top of page
Search

ငါးကြီးကြီးလား ကျော်ဆွေ့လူတွေကို ရှင်းတာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 30, 2020
  • 1 min read

ရဲထောက်ချုပ် ရဲမှူးချုပ်သန်းတင်ဦးကို ပြည်ထဲရေးဝန်ကြီးအသစ်ပြောင်းအပြီးမှာ အဆောက်အအုံကန်ထရိုက်ကိစ္စ PE စစ်ခဲ့ပါတယ်။ သူကတော့ ငြင်းပါတယ်။

ဒီနေ့တော့ အစီရင်ခံစာကို ဝန်ကြီးထံတင်လိုက်ပြီလို့ ကြားပါတယ်၊

ဘာဆက်ဖြစ်မလဲ? အရေးယူခဲ့ရင်တော့ ပြည်ထဲရေးရဲ့ အကြီးဆုံးငါးဖြစ်သွားပါမယ်။

ဒီသတင်းကို အတည်ပြုဖို့ကတော့ သတင်းသမားများရဲ့ တာဝန်ပါ။

ဒါပေမယ့် ပြည်ထဲရေးမှာ ငါးတွေကအများကြီးပါ။ ဒီငါးက နောက်ငါးတွေကိုလဲ ဖော်မလားအရေးကြီးပါတယ်။ ဗီကိစ္စတော့ ဘာမှ အရေးယူတာ အကြီးပိုင်မှာ မရှိသေးပါလို့ ပြောပါတယ်။

အရေးကြီးတာက ဒီမိုအစိုးရအနေနဲ့ ဝန်ကြီးစိုးထွဋ်ကို လစ်လပ်သွားတဲ့နေရာနဲ့ အခြားအဆင့် ရဲမှူးတွေကို တပ်ကလူတွေကို ထပ်မပြောင်းခိုင်းဖို့ပါ။

သူတို့အနေနဲ့ သူ့လူတွေကို တပ်ဖက်ကနေ ပြောင်းလာနိုင်အောင် သမ္မတကြီးကို အကြောင်းမျိုးစုံပြမှာပါ။

ဒါပေမယ့် သာမန်ရဲတွေကို ရာထူးတိုးပေးပြီး အပြင်ကလူကို အပြောင်းမခံဘဲ တောင့်ခံဖို့ကတော့သမ္မတကြီးရဲ့ တာဝန်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

2 Comments


U Myint Soe Oo
U Myint Soe Oo
Apr 30, 2020

ဦးမြတ် T.R ဆိုတာပြည့်စုံမှကပါသည်။ }a ကိုဖေါ်ပြရာတွင် လားရာ + ပမာဏ အပြင် စနစ်ပါပါသေးသည်။ CGS. MKS. SI ဘယ်စနစ်လဲ။ ရောက်လွယ်အောင်ပြောရရင် မုန့ဟင်းခါးမှာစားသလိုပေါ့ အသုတ်လား? အစပ်လား? အရည်ဖျော်လား?

Like

U Myint Soe Oo
U Myint Soe Oo
Apr 30, 2020

ဦးမြတ်! သုတေသနမပါသောပညာရေး ကန့်ကွက်မှုပြုခဲ့ကြပါသည်။သုတေသန=စိတ်ဝင်စားရာနယ်တွင် အသိဉာဏ်ဖြင့် အဖန်ဖန်အထပ်ထပ် စူးစမ်းလေ့လာခြင်း။ အသိအခြေခံမှု(Theroretical Research) T.R မိမိ အသိအယူ မှန် မမှန် ကိရိယာအကူအညီဖြင့် စူးစမ်း အတည်ပြုမှုရယူခြင်း(Experimental Research)E.R သစ်သီးကြွေကြမှုအပေါ် စိတ်ဝင်စားစွာဖြင့် စူးစမ်းလေ့လာမှုမှ ကမ္ဘာ့ဆွဲအား( g=9.8m^-2) ဖြစ်ပေါ်လာရ၏။ T.R ကရှေ့ပြေး E.R ကနောက်။ T.R အတွက် သူတို့ ကျောင်းစာကြည့်တိုက်ထဲ ဘယ်နှစ်ခေါက် ရောက်ဖူးပြီလဲ။သူတို့က ဓါတ်ခွဲခန်းကိရိယာကြီးတွေကိုမှ သုတေသနဟုအထင်ရောက်နေကြ၏။ လွဲလွဲကြီးကို အကောင်းထင်နေကြတော့ သူတို့ရဲ့ရှေ့ရေး ဘယ်လိုတွေးကြမလဲ။E=mc^2 ဘယ်ကလာသလဲ။မြင်အောင်ကြည့်နိုင်စွမ်း မရှိလေတော့ ပါချုပ်ကြီး Dr(ဦး)ဖိုးကောင်းကို ဆက်ဆံတာများ! ။ပါမောက္ခ ဝီလီယမ်ရှားဗတ် ဥပဒေဆိုင်ရာ ဟောပြောပွဲ။တကယ်တော့ စိတ်ဝင်စားခဲ့ရင် အကျိုးအမြတ်အလွန်များတဲ့ T.Rပါ။မယူတတ်ကြတော့(ခုအများသုံးဝေါဟာရ)ဝိုင်းဟောင်ကြတယ်။ဖွါးစုကို ပုတ်ခပ်ကြတယ်။ကျွန်တော့်ကျောင်းသားဘဝကို ခုချိန်ဆိုရယ်လို့ တမ်းတရည်ရော်မိပါသည်။ တစ်ခါက တစ်ဘဝ အကြောင်းတွေ မသိရှာလွန်းတဲ့ ကလေးငယ်များရယ်လို့သာ ကင်ပွန်းတပ်ကဗ္ဗည်းထိုးလိုက်ရပါသည်။ ခု ကျွန်တော်လည်း ကိုးတန်းစာတွေ မေ့နေပြီလားလို့ သုံးသပ်ပြီး T.Rတစ်ခုပြုပါစေ။ဦးမြတ်ရဲ့ post(article)အပေါ် မူတည်၍ပေါ့။ F=ma F=ဝတ္ထု၏ နေမြဲနေလိုသည့်ဆန္ဒ(inetia)အီနားရှား ပျက်ယွင်းအောင် ပြင်ပမှ သြဇာသက်ရောက်မှု (လားရာ + ပမာဏ direction&magnitude) m=အားသက်ရောက်ခံဝတ္တု a=ဝတ္ထု၏ အလျင်ပြောင်းလဲနှုန်း (လားရာ + ပမာဏ) P=pressure (ဖိအား) P=F/A F=သက်ရောက်အား A=သက်ရောက်ခံနယ် နယ်ကျယ် (A ကြီး)လျှင် { အားမည်မျှ ကြီးကြီး } Pနဲပါမည်။ နယ်ကျဥ်း(A သေးလျှင်) { အား F အနည်းငယ်မျှဖြင့် } ဖိအား P ကြီးပါသည်။ P ကြီးလေ သက်ရောက်ခံနယ် ကျစ်လစ်ပြီး ခက်မာဒြဗ် ဖြစ်ရပါပြီ။ နားလည်မှုအခြေပြု၍ ကျွန်တော်၏ T.R အပေါ် အခြေခံ၍ သုံးသ်ပေးပါဦး။ စာက ဟိုရောက် ဒီရောက်မို့ ခေတ်စားနေတဲ့ သီချင်းလေးနဲ့ နှုတ်ဆက်ပါရစေ။ #ခွင့်လွတ်ပေးဖို့တောင်းပန်ချင်# မေတ္တာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page