top of page
Search

ငါ့မယုံ ငါ့မယားမေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 11, 2020
  • 1 min read


ဖွတ်က X ray စက်ကို ဆိပ်ကမ်းအာဏာပိုင်နဲ့ ဂွင်ရိုက်ပြီးထားခဲ့တယ်။ ဦးပိုင်ကလဲ စက်တွေငှါးထားတယ်။ ဂွင်ဘဲ။ NLD ပါတီက စက်ငှါးချင်ရင် ငှါးမလား? စာရေးသူလဲ ဒီလိုဂွင်ကောင်းတဲ့နေရာမှာ စက်ငှါးချင်တယ် ရမလား? ဘာကန်ထရိုက်နဲ့ ငှါးတာလဲ? တင်ဒါခေါ်လား? စာချုပ်က ဘယ်လိုလဲ? ဆိပ်ကမ်းအာဏာပိုင်ညွှန်ချုပ်က နှာစေးနေတယ်။ သူကမသိရင် တာဝန်ပေါ့လျော့လို့ ဖြုတ်လို့ရတယ်။ဒါတွေက တင်ဒါပြန်ခေါ်ရမှာ။ သူက မိုးကျလေ။ နောက်သူက ဒါိရိုက်တာအဖွဲ့ဝင်။ သူက အကျိုးစီးပွါးမရှိဘူးပြောပေမယ့် သူက ဒီလိုစက်တွေရှိတာကို မပြောတာကိုက အကျိုးစီးပွါးကာကွယ်နေတာပါ။ အဲ့ဒီနေရာမှာ NLD ကိုကြိုက်သူကို ညွှန်ချုပ်ထည့်ကြည့်ပါလား။ ဒီစက်တွေကို တင်ဒါစနစ်နဲ့ ပြန်ခေါ်ရင်တောင် နောက်ဆုံးပေါ်စက်တွေရနိုင်သလို အစိုးရရော ပြည်သူရော အဆိုပါအဖွဲ့တွေကို အမြတ်ပေးရတာ နည်းသွားပါမယ်။ ယခုက ပြည်သူက ပစ္စည်းပို့တိုင်း သွင်းတိုင်း မတန်တဆပေးနေရတာပါ။နောက်မြန်မာ့ဆိပ်ကမ်းက ဦးပိုင်ပါတဲ့ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးတာက အဂတိကင်းလား မေးစရာပါ။ ဒေါ်လဲ့လဲ့မော် ခြုံရှင်းတာက ဆိပ်ကမ်းစက်တစ်လုံးဖိုးတောင်မရှိပါ။


ဒါကို ကွီးဖြိုးရဲ့ နာရီလေးတောင် လုပ်ကြံရေးတဲ့ တစ်ပူးမသိ၊ ဧရာဝတီမသိ၊ ခေတ်သစ်မသိပါ။စာရင်းစစ်ချုပ်ကရှာလို့သိတာဖြစ်ပြီး Myanmar Now လို တာဝန်သိ ပြည်သူ့မျက်မှာကြည့်တဲ့ သတင်းဌာနကသာ လိုက်ပေးလို့သိတာပါ။ ယခုသိပါပြီ။ အတွင်းဝန်က ဒီလို ဦးပိုင်မှာ ဆိပ်ကမ်းညွှန်ချုပ်ကဒါရိုက်တာလုပ်နေတာဟာ အကျိုးစီးပွါးမညှိပါလို့ ဖြေသွားခဲ့ပါတယ်။ သူကလဲ မိုးကျလေ။ သူကဆက်ပြီး ရှေ့နေချုပ်ထံက အကြံဉာဏ်တောင်းထားတယ်ပေါ့။ ရှေ့နေချုပ်ကလဲ အားလုံးကောင်းပါသည်ဥပဒေနဲ့ ညီပါသည်လို့ ဖြေမှာပါ။ သူကလဲ မိုးကျလေ။ ဒီညွှန်ချုပ်ဟာ ဒလတံတား ဒီဇိုင်းကို သမိုင်းတရားခံမဖြစ်လိုလို့ ကန့်ကွက်ခဲ့သူပါ။ X ray စက်ကိုတော့ သမိုင်းတရားခံဖြစ်ပါစေပေါ့။


အစိုးရဌာနတွေမှာ ထိပ်ဆုံးကလူတွေအနေနဲ့ ယခုလိုဦးပိုင်မှာသာ ဒါရိုက်တာလုပ် ပိုက်ဆံယူပြီး ရူးချင်ယောင်ဆောင်နေရင် တိုင်းပြည်အင်မတန်မှ နစ်နာပါတယ်။ ဒါကကျင့်ဝတ်ပိုင်း ethic ပိုင်းဆိုင်ရာပါ။နောက်ဒေါ်လဲ့လဲ့မော်ကို ဖမ်းရာမှာလဲ သူမက ငွေယူတာမဟုတ်ဘဲ သူမအိမ်ဝယ်တာက ကာလတန်ဖိုးထက်များတယ်ဆိုပြီးပါ။ ယခုက ဦးပိုင်က ငွေကိုစားနေတာပါ။ ဗြောင်ယူနေတာပါ။ ဒါဟာ လာဘ်ပေးလာဘ်ယူ တစ်မျိုးပါဘဲ။ အဂတိကိုတိုင်ရင်လဲ သူကမိုးကျဖြစ်နေပြန်ပါတယ်။


နိုင်ငံခြားမှာ စာတမ်းဖတ်တာကအစ မိမိက ဘယ်ကုမ္ပဏီမှာ အလုပ်လုပ်တယ် လစာယူရင်လဲယူတယ်ပြောရပါတယ်။ သူခိုးက ခိုးတာမိမ ကျွန်တော်မဟုတ်ပါလို့ပြောတာဟာ စိတ်ထားမမှန်တာကို ပြတာပါ။


အစိုးရမင်းများအနေနဲ့လဲ ဒီကိစ္စကိုအရေးမယူရင် နိုင်ငံခြားက ဦးပိုင်ကို အရေးယူရင် မြန်မာ့ဆိပ်ကမ်းနဲ့ အကောက်ခွန်ပါ ပါလာပါမယ်။ ဒါဆိုရင် မြန်မာ့ဆိပ်ကမ်းနဲ့ အကောက်ခွန်က sanction ထိရင်တိုင်းပြည်သွားပါပြီ။


ယခုကတော့ အောက်ကမိုးကျများဟာ ငါ့မယုံ ငါ့မယားမေးနဲ့ စခန်းသွားနေကြပါတယ်။ တပ်ချုပ်ကိုအရေးယူလို့မရတာလက်ခံပေမယ့် ဒီညွှန်ချုပ်တွေကို ရာထူးကမထုတ်ခဲ့ရင် ဟိုက တိုင်းပြည်စီးပွါးရေးကို ပိတ်ဆို့လာနိုင်ကြောင်း အစိုးရကို စေတနာနဲ့ သတိပေးပါရစေ။ အင်္ဂလိပ်သံအမတ်ဟာ ဆရာအောင်ထွန်းသက်ကို UEHRD နဲ့ ICOE မှာ အဖွဲ့ဝင်ပါနေလို့ conflict of interest အနေနဲ့ ထောက်ပြခဲ့တာDASSK မှတ်မိမှာပါ။ သူတို့က မအပါ။ ဒီကိစ္စက တပ်ကမိုးကျတွေ ဦးပိုင်မှာ ဒါိရိုက်တာလုပ်ပြီး ဒီဘက်မှာလဲ ညွှန်ချုပ်လုပ်နေတာဟာ အကျိုးစီးပွါးမငြိဘူးပြောတာဟာ ကမ္ဘာ့ဥပဒေကို မထိမဲ့မြင်ပြုရာရောက်ပါတယ်။


သူတို့ကို လွှတ်မထားပါနဲ့။ ယခုလို ငါ့မယုံ ငါ့မယားမေးအဖြေက ပြည်တွင်းက မိုးကျနဲ့ ဒီမိုအစိုးရကိုသာ ရေးသားဝေဖန်လေ့ရှိသူများ၊ မီဒီယာများနဲ့ အဆင်ပြေပေမယ့် နိုင်ငံခြားကတော့ ယခုလို အဖြေနဲ့မရနိုင်ပါလို့ ပြောပါရစေ။


News Source: Myanmar Now

 
 
 

Recent Posts

See All
သမ္မတက သမ္မတပါဘဲ

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတကြီးလို့ခေါ်တာ စစ်ခွေး၊ ဖွတ်ခွေး၊ သဒ်ခွေးတွေ ဟောင်သလားမမေးနဲ့။ ညွှန်ချုပ် အသုံးမကျတဲ့ကောင်က အာဏာသိမ်းလဲ မအလလို့တောင် ခဏခဏအဆဲခံနေရတာ။ မရှက်ဖူးလား မအလ။

 
 
 

2 Comments


Sunny Aung
Sunny Aung
Jun 12, 2020




၂၀၂၀ ရွေးကောက်ပွဲအလွန်မှာတော့ မိုးကျတွေကို အရေးယူဆောင်ရွက်ဖို့ လိုပါတယ်..

ဒါမှသာ အရပ်ဖက်အစိုးရရဲ့ စီမံခန့်ခွဲမှု အသက်ဝင်လာမှာ ဖြစ်ပါတယ်.. နေရာတိုင်းမှာ

ထောင်ချောက်ဆင်ထားတဲ့ အဘရွှေရဲ့ အစီအမံတွေဟာ သာမန်ပြည်သူတွေ မယုံနိုင်လောက်အောင်ကြောက်ခမန်းလိလိ အကွက်စေ့ ထောင့်စေ့ လွန်းလှပါတယ်..

Like

Myint Soe Oo
Myint Soe Oo
Jun 11, 2020

ဦးမြတ် ! ယခုဆိုလျှင် မုတ်သုန်လေနှင့်အတူ မုတ်သုန်မိုးများ ဖြိုးဖြိုးဖြိုင်ဖြိုင် စိုးစိုးပိုင်ပိုင် ရွာနေပါပြီ။ရောက်ရှိခဲ့ဘူးသော အညာဒေသရှိ စနစ်တကျ မိုးရေခံ လှောင် သုံးသော ဘုန်းတော်ကြီးကျောင်း အုတ်ကန်ကြီးမှာလည်း ရေကို စတင် စုဆောင်းနေလောက်ပါပြီ။ ရေလိုသောကာလ(တပို့တွဲ ----တန်ခူး)မှာ ကျင်းပလေ့ရှိသော အလှုပွဲများ တရားစခန်းမှာ ရေချိုရေသန့် အတွက် မပူမပင် သောက်သုံးရပါသည်။ ရေလှောင်ပုံကလည်း စနစ်ကျပါသည်။ အုတ်ကန်ကြီးကို စကေးကိုက် သွပ်ပြားများသုံး #ဖုံး#အုပ်ထားပါသည်။ မလိုလားအပ်သော ဖုံ အမှိုက်များနှင့် ပိုးလောက်လန်းများ မပေါက်ပွားစေရန်ဖြစ်ပါသည်။ #ရေချိုအစစ်မညစ်စေလိုသောကြောင့်#။

မိုးကာလမှာ မိုးနှင့်အတူ ခြင်မှဖြစ်စေသော သွေးလွန်တုပ်ကွေးကလည်း ဖွားဘက်တော်အဖြစ် ပါလာပါသည်။ ခြင်ကို ဖြစ်စေသော ပိုးလောက်လန်းတို့သည့် ရေကြည့်ရေသန့်မှာသာ မွေ့ပျော်ပေါက်ဖွားကြသည်။

#အကျိုးရပ်ချင်လျှင်အကြောင်းသတ်ရပါမည်#။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ခရီးပေါက်ကောင်းမွန်ပါသည်။

ခြင်ကိုဖြစ်သော ပိုးလောက်လန်း မရှိအောင် ဆောင်ရွက်ခြင်းသည် ကာကွယ်ခြင်းလုပ်ငန်းဖြစ်ပါသည်။ ယခုအခါ အရှိန်အဟုန်

မြင့် ကာကွယ်ခြင်းလုပ်ငန်းစဥ်မှာ

ဖုံး သွန် လဲ စစ် ။

ရေချိုရေသန့် ရှားပါးသည့်ဒေသအတွက်တော့ **သွန်** စနစ်သည် အံမဝင်။ ခွင်မကျ။မသုံး​လို​​​လှ။ လဲ နှင့် စစ် စနစ်သည်သာ လိုက်လျောညီထွေမှု ရှိပါသည်။ ခြင်ဖြစ်စေမည့် ပိုးလောက်များကို ရေစစ်ဖြင့် စစ်

ခြင်းဖြင့် (ပိုးလောက်နှောရေကို

ပိုးကင်းစင်သည့်) ရေချိုအစစ်အဖြစ် လဲ လှယ်ရာရောက်ပါသည်။ ဤနည်းဖြင့်သာ ဆိုးကျိုးပေးမည့် သွေးလွန်သွေးတုပ်တွေးရောဂါ သယ်ဆောင်သူ ကပ်ပါးပိုးမွှား ပိုးလောက်လန်းများ ကို နှိမ်နင်းသုတ်သင်နိုင်ပါမည်။


ရောဂါ ဘေး မှကာကွယ်နို​င်

ကြပါစေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page