top of page
Search

ငါတို့ဘာလုပ်မှာလဲ?

Writer: Myat Tun Oo
Myat Tun Oo
Dec 6, 2021
1 min read

ဒီနေ့ DASSK ကို မတရားသူကြီးက အမိန့်ချမှာပါ။ သူကထပ်ရွှေ့တာလဲ ဖြစ်နိုင်ပါတယ်။ ဘာလုပ်လုပ်နောက်ဆုံးက သူမကို ထောင်ချမှာပါ။

ငါတို့ဘာလုပ်ကြမလဲ? သူမရဲ့နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းကတော့ ပြည်သူသာ အဓိကလို့ ပြောသွားခဲ့ပါတယ်။ သူမဟာ ပြည်သူ့ကိုယ်စားပြုပါ။ သူမကိုဖမ်းလို့ ဘာမှမလုပ်ရင် သင့်အိမ်တံခါးကို မအလတပ်က လာခေါက်ပါလိမ့်မယ်။

သူမတရားရုံးမှာပြောသွားခဲ့ပြီး ပြည်သူတွေ သိခွင့်မရခဲ့တာက သူမအစိုးရကသာ တရားဝင်အစိုးရဖြစ်လို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု မမြောက်ဖူးဆိုတာပါ။

ယခင်က မေမေနိုင်မှ ဖြစ်မှာပါဆိုပေမယ့် ယခုက ပြည်သူနိုင်မှဖြစ်မှာပါ။ သူမက ပေးဆပ်ခဲ့ပြီးပါပြီ။ပြည်သူတွေက ဒီပွဲကို နိုင်အောင် ဆက်တိုက်ရမှာပါ။ စာရေးသူတို့အားလုံး အရှိန်မြှင့်ရုံကလွဲ၍မှတစ်ပါးအခြားမရှိပါ။ ဆန္ဒပြသူက ဆက်ပြ၊ CDM လုပ်သူက ဆက်လုပ်၊ လက်နက်စွဲကိုင်တော်လှန်သူက ဆက်တော်လှန်ပြီး NUG ကို လှူသူများက ဆက်လှူကြပါ။ နွေဦးထီထိုးပါ၊ အခွန်ဆောင်ပါ၊ ငွေတိုက်စာချုပ်ဝယ်ပါ။ ဒါတွေအားလုံး အတူတူလုပ်မှ မအလက ပြုတ်ကျမှာပါ။ ဘယ်ပြည်ပကိုမှ မမျှော်ပါနဲ့။သူတို့က ကြေညာချက်ထုတ်တာထက် မပိုပါဘူး။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 06, 2021

ဦးမြတ်!!! ဖိလေ ကြွလေ နှင့် ဘာလုပ်မှာလဲ ဆောင်းပါးနှစ်ပုဒ်အတွက် ဉာဏ်မီသမျှ အသိဖြင့် တင်ပြအပ်ပါသည်။

စစ်ကိုင်း နှင့် မြောင် အတွက် ကျန်တိုင်းပြည်နယ်များမှ လက်ခုပ်သံ ညံ သည်ထိ အားပေးချီးမြှောက်ကြပါသည်။

*အကြောင်း ရှိရာ၊ အကျိုး လာပါသည်*။

ထိုက်တန်သော ရင်းနှီးမှု စိုက်ထုတ် ၊ ယူ ကြရပါသည်။

နှမ်းခါး ထယ်လှော် ကြိမ်ကြိမ် ရှို့ခံရလေ ထပ်ကြွလေ၊ လက်ရုံးချည်း မရမှန်းသိချိန်မှာ ၊ လက်ရုံးတွေ ထက်ဖို့အတွက် ပဲ နှမ်း ရောင်း၍ ယမ်း ထောင်း ကြပါတော့သည်။ စပါးကို မမက်တော့ ယမ်းအတွက် ထည့်တွက်လာကြပါသည်။ မိမိရွာ မစွမ်းသာခိုက်မှာ စွမ်းသာသူတို့ထံ ပံ့ပိုးကြပါသည်။

မြို့ပြကြီးများလိုတော့ မစည်ပါ၊ သို့သော် ရွာရှိ ရှိသမျှလူတိုင်း ညီ ကြပါသည်။ မောင်အတွက် အမဖြစ်သူက နားကပ် ဖြုတ်ပေးသည်ထိ အလုပ်လုပ်ကြပါသည်။အသက်ရွယ်အားဖြင့်လည်း ၅၀ ဝန်းကျင် အားအင်ဗလရှိသူမှန်သမျှ ဝင်ရောက်ဆင်နွှဲကြောင်း သတင်းနှင့် စာမျက်နှာ ဓါတ်ပုံများမှာ ဖော်ပြချက်များအရ သိရပါသည်။

ရွာ အဝင်မှာ ရမ်းကားခဲ့သမျှ ရွာအထွက်မှာ ခံရခက်လောက်အောင် စွမ်းဆောင်ခဲ့ကြပါသည်။

ပျု သတင်းပေး ဒလံ အုပ် လှုပ်သည်နှင့် ပြုတ်အောင်ဖြုတ်ပါသည်။

ကာရာအိုကေမနဲ့ ငြိသော၊ ဗမ!!! ကလေးနယ်က ပြန် မထွက် နိုင်အောင် ညီခဲ့ကြပါသည်။

မန်းမှာ(ရက်စွဲတော့ မမှတ်မိပါ)CCTV တပ်ဆင်နေသော ဝန်ထမ်း၊ အပြင်းဖျား သွားအောင် မြင်တတ်သော လူငယ်အချို့က စွမ်းဆောင်သွားခဲ့ပါသည်။

မြို့ပြကြီးများမှာ မိမိအိမ်လုံခြုံရေးအတွက် တပ်ဆင်ထားသော CCTVသည်

ဓါးရိုး မဖြစ်စေချင်ပါ။အင်အားစု ကလေးလူငယ်များအတွက် ပုဆိန်ရိုး မဖြစ်သင့်ပါ။

ပစ္စည်းကို သူခိုး ခုိးယူသွားလျှင်၊ လုံ့လပြု၍ ပြန်ရှာက ရနိုင်ပါသည်။ အနည်းငယ်တော့ပင်ပန်းပါသည်။ သာယာမည့် အနာဂါတ်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page