top of page
Search

ကိုယ်စားလှယ်ရွေးချယ်မှုကို ဘယ်လိုသဘောရလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 23, 2020
  • 1 min read

မနေ့က DASSK ကိုယ်တိုင် ထွက်ရှင်းတာကို နားထောင်လိုက်ရပါတယ်။ ပထမဆုံးက ကွီးကကျန်းမာရေးကြောင့် ပါမလာတာ သေချာသွားလို့ စိတ်မကောင်းပါ။ နော်ပန်းသင်ဇာမျိုးလဲ မပါလို့ စိတ်မကောင်းပါ။ ဒါပေမယ့် DASSK က ပြည်သူ့အသံနားထောင်ခဲ့ပြီး အခြားကိုယ်စားလှယ်တွေကို ရွေးခဲ့လို့ ကျေးဇူးပါ။ အဓိကကျတဲ့ ရန်ကုန်မှာ မိုးကျမပါလာတာ ပြည်သူ့အသံကို နားထောင်လို့ပါ။ ဘယ်သူဒုသမ္မတ၊ ဘယ်သူဝကခ ဖြစ်နိုင်တယ်ဆိုတာကို မနေ့ကစာရင်းကြည့်ပြီး မှန်းလို့ရပါတယ်။ ရွေးထားတာ အင်မတန်ကောင်းတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲ?


ပထမဆုံးက လူဟောင်း ၈၀% ပြန်ပါတာပါ။ ဒါကအရေးကြီးပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ငါးနှစ်မှာသစ္စာရှိကြောင်းပြပြီးလို့ စိတ်ချရသူများပါ။ ဒါကလိုလားဆိုတော့ တပ်က ၂၅% ရှိနေလို့ လိုပါတယ်လို့ပြန်ဖြေပါရစေ။ သစ္စာဖောက်နိုင်တဲ့ ဒေါက်ခိုင်လိုလူမျိုးကို ရွေးမယ့်အစား သစ္စာရှိသူကိုရွေးတာက ပိုကောင်းပါတယ်။ ဒေါက်ခိုင်လို သစ္စာဖောက်သူ ၂၅% ရှိရင် NLD က ဒုက္ခရောက်သွားနိုင်လို့ပါ။ တပ်၂၅% နဲ့ သစ္စာဖောက် ၂၅% ဆိုရင် ဘာအစိုးရဖြစ်သွားမလဲ စာဖတ်သူများ သဘောပေါက်မှာပါ။

ဒုတိယအချက်က ကိုယ်စားလှယ်လောင်းတွေကို ပြည်ထဲရေးက ရာဇဝန်စစ်လေ့ရှိပါတယ်။ အဟောင်းဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ က စိစစ်ပြီးသားမိုလို့ ဘာမှလုပ်မရပါ။ အသစ်ဆိုရင်တော့ ဒါကိုဖြတ်သန်းရပါမယ်။ ဒါကိုလဲ DASSK က သတိပြုမိပုံပါ။


တတိယကောင်းတဲ့အချက်က အမျိုးသမီးတွေ၊ ပညာတတ်တွေ၊ တိုင်းရင်းသားတွေ၊ လယ်သမားကိုယ်စားပြုတွေ ပိုပါလာတာပါ။ ဒါကြောင့်ရွေးထားတာကို ကြိုက်ပါတယ်။


ပြည်သူတွေအနေနဲ့ကတော့ NLD ကို ယုံကြည်စွာမဲပေးပြီး ဒီမိုကရေစီတိုက်ပွဲကို ဆက်ဝင်ဖို့သာ ရှိပါတယ်။ လက်တွဲမဖြုတ်ကြပါနဲ့။ မဲထွက်ပေးကြပါ။ ၂၀၂၁ မှာ ဒီမိုအစိုးရက အရှိန်မြှင့်တိုက်မှာပါ။

စစ်ဖိနပ်အောက် ပြန်မရောက်ဖို့ NLD ကို မဲပေးစို့ပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page