top of page
Search

ကိုဗစ်ကာကွယ်ဆေးမှပြောသော အစိုးရ၏ ခေါင်းဆောင်မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 22, 2021
  • 1 min read

NLD အစိုးရ တက်ခါစမှာ အဘတများက အရပ်သားအစိုးရဟာ ခေါင်းဆောင်မှု မကောင်းဘူး စီမံခန့်ခွဲမှုညံ့တယ် ဘာညာဆိုပြီး ဂျင်းထည့်ကြပါတယ်။ ယခု လေးနှစ်ကျော်လာချိန်မှာ တိုင်းပြည်ရဲ့ လမ်းကအစ လျှပ်စစ်မီး၊ ကျောင်း၊ ဆေးရုံတွေအဆုံး ဘယ်လိုတိုးတက်လာသလဲဆိုတာ အားလုံးသတိထားမိကြမှာပါ။ ခီမောင်နှံရဲ့ ဝန်ကြီးချုပ်တွေနဲ့ တိုးတက်မှုကို ရိုက်ပြတဲ့ ဗီဒီယိုတွေက တပ်မိသားစုတွေပါအဆိုပါတိုးတက်မှုတွေကို အသိအမှတ် ပြုလာစေခဲ့ပါတယ်။ ဥပမာ ကယားပြည်နယ်ဆိုရင် ယခင်ကဝန်ကြီးချုပ်ဟောင်းကို သတင်းသမားတွေနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီများက ဆန့်ကျင်ကြပေမယ့် သူဟာ Vision အမြင်ရှိပြီး သူ့ပြည်နယ်တိုးတက်မှုကိုလုပ်ကြောင်း ရလာဒ်က သက်သေပြသွားခဲ့ပါတယ်။

ဒီနေ့မှာ အောက်စဖို့ဒ်က ကာကွယ်ဆေး တစ်သန်းခွဲဟာ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ ဒါဟာလွယ်လွယ်ရခဲ့တာလား? ကာကွယ်ဆေးမှာ အမေရိကန်နဲ့ ဂျာမန်ထုတ်တဲ့ Pfizer ရဲ့ဆေးက အအေးလွန်တဲ့နေရာမှာသာ သယ်လို့ရလို့ မြန်မာပြည်လို ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ မဖြစ်နိုင်ပါ။ ဒါဆိုရင် ရုရှား၊တရုတ်နဲ့ အင်္ဂလန်ထုတ် ဆေးသုံးမျိုးထဲက တစ်ခုကို ရွေးရပါမယ်။ တရုတ်နိုင်ငံဟာ သူ့ဆေးတွေကိုမြန်မာပြည်ကလိုချင်ရင် ပေးမှာပါ။ သုံးသိန်းတောင် လက်ဆောင်ပေးသွားပါတယ်။ ဒါပေမယ့် ဆေးတွေဟာ စမ်းသပ်ချိန်မှာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံဟာ ယခုအချိန်အထိကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေကို မချပြသေးတာ တွေ့ရပါတယ်။ ဒါ့ကြောင့် DASSK က သိပ္ပံပညာရှင်တွေ အသိအမှတ်ပြုထားတဲ့ အောက်စဖို့ဒ် အင်္ဂလန်က နည်းပညာနဲ့ အိန္ဒိယမှာထုတ်တဲ့ဆေးကို ရွေးလိုက်တာပါ။

DASSK နဲ့ ကျန်းမာရေးဝန်ကြီးဟာ ပြည်သူ့မျက်နှာကိုသာကြည့်ပြီး ကာကွယ်ဆေးကို ရွေးပါတယ်။မိမိတိုင်းပြည်က ဆင်းရဲပေမယ့် သူများပေးတာကို အလကားရတိုင်း မယူပါဘူး။ အရည်အသွေးပြည့်မှသာ ယူပါတယ်။ အထောက်အထားရှိမှသာ ယူပါတယ်။ ဒါက အဘတို့ခေတ်က တရုတ်ကမကောင်းတဲ့ လက်နက်တွေကို ယူထားလို့ ကိုးကန့်တိုက်ပွဲမှာ ပြဿနာတက်တာကို အမှတ်ရစေပါတယ်။

မြန်မာပြည်က အရှေ့တောင်အာရှမှာ စင်ကာပူနဲ့ အင်ဒိုနီးရှားပြီးရင် တတိယမြောက် ကာကွယ်ဆေးထိုးပေးနိုင်တဲ့ နိုင်ငံပါ။ စင်ကာပူက ဖွံ့ဖြိုးပြီး နိုင်ငံပါ။ အင်ဒိုနီးရှားက တရုတ်နိုင်ငံထုတ်ဆေးပါ။ မြန်မာကတော့ အင်္ဂလန်က ဖော်မြူလာနဲ့ ထုတ်ထားတဲ့ဆေးပါ။ ဒီနေရာမှာ DASSK လုပ်သမျှ ဆန့်ကျင်သူများအနေနဲ့လဲ သူမ ဝယ်လာတဲ့ဆေးကို မထိုးဘဲ ရုရှားနဲ့ တရုတ်ကဆေးကိုသာထိုးပါလို့ အကြံပြုလိုက်ပါတယ်။

News Credit: Myanmar Now

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page