top of page
Search

ချီးကျူးထိုက်သူ စေတနာ့ဝန်ထမ်းများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 4, 2020
  • 1 min read

ree

ရန်ကုန်ရဲ့ ကိုဗစ်တိုက်ပွဲမှာ ငွေအားနဲ့ကူတဲ့ အလှူရှင်တွေရှိသလို လုပ်အားနဲ့ကူတဲ့ စေတနာ့ဝန်ထမ်းတွေလဲရှိပါတယ်။ အားလုံးသိတဲ့အတိုင်း ရန်ကုန်မှာနေ့စဉ် ထောင်ချီတဲ့ လူနာတွေရဲ့ စားသောက်၊နေထိုင်မှုနဲ့သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့က ကျန်းမာရေး ဝန်ထမ်းတွေအပြင် လူအများကြီးလိုအပ်ပါတယ်။အနောက်နိုင်ငံတွေမှာ ဥပမာ အီတလီမှာ အလောင်းပို့ဖို့ စစ်တပ်ကိုသုံးခဲ့သလို ယူကေမှာလဲ PPE သယ်ဖို့ ပိုးစစ်ဖို့ တပ်ကိုသုံးခဲ့ပါတယ်။ ပြင်သစ်မှာက lockdown အတွက်ပါ။ မြန်မာပြည်က အနောက်နိုင်ငံတွေနဲ့မတူဘဲ အဆိုပါလိုအပ်တဲ့ ထောင်နဲ့ချီတဲ့ လုပ်အားကို တာဝန်သိလူငယ်လေးများကစေတနာ့ဝန်ထမ်းအနေနဲ့ တိုင်းပြည်တာဝန်ကို ဝင်ယူကြတာပါ။


ree

သူတို့ဟာ လူ့အခွင့်အရေးအကြောင်းပြအာခြောင် ဆန္ဒပြတဲ့ ပြည်ပဩဇာခံအဖွဲ့တွေ သူပုန်ထောက်ပံ့ခံစစ်ပွဲရပ်အဖွဲ့တွေနဲ့မတူဘဲ လက်ရှိအစိုးရကို မိမိအကျိုးကို မကြည့်ဘဲ ဒေါ်လာမမျော်ဘဲ အသက်ကိုပဓာနမထားဘဲ လုပ်နေကြ ကူနေကြတာပါ။ သူတို့ထဲကအချို့ဟာလဲ ပိုးထိလို့ Q ဝင်ရတာတွေလဲ ရှိကြပါတယ်။ သူတို့ဟာ ရန်ကုန်မှာရော နယ်မှာပါ တိုင်းပြည်အတွက် လုပ်နေကြတာပါ။ သူတို့ဟာတိုင်းပြည်အပေါ် တကယ့်ကို စေတနာထားတဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်သူများပါ။ သူတို့ဟာ ငါတို့မရှိရင် တိုင်းပြည်ဘာဖြစ်သွားမလဲဆိုပြီးလဲ အာမခြောင်နေပါ။


ree

သူတို့ဟာ ချီးကျူးထိုက်သော စေတနာ့ဝန်ထမ်းများ Unsung Heroes များလို့ ပြောပါရစေ။ သူတို့ကိုလဲကိုဗစ်ပြီးရင် အစိုးရအနေနဲ့ ဂုဏ်ပြုပွဲ ကျင်းပသင့်ပါတယ်လို့ ပြောပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ree

Photo credit: Soe Myint Aye, Thu Rein Linn, We Love Yangon

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 05, 2020

ဦးမြတ် ! ေစတနာ့ ဝန်ထမ်း

စေတနာ(စေတသိက်/စိတ်ကိုမှီတွယ် စိတ်ကို စိုးမိုးချယ်လှယ်တတ်၏)=စေ့ဆော် ပြုင် စီရင်တတ်သော အစွမ်းသတ္တိရှိ၏။ ကုသိုလ် အကုသိုလ် ၂ မျိုးလုံးတွင်ပါဝင်၏။

စေတနာ #ဖြူဖို့လိုပါသည်#။ ဖြူမှသာ ကို့ယ်ကျိုးမငဲ့ အများ#ကောင်းကျိုး#အတွက် အားကျိုးမာန်တက် ခွန်အားဖက်၊ဇွဲသန်သန်နှင့် ဆောင်ရွက်နိုင်ပါသည်။

ကို့ယ့် ဝန်အားဖြင့် အခြားသူ၏ ဝန် ကိုပါ ထမ်းကူသူ အပေါင်းကို

#ပရဟိတ#လုပ်အားရှင်များဟု ခေါ်ဆိုသမုတ်ကြပါသည်။အခ ငွေကြေး မမျှော်ခြင်း ၊ လိုင်းပေါ်တက် လက်မမထောင် ဂုဏ်မဖော်ခြင်းမှာ အတွင်းစိတ် #မြတ်#သောကြောင့်ဖြစ်ပါသည်။

မေတ္တာ=တပါးသူ ချမ်းသာရေး ကြည်ဖြူခြင်း

ကရုဏာ=တပါးသူအား သနားကြင်နာခြင်း

မုဒိတာ=တပါးသူချမ်းသာရောက်က စိတ် ဝမ်းမြောက်ခြင်း

သို့ပါ၍လည်း ဗြဟ္မဝိဟာရ တရား။ ဗြဟ္မစိုရ်တရားဟု ခေါ်သုံးကြခြင်းဖြစ်ပါသည်။ ပေးဆပ်မှုနှင့် ဖြစ်တည်လာသူများပါ။

အများစုက(ငွေလေးလှုပြီး လိုင်းပေါ်ပုံတင်၊ ပေးကမ်းသောလက်တစုံ ပိုင်ရလို၏ဆိုတဲ့ အမြင် ရှိနေသေးသရွေ့? ?)ရင်တွင်းရှိ ဗြဟ္မဝိဟာရတရားကိုရောက်သည်ထိ မကြည်ညိုနိုင်စွမ်းပါ။(ဗုဒ္ဓဘာသာဝင်အဖြစ်တော့ ခံယူထားကြပါသည့်)။ ဦးသန့် ပြောသလို အသိဉာဏ်နိမ့ကြောင်း ခုကာလမှာ လောလောကြီး ပေါ်လာပါပြီ။

ကျွန်တော် ဦးမြတ်ကို ပရဟိတသမားများအပေါ် မညိုညင်ကြဖို့ရေးပေးရန်တောင်းဆိုခဲ့ဘူးပါသည်။ စားသောက်ဆိုင်က စားပွဲထိုးများ မဟုတ်ပါ။ဟိုတယ်ဧည့်ကြိုလည်း မဟုတ်။ စည်ပင်ဝန်ထမ်းလည်း မဟုတ်။ သူတို့မှ အမျှော် လစာပါ ပါသည်။

ကွာရတင်းစခန်းဝင်အများစုက ပရဟိတသမားများကို အမြင်ရှင်းအောင် မကြည့်နိုင်ခြင်းဟာ နောင်တည်ဆောက်မဲ့ အနာဂတ်နိုင်ငံသစ်တွက် အကောင်း အပေါင်းလက္ခဏာ မဆောင်ပါ။

မိမိတို့အိမ်ပြန်တဲ့အခါ ကိုယ့်အခန်းလေးတော့ သန့်သန့်ပြန့်ပြန့် ရှင်းနေအောင် ရှင်းခဲ့ဖို့တော့ အထူးလိုအပ်ပါသည်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့ နှလုးံသွင်းစိတ်ထားစေတနာနဲ့ပြန်နေလေသမျှ (မေတ္တာ ကရုဏာ မုဒိတာ တရားတွေကလည်း သူတို့နှင့် မဆိုင်လိုပါ)ရင်တွင်းမှာ ဗြဟ္မဝိဟာရတွေ ခမ်းခြောက်နေရပါပြီ။ ဘာလို့ခမ်းခြောက်ရတာလဲ ? အလုပ်သမားအမြင် တန်းတူရည်တူဆက်ဆံမှုပျောက်ဆုံး ၊ ဂါရဝ နိဝါတ တရား ဆိတ်သုန်းနေသောကြောင့်ပါ။

အရင်…


Like

Albert Wint
Albert Wint
Oct 04, 2020

လူ့အဖွဲ့အစည်းအတွင်းအထောက်အကူမရှိကြပါကရပ်တည်ဘို့မလွယ်ကူနိုင်ကြောင်းသက်သေပြလိုက်ခြင်းပါဘဲနော်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page