ဂုဏ်ယူပါတယ် မကြည်ပြာ

စာရေးသူမနေ့ကရေးသလို ခုံရုံ:အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်။ ဘယ်သူမှားမှား/မှန်မှန် မကြည်ပြာအနေနဲ့ ခေါင်းဆောင်မှု၊ ဆက်ဆံရေး(communication and leadership failure) လို့ သုံးသပ်ခဲ့ပါတယ်။ မကြည်ပြာက လူကြီးလူကောင်းပီပီ ရာထူ:မမက် နုတ်ထွက်သွားလို့ မကြည်ပြာကိုယ်စား ဝမ်းသာဂုဏ်ယူပါတယ်။ တော်လှန်ရေးနဲ့ တိုင်းပြည်ကို မကြည်ပြာက ရွေးချယ်လိုက်လို့ ဝမ်းသာပါတယ်။
ဒီနေရာမှာ မကြည်ပြာကိုတိုင်ပြီး လျှို့ဝှက်စည်းကမ်းနဲ့မညီ သတင်းအပြင်တင်တဲ့ ဝန်ထမ်းတွေဟာလဲ နုတ်ထွက်သင့်ပါတယ်။ ထိုထဲက အချိူ့ဟာ NUG သတင်းလုံခြုံမှုအတွက် စိတ်မချရတော့လို့ပါ။ စရဖလူ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ့တို့ဟာ official secret act (လျှို့ဝှက်မှု) ပေါက်ကြားနိုင်တဲ့ လူတွေမိုလို့ပါ။ NUG အနေနဲ့ လုံခြုံရေးအရ အရေးကြီးသွားပါပြီ။
ပြည်သူတွေအနေနဲ့လဲ CDM ဆိုတိုင်း မယုံဖို့လိုပါတယ်။ CDM ထဲမှာ ဝေဖြိုး(ပညာရေး) နဲ့ သက္ကမိုးညို(ကျန်းမာရေး) တို့ဟာ နဂါးလို ထင်ရှာရတဲ့ စရဖလူတွေပါ။ CDM /လက်နက်ချ ရဲ၊ စစ်သားအချို့ဆို ပြန်သတ်တာ၊ ထွက်ပြေးတာတွေကို NGO တွေ ဒီမိုကရေစီနဲ့အညီ အုပ်ချုပ်တဲ့ ကရင်နီနယ်မှာ တွေ့ရသလို ကရင်၊ စစ်ကိုင်းတွေမှာလဲ တွေ့နေရတာ မမေ့ပါနဲ့။ စစ်သား CDM ထဲက အချို့ဆို NUG ထဲမှာ ဘာအလုပ်မှ မပေးဖို့ သတင်းပေးထားခဲ့ရပါတယ်။
အချို့ ပညာရေးကိစ္စပေါက်တာ၊ ကျန်းမာရေးစခန်းပေါက်တာ၊ ကယ်ဆယ်ရေးပေါက်တာက အဆိုပါ NUG ထဲက CDM ယေင်ဆောင် သတင်းပေးတွေကြောင့်ပါ။
တော်လှန်ရေးအောင် မအောင်က ဒီလိုတော်လှန်ရေးမှာ ကုလမူနဲ့ NGO တွေ၊ မီဒီယာတွေက ဘယ်လောက်ကြာအောင်လုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဥပမာ စိုးဝင်းက အရပ်သားလေယာဉ်သုံးတာကို တော်လှန်ရေးသမားတွေကပစ်ရင် မီဒီယာက အရပ်သားတွေထိပါတယါလို့အော်ပေးပြီး NGO က လူ့အခွင့်အရေးချိုးဖောက်တယ်လို့အော်ပေးရင် ဒါကိုNUG က ခွေးတွေဟောင်တိုင်းထကြည့်ပြီး စိုးဝင်းစီးလဲ အရပ်သားလေယာဉ်ကိုမပစ်ရင် တော်လှန်ရေးက ကြာသွားမှာပါ။ ဒါပါဘဲ။


Comments