top of page
Search

ခြေဥအတိုင်းလုပ်ရအောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 30, 2020
  • 1 min read

ree

စာရေးသူအနေနဲ့ ၂၀၀၈ ခြေဥကို မကြိုက်ဖူးဆိုတာ စာဖတ်သူများ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် လက်ရှိခြေဥအတိုင်း ဘာတွေလုပ်နိုင်လဲ လေ့လာကြည့်ရအောင်။

တပ်မတော်က ၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောထားပါတယ်။ ဒီနေရာမှာ ခြေဥကိုမိမိကြိုက်တဲ့အပိုင်းလေးသာ စောင့်ရှောက်လို့မရပါ။ ဒါက ဥပဒေရဲ့သဘောပါ။ ဥပဒေချိုးဖောက်ရင်အရေးယူခံရမှာပါ။

ပထမဆုံးက ၂၀၀၈ ခြေဥကို NLD က ပြင်ဖို့လုပ်ခဲ့ပါတယ်။ ထိုစဉ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာပါ။ ယခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ ခြေဥမှာ ရွေးကော်ကို အာဏာကုန်ပေးထားခဲ့ပါတယ်။ ဒီခြေဥဟာ NLD က ရေးဆွဲခဲ့တာမဟုတ်ဘဲ ဘသန်းရွှေကရေးဆွဲခဲ့တာပါ။ ဒါ့ကြောင့် စာရေးသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ရှိခြေဥအတိုင်းသာ သွားရမှာပါ။ တပ်ကပြင်လိုရင် NLD ပြင်လိုတာနဲ့ ညှိနှိုင်းရပါမယ်။ အပေးအယူလုပ်ရပါမယ်။ ဒါက ပထမအချက်ပါ။

နောက်လက်ရှိ ရွေးကော်ကိုမကြိုက်ရင် တပ်အနေနဲ့ လွှတ်တော်အသစ်မှာ အယုံအကြည်မရှိအဆိုတင်နိုင်ပါတယ်။ ဒါကခြေဥကပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ ရှုံးရင်လဲ ဒီမိုအဆုံးအဖြတ်ကို တပ်က လိုက်နာရမှာပါ။

နောက်ပြီးလက်ရှိအစိုးရရဲ့ သမ္မတဟာ တရားဝင်ရွေးကောက်တင်မြှောက်ခံပါ။ သူ့ကသာ နောက်သက်တမ်းမှာ သမ္မတဆက်ဖြစ်ဖို့များလို့ ခြေဥအရ NLD က အားသာနေပါတယ်။

NLD က ခန့်သူတွေကို ဥပမာ အတိုင်ပင်ခံရာထူးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးထင်ရင် အခြေခံဥပဒေခုံရုံးကို တင်လို့ရပါတယ်။ ဒါပေမယ့် တပ်ဟာ ခြေဥခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ။ ဒါကလဲ ၂၀၀၈ ဖွဲ့စည်းပုံကညပေးထားချက်ပါ။

ဒါ့အပြင် တပ်ပိုင်းဆိုင်ရာကို တပ်မတော်က စီမံခန့်ခွဲခွင့်ဆိုတာ ခြေဥမှာပါပါတယ်။ ဒါဟာစစ်ဆင်ရေးနဲ့ လက်အောက်ငယ်သား ရာထူးခန့်တာကိုသာ ပြောထားတာပါ။ ဒါပေမယ့် တပ်မတော်ကို ဥပဒေပြုပိုင်ခွင့် မပေးထားပါဘူး။ ဒဲ့ပြောရရင် တပ်မတော်ကို တပ်ချုပ်ရာထူးသက်တမ်းတိုးခွင့် ၂၀၀၈ ခြေဥမှာမပေးထားပါ။ ထင်ရှားတဲ့ ဥပမာက NLD လွှတ်တော်မှာ တပ်မတော်သားတွေ တာဝန်ထမ်းစဉ် ပြစ်မှုကျူးလွန်ရင် အရေးယူလို့ရတဲ့ ကာလစည်းကမ်းသတ်ကို ပြစ်မှုကျူးလွန်ခဲ့သည့်အချိန်မှအစား ပြစ်မှူကျူးလွန်ကြောင်း သိရှိသိအချိန်မှစလို့ဆိုပြီး NLD လွှတ်တော်က ပြင်ပေးခဲ့တာပါ။ တပ်ချုပ်အရည်အချင်းနည်းဥပဒေကို ပြဌာန်းနိုင်တာက လွှတ်တော်ပါ။ ဖွဲ့စည်းပုံက မပြဌာန်းရလို့ မပါပါ။နောက်တပ်လုပ်ပိုင်ခွင့်ဟာ ဘာတွေလဲဆိုတာကိုလဲ ခြေဥခုံရုံးက အဓိပ္ပါယ်ဖွင့်ဖို့ လွှတ်တော် (သို့) အစိုးရက ခြေဥခုံရုံးကို လျှောက်ထားနိုင်ပါတယ်။ ခုံရုံးဆုံးဖြတ်ချက်က အတည်ပါ။


ယခင်က နေဝင်းနဲ့ ဘရွှေလက်ထက် ကကနကောင်စီအမိန့်နဲ့ ရာထူးတိုးပေမယ့် သူတို့က အာဏာသိမ်းချိန်မိုလို့ တပ်အမိန့်က ဥပဒေကဲ့သို့ အာဏာတည်ခဲ့ပါတယ်။ ဒါပေမယ့် NLD အစိုးရဟာ လွှတ်တော်မှာဥပဒေတွေကို ပြဌာန်းနိုင်ပါတယ်။ ကကနကောင်စီရဲ့ အမိန့်တွေ ဥပဒေတွေကို ဖျက်သိမ်းနိုင်ပါတယ်။


အားလုံးဟာ ၂၀၀၈ ခြေဥထဲကနေ ဥပဒေအတိုင်းလုပ်ရင် ဘယ်သူပိုနာမလဲ စဉ်းစားနိုင်ပါတယ်။အကောင်းဆုံးကတော့ NLD က ပြင်ချိန်မှာ ပူးပေါင်းပြီး ပြင်တာပါ။ မဟုတ်ရင်တော့ NLD က ပိုတိုးပြီးလုပ်စရာရှိတာ လုပ်ရမှာပါ။ တစ်ခုရှိတာက NLD အနေနဲ့ မိမိလုပ်မှာကို နိုင်ငံခြားက မိမိကိုထောက်ခံတဲ့နိုင်ငံတွေကို သတိပေးပြီး သူတို့ကလိုအပ်ရင် လာကူနိုင်တဲ့ အနေအထားရှိချိန်မှာ ဥပဒေအတိုင်း ဆက်လုပ်သွားနိုင်ရင် အဆင်ပြေပါမယ်။ တပ်ထဲမှာလဲ ရာထူးတက်လိုသူတွေ အများကြီးပါ။ ၂၀၀၈ ခြေဥကို မပြင်လိုရင် ၂၀၀၈ ခြေဥကြောင့် မိမိနာရင်လဲ အပြုံးမပျက်ပါစေနဲ့။ အာဏာသိမ်းဖို့ ခြိမ်းခြောက်သူများလဲ သိမ်းစရာရှိတာသိမ်းလိုက်ပါ။ ခြိမ်းခြောက်မနေပါနဲ့။ အာဏာသိမ်းတဲ့နေ့က မင်းတို့အဘသာဝနဲ့ သူ့မြေးမလေးတွေ သေမယ့်နေ့ပါလို့ ဒဲ့ပြောပါရစေ။ ပြည်သူများကလဲ DASSK က တားထားလို့ ကြည့်နေတာပါလို့ ပြောထားပါရစေ။ သေချင်ရင် လုပ်လိုက်ပါ။

News Credit: Myanmar Harp

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Dec 30, 2020

ဦးမြတ်! အရွယ်ရောက်လာသော ကျောင်းသားဘဝမှာ ကျားကွက်ရွှေ့ရာမှလည်း တော်၊ စစ်တုရင်ကစားရာမှာလည်း ကျော်၊ ပြိုင်ဘက်မှန်သမျှကို အနိုင်ယူသည့် သူငယ်ချင်းပြောစကား ပြန်လည် ကြားယောင်မိပါတော့သည်။

***အရုပ်တွေ အစားမခံရခင် ၊ ဘုရင်မ လမ်းပွင့်အောင် ၊ အသုံးမလိုသေးတဲ့အရုပ်တွေကို ရွှေ့တန် ကြိုရွှေ့ထားရတယ်။ ကျန်အရုပ်တချို့ကို ဘုရင်နားကပ်ထား။ ဘုရင်မ လေးဘက်လေးတန် ထွက်နိုင်လောက်တဲ့ လမ်းပွင့်အောင် အရင်ဆုံးကစားရတယ်။

ဘုရင်မ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ကစားခွင့်ရရင်တော့

အဲဒီပွဲနိုင်ပြီ။***


~~~~~~~~~~~~~~~~~~~~~~~~


သူကပြောသေးတယ်။ အထင်ကြီးပြီး လာစိန်ခေါ်သူမှန့့်သမျှဟာ တခါပြိုင် ရှုံး ၊ ဒုတိယ တခါပြိုင်လည်းရှုံးသူတွေကို သူက နာမယ်(နာမည်)ပေးထားတာက #ကျားဘို တဲ့။

ကျားဘုရင်နဲ့တွေ့ရင်တော့ အမဲပေါ့ တဲ့။


ကြီးပေါင်းသူငယ်ချင်းသို့

အမှတ်တရဖြင့်

Like

khinmaung myint
khinmaung myint
Dec 30, 2020

Like

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page