top of page
Search

ခင်ဦးလိုမဖြစ်ရအောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 17, 2022
  • 1 min read

စာရေးသူတို့စစ်ဖြစ်ရင် ပိုက်ဆံကုန်ပါတယ်။ ဒါကြောင့် အမေစုက ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးစားခဲ့တာပါ။ စစ်တပ်တစ်ခုထူထောင်ရင် လူအင်အား၊ ရိက္ခာ၊ ဆက်သွယ်ရေးကိရိယာ၊ လက်နက်နဲ့ ကျည်ဆန်တွေလိုပါတယ်။ ယခင်လွတ်လပ်ရေးရပြီးကထဲက တိုက်ခိုက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နှစ်ပေါင်း ၅၀ ကျော် စုလာလို့ လက်နက်ရိက္ခာလမ်းကြောင်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ မအလတပ်ကြောက်ရတဲ့ AA ကို လေ့လာကြည့်ရင် သူကလက်နက်အင်အားစုလာတာ ၂၀၀၉ လောက်ကထဲကပါ။ ၁၀ နှစ်ကျော်ကြာပါတယ်။ ဒါတောင် လူသုံသောင်းအတွက်စုတာပါ။

စာရေးသူတို့ ဒီမိုအချင်းချင်းမေးကြည့်ရင် မအလကိုဘယ်တော့ဖြုတ်ချင်လဲဆိုရင် ချက်ခြင်းဖြုတ်ချင်မှာပါ။ ဒါက ဖြစ်ပါ်လာတဲ့စိတ်ပါ။ ဒါပေမယ့် သူပြုတ်အောင် ဘယ်လိုလုပ်မလဲဆိုရင်တော့ လက်တွေ့ပြောနိုင်သူနဲပါတယ်။

ဒီနေရာမှာ စာရေးသူတို့အတွက် လူအင်အားက ပြဿနာမရှိပါ။ စာရေးသူတို့ NUG က လူတွေကိုစစ်မှုထမ်းပါ မအလကို တိုက်ပွဲဝင်ပါဆိုပြီး အခြားတော်လှန်ရေးအင်အားစုတွေ လုပ်နေသလို လူလိုက်စုစရာမလိုပါ။ သူ့မှာလိုတာထက် လူက ပိုနေပြီးသားပါ။ အဓိကပြဿနာက ငွေပါ။ ငွေကမှ လက်နက်ကိုဖန်တီးနိုင်မှာပါ။

မနေ့က NUG ရဲ့ တော်လှန်ရေးရန်ပုံငွေစာရင်းကို ထုတ်ပါတယ်။ စာရေးသူကတော့ ပြည်တွင်းမှာမိုလို့တိုက်ရိုက်မလှူနိုင်ပါ။ စာဖတ်ပုရိသတ်တစ်ယောက်ကတော့ စာရေးသူအမည်နဲ့ လှူပေးပြီး အဖွဲ့ဝင်လက်မှတ်ကို ပို့ပေးထားပါတယ်။ သွားလဲပြဿနာမရှာနဲ့အုံးနော်။ ထိုစာဖတ်ပုရိသတ်နဲ့မသိပါ။

အများစု NUG ကိုဖောင်းထုသူများက NUG က ဒေါ်လာသန်းရာချီရထားတဲ့ပုံစံနဲ့ တစ်ခုခုဖြစ်ရင် NUG က လက်နက်မရသေးဘူး ဘာညာဆိုပြီး လိုင်းပေါ်တက်ပြောကြတာ ကြားကြမှာပါ။ အချို့အဖွဲ့ကNUG တောင် ဩဇာမခံလို့ မရတာက မဆန်းပါ။

ယခု NUG ဝင်ငွေကို ပြန်ဆက်ပါ့မယ်။ ပထမ NUG အလှူခံတာက Gofundme က မအလတို့ရဲ့ ဘောမနဲ့ စစ်သံကတိုင်ပြီး အမေရိကန်က လက်နက်ကိစ္စမသုံးရဆိုလို့ မိမိပိုက်ဆံကို သာမန်လူတွေ CDM နဲ့ စစ်ရှောင်အတွက်သုံးရအောင် ကြိုးစားပြန်ထုတ်ခဲ့ရပါတယ်။ နောက် NUG အခွန်ကနေ ဝင်ငွေရသလိုငွေတိုက်စာချုပ်ကနေ ဝင်ငွေရပါတယ်။ ဒါတွေက အစိုးရတစ်ရပ်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုပေးသလို အခြားဝန်ကြီးဌာနတွေကိုလဲ ပေးရပါမယ်။ ဒါ့ကြောင့် ကာကွယ်ရေးဟာ ငွေတိုက်စာချုပ်ဝင်ငွေရဲ့ ၈၀% လောက်သာ ရနိုင်ပါမယ်။ ဒီနေရာမှာ စစ်တိုက်ရာမှာ ဆက်သွယ်ရေးစက်တွေလိုသလိုရိက္ခာတွေလိုပါတယ်။ ဆက်သွယ်ရေးစက်၊ လက်နက်က တစ်ခါဝယ်ရင်ပြီးပေမယ့် လက်နက်ထဲထည့်တဲ့ ကျည်ဆန်က ပစ်တိုင်းကုန်ပါတယ်။ ဟို ရဟတ်ယဉ်အနိမ့်ပျံရင် ပစ်လို့ရတဲ့ စက်သေနတ်က စက်ရုံထုတ်စျေး ဒေါ်လာ ၇၅၀၀၀ ရှိပြီး မှောင်ခိုစျေးကွက်မှာက ဒေါ်လာ ၈၀၀၀၀ ကနေ တစ်သိန်းနီးပါးရှိပါတယ်။ ဝယ်ချင်တိုင်းတောင်မရပါ။ ပြီးရင် ကျည်ဆန်ကလဲ ဒေါ်လာထောင်ချီရှိပါတယ်။

PRF တော်လှန်ရေးမိသားစုအဖွဲ့ဝင်တွေရဲ့ငွေက NUG ရဲ့ ကာကွယ်ရေးထဲဝင်ပြီး တော်လှန်ရေးအတွက်သီးသန့်သုံးမှာပါ။

မနေ့က NUG က ထုတ်ပြန်ချိန်မှာ စာရေးသူအင်မတန် စိတ်မကောင်းဖြစ်သွားမိပါတယ်။ စာရေးသူ အမေရိကန်၊ အင်္ဂလန်၊ တရုတ်တို့ကို မမျှော်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံသားအချင်းချင်းတော့ မျှော်မိပါတယ်။ ဒါကအမှန်တရားပါ။ အဲ့ဒီစာရင်းမှာ နိုင်ငံခြားရောက်မြန်မာ ၄၅၈၆ ရောက်ကသာလစဉ်လှူဒါန်းဖို့ စာရင်းပေးထားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ စင်ကာပူက အများဆုံးမိုလို့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အမေရိကန်က ၇၁၄ ယောက်နဲ့ ယူကေက ၄၂၇ ရောက်၊ ဩစီက ၁၉၈၊ ဂျပန်က ၁၅၉ ယောက်ကတော့ အင်မတန် နည်းတယ်လို့ထင်ပါတယ်။ ကိုရီးယားကလဲ ၁၀ ယောက်ဆိုတာ အင်မတန်နည်းပါတယ်။ အသင်းဝင်ပြီးလှူမှ NUG အနေနဲ့ လစဉ်ဘယ်လောက် ဝင်ငွေရရှိလဲအပေါ်မူတည်ပြီးမှ သူ့တိုင်းတွေကို ဝေမျှရမှာပါ။ NUG ရဲ့ တော်လှန်ရေးအသင်းဝင်ထံကရငွေက ဒေါ်လာခြောက်သိန်းကျော်ဆိုတာ အင်မတန်နည်းပါတယ်။ စစ်ကို တစ်လဒေါ်လာခြောက်သိန်းနဲ့ တိုက်လို့ရရင် ခင်ဦးလို ထပ်သေနေအုံးမှာပါ။

အမေရိကန်သမ္မတ ကနေဒီက နိုင်ငံကဘာလုပ်ပေးမှာလဲမမေးဘဲ ကိုယ်ကနိုင်ငံအတွက်လာလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားပါဆိုသလို NUG ဘာလုပ်နေလဲမမေးခင် သင် NUG အတွက် တော်လှန်ရေးမိသားစု အသင်းဝင်ပြီး လစဉ်ထောက်ပံ့လားဆိုတာ ပြန်မေးလိုက်ပါ။ စင်ကာပူကိုတော့ အများကြီးလေးစားပါတယ်။ အခြားကမ္ဘာအရပ်ရပ်က မြန်မာလူမျိုးတွေလဲ PRF တော်လှန်ရေးမိသားစုဝင်ပြီး လစဉ်ထောက်ပံ့ပေးပါလို့ တောင်းပန်ပါရစေ။ တော်လှန်ရေးဆိုတာ ကောက်ရိုးမီးလုပ်လို့မရပါ။ အိုင်ယာလန်မှာလဲ သူတို့လူမျိုးတွေ လစဉ်ထောက်ပံ့ပြီး အင်္ဂလိပ်ကို ပြန်တိုက်ဖို့ တပ်ထောင်ခဲ့ရတာပါ။

စာရေးသူတို့ မအလကို ဘယ်တော့အပြုတ်ဖြုတ်နိုင်မလဲဆိုရင် အားလုံးညီပြီး PDF တပ်မတော်ကိုထောက်ပံ့နိုင်တဲ့နေ့ နိုင်မှာပါ။ PRF member တော်လှန်ရေးမိသားစုအဖွဲ့ဝင်ပါ။ ပြည်သူသာ အဓိကပါ။ပြည်သူမပါရင်တော့ ကြာနေမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

7 Comments


phyomilo286
Feb 18, 2022

ပြည်တွင်းက လူတွေကို နည်းနည်းလောက်ကြပ်သင့်နေပြီဆရာ အခွန်အတွက်ဖြစ်ဖြစ်ပေါ့။ ကားတစီး အိမ်တလုံး တန်ဖိုးရဲ့ ရာခိုင်နှုန်းဘယ်လောက် Bondမဝယ်ရင်(အတိုးမဲ့ငွေ မချေးရင်)/PRF ထဲမပါရင် နာမည်ပေါက်မပေးဘူး သက်တမ်း မတိုးပေးဘူး ဘာညာ ကြပ်ရင် ပိုပြီးအကူအညီဖြစ်မယ်ဆရာ။အဲ့လိုဆို အခြေခံလူတန်းစားလဲ မထိတော့ဘူးပေါ့။အဲ့လိုလေး Pressureပေးမှ ငွေပိုရမယ်။ ပြည်တွင်းက လူချမ်းသာတော်တော်များများ တေ်လှန်စိတ်သာရှိတာ ဖိအားမရှိသလိုပဲနေကြတယ်ဆရာ။

တခုခု အကြံလေးပေးလိုက်ပါဦး။

Like
Myat Tun Oo
Myat Tun Oo
Feb 18, 2022
Replying to

သူတို့ကိုပြောပြမှာပါ။

Like

Myint Soe Oo
Myint Soe Oo
Feb 18, 2022

ဦးမြတ်!!!ပြည်ပအရာတော့ အလှမ်းမမီပါ။ လက်လှမ်းမီသမျှအရတော့~

ဆောင်းပါးတွင် လိုအပ်ချက်တွေထဲမှာ ကျည် ၊ ဆက်သွယ်ရေးစက် ဟုရေးသားပါရှိပါသည်။ မိုးဗြဲတွင် ဆရာဝန်ဦးအောင်ကြီး ကျဆုံးရခြင်းမှာ လက်နက်ကြီးကြောင့်ဟုသိရပါသည်။

~လက်နက်ကြီး လိုအပ်ချက်

~ဆက်သွယ်ရေးစက် လိုအပ်ချက်

သည်နှစ်ချက်ကို အားနည်းချက်အဖြစ်မြင်မိပါသည်။

စကစမှာ ဆသရအတွက် စက် အသုံးပြုနိုင်သော်လည်း တော်လှန်ရေးပီဒီဖက်များအနေဖြင့်

စက်အစား ဖုန်းကို အားကိုးသုံးရကြောင်းသိပါသည်။ ဖုန်း ဘေလ်ကုန်၍ ဖြစ်စေ၊ ဘက်ထရီ ပါဝါ ကုန်၍ဖြစ်စေ ၊ တစ်ခုခုဖြစ်ပေါ်ခဲ့ပါက တိုက်ပွဲအခြေနေပြောင်းသွားရကြောင်း သူတို့အင်တာဗျုးပြောစကားမှတဆင့် သိရပါသည်။ သို့ပါ၍ တလောက ကရင်နီပြည်နယ်မှ အင်အားစုတစ်ဖွဲ့က ပါဝါဘဏ့်များအလှူခံရခြင်းကို သတိပြုမိပါသည်။

အတက် အဆုတ် အလှုပ်အတွက် ဆက်သွယ်ရန် လက်ကိုင်ဖုန်းသည် ပွဲအတွက် အသက်သွေးကြောပမာလည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဖုန်းဝန်ဆောင် (ဘေလ်)ဈေးတက်သဖြင့် ဖုန်းဘေလ် လိုအပ်ချက် မကြာခဏဖြစ်ပေါ်တတ်ကြောင်းလည်း လှူဖူးသူများထံမှတဆင့်ကြားသိရပါသည်။

မနေ့က မိုးဗြဲကိစ္စသည် လက်နက်ကြီးအပြင် ဆက်သွယ်‌ေရးပြတ်တောက်မှုကြောင့် ဆိုးရွားစွာဖြစ်ပေါ်စေခဲ့သလားဟု အတွေးပွါးစရာ တွေ့လာရပါသည်။

ဆက်သွယ်ရေး မပြတ်တောက်ပါက နယ်မြေကျွမ်းကျင်သူတို့က အတက် အဆုတ် ပိုစိုးမိုးနိုင်မည်ဟုလည်း မြင်မိပါသည်။

သို့ပါ၍ ပြည်မနေ တတ်နိုင်သူ ပြည်သူများအနေဖြင့်လည်း(ဆိုင်ရာနယ် ပီဒီဖက်ဖ်များ၏) ဖုန်းဘေလ် လှူဒါန်းမှုကို မမေ့မလျော့ပဲ အာရုံစိုက် လှူဒါန်း‌ေပးရန် လိုအပ်နေကြောင်း အသိပေးရေးသားအပ်ပါသည်။

ခုမနက် စစ်တောင်းမြို့ပြအဖွဲ့မှ နုတ်ခမ်းနီ အလှူခံ ပို့စ် တက်လာပါသည်။

မိမိတို့သည် ပုထုဇဉ်များမို့ ငါးပါးသီလ ကျိုး ပေါက် ပြောက် ကျားဖြစ်ခါ မလုံခြုံတတ်ပါ။ ကိုယ့်အသက်ကို အန္တရာယ်မပြုသမျှ ပါဏာတိ ဆိုသော သတ်မှု၊ လုံအောင် စောင့်ကြပါသည်။ အန္တရာယ်အဆင့် ရောက်ရှိလာပြီဆိုလျှင်ရော လုံပါ့မလား???ကိုယ့်ကိုက်တဲ့ ခွေးတောင် ပြန်ရိုက်ရမှ ကျေနပ်ကြတာ ပုထုဇဉ်သဘာဝပါ။မိမိအသက် အန္တရာယ်ကြုံလာလျှင်တော့ ပါဏာတိသော ဘာသော မရှောင်နိုင်ကြတတ်တာ ပုထုဇဉ်ပါ။

ခုခါတော့ မထိသေးသူများအနေဖြင့် ပါဏာတိ…


Like

Johnny JOE
Johnny JOE
Feb 18, 2022

One of the weak point is that those program wasn’t popular among oversea Burmese and they launched this program mixed up with other programs such 007 as well as 5 millions challenge PRF programs was buried within such a popular programs. This programs was promoted by locally Known people not by celebrities ( you know right) . They should Re advt. it well and carefully without mixed up with other programs.

Like
Myat Tun Oo
Myat Tun Oo
Feb 18, 2022
Replying to

Thanks

Like

kmnyo2
Feb 17, 2022

ဆရာ US က နျုဂျီ မတောင်းခင် ကတည်း က PDF. Direct လှူ နေ တာပါ ။ အများစု က CDM ကစ လို့ လှူ နေတာပါ။ အခု ၁၀ လ ကျော် ပြီ။ I have 5 groups commitment monthly. My retirement account hasn't been funded since 10 months ago. All my extra income are donating at my pre retirement age. We have many groups working for fundraising and collecting every month.Now there is bond to buy which was an expensive one. I think all the funds are dispersed to thousands of PDF groups. If NUG wanted to know why all the funds are not collected in one place that would be the answer. And we needed to support our LDP UG PDFs before NUG started to collect fun…

Like
Myat Tun Oo
Myat Tun Oo
Feb 18, 2022
Replying to

Thanks

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page