top of page
Search

ကျေနပ်အားရ ပီတိဖြစ်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 6, 2020
  • 1 min read

ree

ဒီမိုအစိုးရတက်လာအပြီးကထဲက ဝေဖန်သူများစွာရှိခဲ့ပါတယ်။ အချို့က ကွင်းလုံးပတ်ကန်တယ်လို့ဝေဖန်သလို အချို့ကလဲ အောက်ခြေကစကားကို ဘစိန်လောက်နားမထောင်ဘူးဆိုပြီး ကြံဖန်ဝေဖန်တဲ့ဖွတ်ထွဋ်တို့လဲ ရှိခဲ့ပါတယ်။ ဘစိန်က team work ကောင်းတယ်ဆိုပြီးပြောတဲ့ ဆရာအောင်မင်းတို့လဲ ရှိခဲ့ပါတယ်။

စာရေးသူတို့ကလဲ ခုခံကာကွယ်ပေါ့။ ဒါပေမယ့်လဲ စာရေးသူတို့ရေးတာတွေကို ယုံသူရှိသလို မယုံသူလဲရှိကြမှာပါ။ဒီလိုဝေဖန်မှုတွေဟာ COVID အတွက် ဆွေးနွေးပွဲတွေကို Facebook မှာ ကြည့်လိုက်ရချိန်မှာအများစုက သူမဟာ ဘယ်သူဆိုတာ ပိုသိသွားကြပါတယ်။ တပ်ထဲကလူအချို့တောင် သူမဟာ အဘတွေနဲ့ အတော်ကွားကြောင်း သိလာကြပါတယ်။

ယခုကတော့ Facebook ကနေ DASSKက စတင်ပြီး ပြည်သူတွေနဲ့ ဆက်သွယ်လိုက်လို့ သူမကို ဝေဖန်လေ့ရှိသူ her own critics များကတောင် အံ့ဩသွားခဲ့ပါတယ်။ သတင်းသမားများလဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါတယ်။ တပ်ထဲမှာလဲ အဘတို့က သူမ ဘာတွေပြောမလဲ ရေးမလဲ စောင့်ကြည့်နေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာဘဲ သူမက ဘယ်သူမှထင်မထားတာကို ထပ်လုပ်လိုက်ပြန်ပါတယ်။ သူမက ဘယ်သူမှမထင်ထားတဲ့ မန့်တွေကို ဝင်ဖတ်တာ Facebook ပေါ်မှာ သူမနဲ့သိသူများ တင်ထားတာကို ဖတ်တာတွေပါ။ယခင်ကဆိုရင် သူမထံသွားတဲ့ သတင်းအချို့ကို ထိန်းချုပ်လို့ရခဲ့ပါတယ်။ သူမကြားရင်လဲ အစိုးရဘက်က ပြောတာကို အရင်ကြားပြီးမှာ တိုင်တာကို ကြားခဲ့တာပါ။ ယခုကတော့ သူမက ဒါကို PSO တို့ကိုဇော်တို့ကို မခံဘဲ အိမ်ကနေ ညဘက်ထဖတ်နေလို့ ပြည်သူနဲ့ ထိတွေ့မှုဟာ ဆက်များလာမှာပါ။ သူမက နဂိုကထဲက စာဖတ်အားကောင်းသူပါ။

ဒီနေ့ အခြေခံလူတန်းစားကို ထောက်ပံ့ဖို့က စာရေးသူလဲ မိမိသိသူ ဝန်ကြီးအချို့ကို ပြောခဲ့ဖူးပါတယ်။သူတို့ကလဲ အကြံပေးတာကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဒါပေမယ့်သူမက သာမန်ပြည်သူတွေနဲ့ လိုင်းပေါ်မှာ တွေ့ပြီးချိန်မှာ အများစုအတွက် ဆုံးဖြတ်လိုက်ပုံပါ။

ဒီအချိန်မှာ လက်လုပ်လက်စားများကို ယခုလို စဉ်းစား စီစဉ်ပေးတာက အစိုးရက ပြည်သူတွေအတွက်အမြဲလုပ်ဆောင်ပေးတယ်ဆိုတာကို ပြလိုက်တာပါ။ ယခုလို ပြည်သူကို ထောက်ပံ့နိုင်တယ်ဆိုတာဟာလဲ ပြီးခဲ့တဲ့ လေးနှစ်နီးပါးအတွင်းမှာ လက်ရှိအစိုးရက မခိုးဘဲ စုခဲ့လို့ လုပ်နိုင်တာပါ။ ကြားရ မြင်ရတွေ့ရတာ ကျေနပ် အားရ ပီတိဖြစ်မိပါတယ်။

အမေကျန်းမာပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page