top of page
Search

ခြေဥပြင်တာဟာအန္တရာယ်ရှိလား? ေျခဥျပင္တာဟာအႏၲရာယ္ရွိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 19, 2019
  • 1 min read

ree

ဒါကေတာ့ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ကိုဘာအႏၲရာယ္လဲလို႔ေမးရမွာပါ။ဘာကိုမျပင္ခ်င္တာလဲ? ၄၃၆လား၊၅၉(စ) လား? ဘာလဲ?

ျပည္သူေတြကျပင္ခ်င္တယ္ဆိုတာယခင္ကထဲကေျပာထားၿပီးသားပါ။မိမိရဲ႕လက္ရွိေျခဥကိုျပည္သူ၉၀% ေက်ာ္ကေထာက္ခံတယ္လို႔တကယ္ထင္ရင္ဆႏၵခံယူပြဲလုပ္ၾကည့္လို႔ရပါတယ္။၁၀% ကေထာက္ခံရင္ကံေကာင္းပါ။

တပ္ဟာလႊတ္ေတာ္ထဲမွာရွိေနတာဟာတပ္ရဲ႕သိကၡာကိုက်ေစပါတယ္။လႊတ္ေတာ္ထဲမွာမတ္တပ္ရပ္ၿပီးျပည္သူေတြကေရြးေကာက္ထားတဲ့အမတ္ေျပာတာကိုကန္႔ကြက္ရင္အားလံုးရဲ႕အဆဲခံရပါတယ္။ဒါကပကတိအေျခအေနပါ။တိုက္ခိုက္ေရးဘက္ကေရွ႕တန္းမထြက္လိုသူေတြအတြက္အလြန္ေကာင္းတဲ့နားခိုရာျဖစ္ေပမယ့္သိကၡာရွိေသာစစ္ဆရာဝန္၊အင္ဂ်င္နီယာမ်ားအတြက္အရွက္ရစရာေနရာပါ။ဒါကထားလိုက္ပါ။

တိုင္းရင္းသားအားလံုးကေတာင္းဆိုေနတာဖယ္ဒရယ္။ဒါဆိုရင္ၿငိမ္းခ်မ္းေရးအေတာ္အသင့္ရမယ္။ဘယ္ပုဒ္မကိုျပင္ရင္အႏၲရာယ္ျဖစ္မလဲ။စာေရးသူအေနနဲ႔ေတာ့ဘာျပင္ျပင္ျပည္သူေတြအတြက္ေတာ့အႏၲရာယ္မရွိပါ။ေနာက္ေၾကာင္းမျပန္ရပုဒ္မကိုျပင္ရင္ဘေရႊတို႔အဖြဲ႕အဖမ္းခံရမွာေၾကာက္တယ္။ဒါကိုေတာ့လက္ခံပါတယ္။ဒါကဘေရႊနဲ႔သူ႔အဖြဲ႕အႏၲရာယ္ပါ။ျပည္သူေတြအတြက္အႏၲရာယ္မရွိပါ။ဒါလဲDASSK ကေနာက္ေၾကာင္းမျပန္လို႔ေျပာထားသလိုျပင္မယ့္အထဲလဲမပါပါ။

ဒါဆို၅၉(စ) ကိုစၿပီးေလ့လာရေအာင္။ႏိုင္ငံျခားသားမိဘတစ္ေယာက္ကေမြးသူႏိုင္ငံျခားသားနဲ႔ယူထားသူသမၼတျဖစ္မွာေၾကာက္တယ္ေပါ့။တိုင္းျပည္ဆင္းရဲသြားႏိုင္လား? အမ်ိဳးဘာသာေပ်ာက္သြားႏိုင္လား? ကမ႓ာေပၚမွာအခ်မ္းသာဆံုး၊အဖြင့္ၿဖိဳးဆံုးအေမရိကန္ကိုၾကည့္ပါ။သူ႔သမၼတေတြဟာ၁၉၈၀ႏိုင္ငံသားဥပေဒနဲ႔ၿငိၿပီး၅၉(စ)နဲ႔ပါၿငိႏိုင္ပါတယ္။ဘာလို႔လဲဆိုေတာ့အေမရိကန္သမၼတေတြရဲ႕အဘိုးအဘြားေတြဟာဥေရာပကေရႊ႕ေျပာင္းလာသူေတြမိုလို႔ပါ။သူတို႔ကဘာသာကိုလြတ္လပ္စြာကိုးကြယ္ခြင့္ေပးၿပီးသူတို႔ရဲ႕လူအမ်ားကိုးကြယ္တဲ့ဘာသာကိုအျခားနည္းနဲ႔ျပန္ထိန္းပါတယ္။

လက္ရွိသမၼတထရမ့္ရဲ႕အေမဟာစေကာ့တလန္သူျဖစ္သလိုအားလံုးသိတဲ့အေမရိကန္သမၼတအိုဘားမားရဲ႕အေဖကကင္ညာႏိုင္ငံသားပါ။ဒါေပမယ့္သူသမၼတျဖစ္ခဲ့သလိုအေမရိကန္လဲစီးပြားေရးက်တာကေနတက္လာခဲ့ပါတယ္။ဒါေၾကာင့္၉၅(စ)ကတိုင္းျပည္ကိုအႏၲရာယ္ျဖစ္ေစတယ္ဆိုတာလက္မခံပါဘူး။ဟိုေျမာက္ကိုရီးယားကကင္ေလးကႏိုင္ငံသားစစ္စစ္ပါ။ဆူဒန္ကဘာရွားလဲႏိုင္ငံသားစစ္စစ္။ဘေရႊလဲစစ္ပါတယ္။ဒါေပမယ့္တိုင္းျပည္မွာအႏၲရာယ္က်လူေတြဆင္းရဲနဲ႔ဒုကၡမ်ိဳးစံုပါ။ဒါေၾကာင့္ဘယ္လိုလူလဲဆိုတာအေရးႀကီးပါတယ္။ဒါကိုမျပင္ခ်င္ေသးဘူးဆိုထားလိုက္ပါအံုး။

ေနာက္၄၃၆ကိုၾကည့္ရေအာင္။NLD ကလႊတ္ေတာ္ထဲမွာတပ္မေတာ္သားေတြပါဝင္မႈကိုျဖည္းျဖည္းခ်င္းေလွ်ာ့ခ်ေနတာပါ။တိုင္းရင္းသားအခ်ိဳ႕ေတာင္းဆိုေနသလိုခ်က္ျခင္းထြက္သြားခိုင္းတာမဟုတ္ပါ။ဒါေၾကာင့္ဒါဟာအင္မတန္မွလက္ေတြ႕က်တဲ့ေတာင္းဆိုမႈပါ။ဒါေၾကာင့္က်န္ပုဒ္မေတြကိုမျပင္ဘဲတင္းခံေနရင္ေတာ့ျပည္သူေတြအတြက္ကအႏၲရာယ္မရွိဘဲကိုေမာင္ေမာင္တို႔သာျပည္သူေတြထဆူရင္အႏၲရာယ္ရွိမွာပါ။ျပႆနာကိုပစ္ၿပီးေျဖရွင္းမယ္လို႔ေတာ့မစဥ္းစားပါနဲ႔။ဆီးရီးယားထက္ဆိုးသြားႏိုင္ပါတယ္။ဆီးရီးယားတပ္ကသူ႔လူမ်ိဳးအေပၚမူတည္ၿပီးတည္ေဆာက္ထားေပမယ့္စာေရးသူတို႔တပ္ကေတာ့လူစံုပါတယ္။ဒါေၾကာင့္အာဆတ္ကိုသူ႔တပ္ကေထာက္ခံသလိုေထာက္ခံမႈမ်ိဳးရဖို႔ကိုေမာင္ေမာင္တို႔မလြယ္ပါ။ဆူဒန္ကအဘေတြလဲပစ္ၿပီးေျဖရွင္းဖို႔ႀကိဳးစားေပမယ့္မရလိုက္ပါ။

အေကာင္းဆံုးကတင္းမခံဘဲျပည္သူ႔အစိုးရနဲ႔လက္ေတြ႕က်က်ေဆြးေႏြးၿပီးျပင္ပါ။မဟုတ္ဘဲတင္းခံေနရင္ကိုေမာင္ေမာင္တို႔အဖြဲ႕အတြက္အႏၲရာယ္မ်ားပါတယ္။ျပည္သူေတြအတြက္ကသန္းေခါင္ထက္ညဥ့္မနက္ေတာ့ပါ။

Unicode version

ခြေဥပြင်တာဟာအန္တရာယ်ရှိလား?

ဒါကတော့ဗိုလ်မှူးချုပ်မောင်မောင်ကိုဘာအန္တရာယ်လဲလို့မေးရမှာပါ။ဘာကိုမပြင်ချင်တာလဲ? ၄၃၆လား၊၅၉(စ) လား? ဘာလဲ?

ပြည်သူတွေကပြင်ချင်တယ်ဆိုတာယခင်ကထဲကပြောထားပြီးသားပါ။မိမိရဲ့လက်ရှိခြေဥကိုပြည်သူ၉၀% ကျော်ကထောက်ခံတယ်လို့တကယ်ထင်ရင်ဆန္ဒခံယူပွဲလုပ်ကြည့်လို့ရပါတယ်။၁၀% ကထောက်ခံရင်ကံကောင်းပါ။

တပ်ဟာလွှတ်တော်ထဲမှာရှိနေတာဟာတပ်ရဲ့သိက္ခာကိုကျစေပါတယ်။လွှတ်တော်ထဲမှာမတ်တပ်ရပ်ပြီးပြည်သူတွေကရွေးကောက်ထားတဲ့အမတ်ပြောတာကိုကန့်ကွက်ရင်အားလုံးရဲ့အဆဲခံရပါတယ်။ဒါကပကတိအခြေအနေပါ။တိုက်ခိုက်ရေးဘက်ကရှေ့တန်းမထွက်လိုသူတွေအတွက်အလွန်ကောင်းတဲ့နားခိုရာဖြစ်ပေမယ့်သိက္ခာရှိသောစစ်ဆရာဝန်၊အင်ဂျင်နီယာများအတွက်အရှက်ရစရာနေရာပါ။ဒါကထားလိုက်ပါ။

တိုင်းရင်းသားအားလုံးကတောင်းဆိုနေတာဖယ်ဒရယ်။ဒါဆိုရင်ငြိမ်းချမ်းရေးအတော်အသင့်ရမယ်။ဘယ်ပုဒ်မကိုပြင်ရင်အန္တရာယ်ဖြစ်မလဲ။စာရေးသူအနေနဲ့တော့ဘာပြင်ပြင်ပြည်သူတွေအတွက်တော့အန္တရာယ်မရှိပါ။နောက်ကြောင်းမပြန်ရပုဒ်မကိုပြင်ရင်ဘရွှေတို့အဖွဲ့အဖမ်းခံရမှာကြောက်တယ်။ဒါကိုတော့လက်ခံပါတယ်။ဒါကဘရွှေနဲ့သူ့အဖွဲ့အန္တရာယ်ပါ။ပြည်သူတွေအတွက်အန္တရာယ်မရှိပါ။ဒါလဲDASSK ကနောက်ကြောင်းမပြန်လို့ပြောထားသလိုပြင်မယ့်အထဲလဲမပါပါ။

ဒါဆို၅၉(စ) ကိုစပြီးလေ့လာရအောင်။နိုင်ငံခြားသားမိဘတစ်ယောက်ကမွေးသူနိုင်ငံခြားသားနဲ့ယူထားသူသမ္မတဖြစ်မှာကြောက်တယ်ပေါ့။တိုင်းပြည်ဆင်းရဲသွားနိုင်လား? အမျိုးဘာသာပျောက်သွားနိုင်လား? ကမ႓ာပေါ်မှာအချမ်းသာဆုံး၊အဖွင့်ဖြိုးဆုံးအမေရိကန်ကိုကြည့်ပါ။သူ့သမ္မတတွေဟာ၁၉၈၀နိုင်ငံသားဥပဒေနဲ့ငြိပြီး၅၉(စ)နဲ့ပါငြိနိုင်ပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်သမ္မတတွေရဲ့အဘိုးအဘွားတွေဟာဥရောပကရွှေ့ပြောင်းလာသူတွေမိုလို့ပါ။သူတို့ကဘာသာကိုလွတ်လပ်စွာကိုးကွယ်ခွင့်ပေးပြီးသူတို့ရဲ့လူအများကိုးကွယ်တဲ့ဘာသာကိုအခြားနည်းနဲ့ပြန်ထိန်းပါတယ်။

လက်ရှိသမ္မတထရမ့်ရဲ့အမေဟာစကော့တလန်သူဖြစ်သလိုအားလုံးသိတဲ့အမေရိကန်သမ္မတအိုဘားမားရဲ့အဖေကကင်ညာနိုင်ငံသားပါ။ဒါပေမယ့်သူသမ္မတဖြစ်ခဲ့သလိုအမေရိကန်လဲစီးပွားရေးကျတာကနေတက်လာခဲ့ပါတယ်။ဒါကြောင့်၉၅(စ)ကတိုင်းပြည်ကိုအန္တရာယ်ဖြစ်စေတယ်ဆိုတာလက်မခံပါဘူး။ဟိုမြောက်ကိုရီးယားကကင်လေးကနိုင်ငံသားစစ်စစ်ပါ။ဆူဒန်ကဘာရှားလဲနိုင်ငံသားစစ်စစ်။ဘရွှေလဲစစ်ပါတယ်။ဒါပေမယ့်တိုင်းပြည်မှာအန္တရာယ်ကျလူတွေဆင်းရဲနဲ့ဒုက္ခမျိုးစုံပါ။ဒါကြောင့်ဘယ်လိုလူလဲဆိုတာအရေးကြီးပါတယ်။ဒါကိုမပြင်ချင်သေးဘူးဆိုထားလိုက်ပါအုံး။

နောက်၄၃၆ကိုကြည့်ရအောင်။NLD ကလွှတ်တော်ထဲမှာတပ်မတော်သားတွေပါဝင်မှုကိုဖြည်းဖြည်းချင်းလျှော့ချနေတာပါ။တိုင်းရင်းသားအချို့တောင်းဆိုနေသလိုချက်ခြင်းထွက်သွားခိုင်းတာမဟုတ်ပါ။ဒါကြောင့်ဒါဟာအင်မတန်မှလက်တွေ့ကျတဲ့တောင်းဆိုမှုပါ။ဒါကြောင့်ကျန်ပုဒ်မတွေကိုမပြင်ဘဲတင်းခံနေရင်တော့ပြည်သူတွေအတွက်ကအန္တရာယ်မရှိဘဲကိုမောင်မောင်တို့သာပြည်သူတွေထဆူရင်အန္တရာယ်ရှိမှာပါ။ပြဿနာကိုပစ်ပြီးဖြေရှင်းမယ်လို့တော့မစဉ်းစားပါနဲ့။ဆီးရီးယားထက်ဆိုးသွားနိုင်ပါတယ်။ဆီးရီးယားတပ်ကသူ့လူမျိုးအပေါ်မူတည်ပြီးတည်ဆောက်ထားပေမယ့်စာရေးသူတို့တပ်ကတော့လူစုံပါတယ်။ဒါကြောင့်အာဆတ်ကိုသူ့တပ်ကထောက်ခံသလိုထောက်ခံမှုမျိုးရဖို့ကိုမောင်မောင်တို့မလွယ်ပါ။ဆူဒန်ကအဘတွေလဲပစ်ပြီးဖြေရှင်းဖို့ကြိုးစားပေမယ့်မရလိုက်ပါ။

အကောင်းဆုံးကတင်းမခံဘဲပြည်သူ့အစိုးရနဲ့လက်တွေ့ကျကျဆွေးနွေးပြီးပြင်ပါ။မဟုတ်ဘဲတင်းခံနေရင်ကိုမောင်မောင်တို့အဖွဲ့အတွက်အန္တရာယ်များပါတယ်။ပြည်သူတွေအတွက်ကသန်းခေါင်ထက်ညဉ့်မနက်တော့ပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page