top of page
Search

ကာလုံမခေါ်တာ DASSK အကွက်ကျော်မြင်ခဲ့တာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 15, 2020
  • 1 min read

ယခုအချိန်မှာ ဖွတ်တွေနဲ့ ဖွတ်တပါတီများက ကာလုံကို ခဏခဏ ခေါ်ခိုင်းလေ့ရှိပါတယ်။ ထူးဆန်းတာကတော့ ANP ပါတီရဲ့ ခေါင်းဆောင်ဟောင်းကြီး ကိုအေးမောင်ကလဲ ထောင်ထဲကနေတောင် ကာလုံခေါ်ခိုင်းခဲ့တာပါ။

နိုင်ငံတိုင်းမှာ ကာလုံရှိတာ မဆန်းပါ။ မြန်မာပြည်မှာကတော့ ကာလုံမှာ တပ်ကလူတွေများနေပြီးအရပ်သားက ကာလုံမှာ နည်းနေပါတယ်။ တပ်ချုပ်၊ ဒုတပ်ချုပ်၊ တပ်ချုပ်ခန့်တဲ့ ဒုသမ္မတမြင့်ဆွေ၊ သူ့ဝန်ကြီးသုံးပါးရှိနေပါတယ်။ အစိုးရဘက်မှာက သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်က နှစ်ယောက်နဲ့နိုင်ငံခြားရေးဝန်ကြီး ငါးယောက်သာရှိပါတယ်။ ၆-၅ ပေါ့။

ကာလုံဟာ တပ်ချုပ်ကို တရားဝင်ခန့်ထားနိုင်ပါတယ်။ ကာလုံမခေါ်ထားလို့ လက်ရှိကာချုပ်သက်တမ်းတိုးထားတာဟာ ခြေဥအရ တရားဝင်လား မဝင်လားဆိုတာ အချိန်မရွေး မေးခွန်းထုတ်လို့ရပါတယ်။ ဒါကို စာရေးသူတို့ အဓိက မဲပြီး ပြောခဲ့ကြပါတယ်။ ဒါက ပထမအကွက်ပါ။

နောက်တစ်ခုက ကာလုံကနေ အရေးပေါ်အခြေအနေကြေညာနိုင်တာပါ။ အာဏာသိမ်းနိုင်တာပါ။ ဒါဟာ တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်ပါတယ်။ ရခိုင်မှာ ဘင်္ဂါလီကိစ္စဖြစ်တော့ ကာလုံမခေါ်ခဲ့ပါ။ အရေးပေါ်အခြေအနေ ပုဒ်မ ၄၃၁ မှာ အရေးပေါ်အခြေအနေ ကြေညာစဉ် တပ်ချုပ်ကလုပ်တာကို တရားစွဲအရေးယူလို့ မရလို့ ခြေဥမှာရေးထားပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကာလုံမခေါ်ခဲ့လို့ ယခုအချိန်မှာ နိုင်ငံတကာက ပြောလာတဲ့အခါ အရေးယူလို့ရနေတာပါ။

ဒီနေရာမှာ ဟိုဟာက ဘင်္ဂါလီမိုလို့ ထားလိုက်ပါ။ ယခုရခိုင်မှာ ဓာတ်ခဲနဲ့ဖြစ်တာတွေမှာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ရင် ကာလုံမခေါ်ထားလို့ အရေးပေါ်အခြေအနေ မကြေညာထားလို့ စစ်ရာဇဝတ်မှုကျူးလွန်သူကို လက်ရှိခြေဥအရကို အရေးယူနိုင်ပါမယ်။ အကယ်၍ DASSK သာ ကွက်ကြိုမမြင်ဘဲ ကိုအေးမောင်ပြောတဲ့အတိုင်းသာ ကာလုံခေါ်ခဲ့ရင် ရခိုင်မှာ အရေးပေါ်အခြေအနေ ကြေညာခံရပြီး သူ့လူမျိုးတွေသာ ပိုနစ်နာသွားမှာပါ။ ဒါပေမယ့် DASSK က ခြေဥကို မပြင်နိုင်သေးပေမယ့် သူလုပ်နိုင်တဲ့အထဲကနေ တိုင်းရင်းသားတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံခဲ့ရရင်တောင် အရေးယူနိုင်အောင် ကာလုံမခေါ်ဘဲ အရေးပေါ်အခြေအနေ မကြေညာဘဲ သူမတတ်နိုင်တဲ့ဘက်က အရေးယူနိုင်အောင် လုပ်ပေးထားပါတယ်။

ဒါကလွယ်တာတော့မဟုတ်ပါ။ ဖွတ်နဲ့ အဘတများကလဲ ကျောင်းသိမ်းမဲ့ကျောင်းသားမှသည်ဘုန်းကြီး၊ လယ်သမား၊ အလုပ်သမား အကုန်ကို မဆူဆူအောင်မြှောက်ပေးပြီး အစိုးရ အကျပ်တွေ့အောင်လုပ်ပါတယ်။ ခရိုနီများကလဲ မီဒီယာအင်အားနဲ့ သတင်းစုံဖွပြီး မဆူဆူအောင်လုပ်ပါတယ်။သူမက ဒါတွေအားလုံးကို ပြည်သူတွေနဲ့အတူ ကာလုံမခေါ်ဘဲ လက်နက်အင်အားမသုံးဘဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

ကာလုံသာခေါ်ခဲ့ရင် သူကရခိုင်မှာ အရေးပေါ်အခြေအနေ ကြေညာခိုင်းပြီး တည်ငြိမ်အေးချမ်းအောင်လုပ်ရင် ဘာမှ နောက်ကြောင်းပြန်အရေးယူလို့မရပါ။ ယခုလက်ရှိအခြေအနေကကောင်းလားဆိုတော့မကောင်းပါ။ တိုက်ပွဲဖြစ်ရင်တော့ တိုက်ရမှာပါ။ ဒါပေမယ့် ကာလုံမခေါ်ထားလို့ စစ်ရာဇဝတ်မှုကျူးလွန်ရင် အရေးယူလို့ရပါသေးတယ်။ အဆိုးထဲက အကောင်းပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page