာပါ။ပြဿနာတွေဟာ နေရာတိုင်းမှာ လူအုပ်ကိုထိန်းဖို့ လုံခြုံရေးချဖို့ လူလိုပါတယ်။ ဒီအဖွဲ့ဟာ အဘတို့ကိုနှိမ်နင်းမဲ့ DASSK ရဲ့ ပြည်သူ့တပ်မတော်များ ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေးက အဘကို အိပ်မပျော်စေပါဘူး။ အဘတို့ရဲ့ စွမ်းအားရှင်ကို မှတ်မိကြမှာပါ။

တပ်ထဲကိုမဝင်တဲ့ လူငယ်တွေက ပရဟိတလုပ်ပြီး တိုင်းပြည်တည်ငြိမ်အောင် တရားဥပဒေစိုးမိုးအောင်လုပ်ခဲ့ရင် အဘတို့ဂွင်ပျက်ပါပြီ။ DASSK ကတော့ တိုင်းပြည်အတွက်သာ လုပ်တာပါ။အချို့ကိစ္စတွေက အတွေးတွေလွန်ပြီး အဘအိပ်မရဖြစ်ခါ သူ့မွေးစားသားတွေက ကြေညာချက်တွေထုတ်ပြီးအလုပ်ရှုတ်နေကြပါပြီ။

အဘကို ပြောချင်တာက စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေလို့။ အရဟိတတွေက ပြည်သူထဲကညပေါက်ဖွားလာတဲ့ ပြည်သူ့ဘက်တော်သားများသာပါ။ အဘတို့ ကြောက်စရာမလိုပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 29, 2020

ဦးးမြတ်! နာဠာဂိရိအမည်ရှိတဲ့ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ ----ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ---မေတ္တာဓါတ်နဲ့ ဗုဒ္ဓါမြတ်စွာ ဆောင်ကြဥ်းတဲ့ အောင်ခြင်း %% ပုထုဇဥ်=ကိလေသာ ထူထပ်များပြားသူ / အမှန်မမြင်နိုင်၍ မဲမဲမြင်ရာ ဆရာတင် ကိုးကွယ်ခြင်းကြောင့် ဆရာ များသူ။ အန္ဓပုထုဇဥ် = အမိုက်အမဲ ဝရုန်သုံးကား အမှန်ကို အမှားမြင် ထင်ရာစိုင်း၍ ရိုင်းတတ်သူ။ ပုထုဇဥ်လူသားတိုင်း သေမှာ ပျက်မှာ လက်လွတ်ဆုံးရှုံးမှာ ကြောက် ကြပါသည်။ အန္ဓပုထုဇဥ်မှာဖြင့် ဆိုဖွယ်ရာ မရှိ။ အသေ/အပျက်/မရဏ နှင့်အတူ သောက(စိုးရိမ်ပူဆွေးခြင်း) ပရိဒေဝ(တောက်လေင်ကျွမ်းခံရ၍ မျက်ရည်ကျခြင်း) ဒေါမနဿ (စိတ်မှာ မကောင်းသောခံစားချက်များ အပြင်းအထန်ဖြစ်ပေါ်မှုကြောင့် ချမ်းသာမှု မြူတစိမျှ မရှိခြင်း)ဥပယာဿ(ဆင်းရဲလွန်းလှ၍ ရင်ထု ကြမ်းခုန် မြေလူး) နောက်ဆက်တွဲ ဆင်းရဲဒုက္ခများ။ ဘောဂဗျသန ဉာတိဗျသန= စည်းစိမ်ဓနပျက်ဆီးခြင်း ဆိုင်ရာဆွေမျိုးအသိုင်းအဝိုင်းများ ပျက်ဆီးခြင်း(ရာထူး အခွင့်အာဏာ အကျုံးဝင်)။ဒီအပျက်တွေလာရင် လည်း ဖေါ်ပြပါတရားများ အန္ဓပုထုဇဥ်တွေမှာ အလူးအလဲပြူးပြဲနေအောင် ခံစားရပါသည်။ ဒီဆိုးကျိုးတွေ ဘာလို့များ ဖြစ်ပေါ်ပြီး ဒီလောက်ထိ ခံစားရပါသလဲ? ငါနဲ့ယှဥ်သော အစွဲအလန်း(ဥပါဒါန်)ကြောင့် ဖြစ်ရပါသည်။ဥပါဒါန ပစ္စယာ ဘဝေါ။ ဆရာတော်က ဒါယကာကြီး အစွဲဖြုတ်ထား အစွဲမကြီးစေနဲ့ ။#အစွဲကြီးရင်သရဲကြီးဖြစ်တယ်# ဦးမြတ် ပျင်းနေပြီလား! ထပါတော့ ရောင်နီလာလှပေါ့! အရုဏ်ကျင်း လင်း ပါတော့မည်။ ရှင်နေမင်းရဲ့ အလင်းနှင့်အတူ အမှောင်ပျောက်ပါတော့မည်။ လင်းလာသည်နှင့် အရာရာ၏ ပုံပန်းသဏ္ဍာန်မှန်သမျှ ဖုံးကွယ်ထားသမျှ ပင်ကိုယ်အရှိအတိုင်းမြင်တွေ့ရပါတော့မည်။ အမှောင်သည် အလင်းကို လွန်စွာကြောက်ကြပါသည်။ အန္ဓပုထုဇဥ် = အမိုက်အမှောင် ကြိုက်သူများ။ အလင်ရဲ့ရှေပြေး အာရုဏ်တက်ပြီဆိုကတည်းက အမှောင်ကြိုက်အချောင်နှိုက်လိုသူများရဲ့ ရင်တွင်းမှာ #သောကပရိဒေဝဒေါမနဿဥပါယာဿ#။ရင်ထု ကြမ်းခုန် မြေလူး အရူးတစ်ပိုင်း။ မနေနိုင် မထိုင်နိုင် မြို့တော် အယိုင်ယိုင် ဇာတ် ကရရှာပါပြီ။အယိုင်ယိုင်ဇာတ်ကို (ပျက်မှာစိုးရိမ်နေရရှာတဲ့)အမှိုင်မှိုင်ပရိတ်သတ်က ရှိသမျှ အားကလေးနဲ့ အားပေးရှာပါသည်။ဒါပေမယ်လို့ မှိုင်မှိုင်ပရိတ်သာမှာ နောက်ထပ် တိုးများလာဦးမှာလ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page