top of page
Search

ကျွန်တော်တို့နိုင်မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 18, 2021
  • 1 min read

မနေ့က အချို့လူများက ရန်ကုန်က PDF အဖွဲ့ဝင်အချို့ အဖမ်းခံရလို့ စိတ်မကောင်းဖြစ်တာ စိတ်ဓာတ်ကျတာရှိကြပါတယ်။ အချို့ကလဲ ကျွန်တော်တို့ နိုင်မှာလားဆရာဆိုပြီး လာမေးကြပါတယ်။

ဒီနေရာမှာ ယခုလို မိနေတာတွေက မအလတပ်က သိပ်တော်နေလို့ မဟုတ်ပါ။ သူက လူ့အခွင့်အရေးတွေချိုးဖောက်တယ်၊ ဝန်ကြီးချုပ်မိန်းမတောင် သူတို့လိုချင်တာအတွက် မဖွယ်မရာလုပ်နေတဲ့အချိန်မှာ သာမန်ပြည်သူတွေကိုမိရင် ဖက်ဆစ်ဂျပန်က အဖေခေါ်ရအောင် ရိုက်နှိပ်စက်လေ့ပြီး ကွင်းဆက်ရှာဖမ်းလေ့ရှိပါတယ်။ စာရေးသူ ယခင်က အကြိမ်ကြိမ်ရေးခဲ့သလို PDF တွေ နိုင်ငံရေးသမားတွေဟာအကြိမ်ကြိမ်နှိပ်စက်ရင် အမေရိကန် မရိမ်းအထူးတပ်လို အနှိပ်စက်ခံနိုင်အောင် လေ့ကျင့်ထားတာမဟုတ်လို့ ပြောမိမှာပါ။ စာရေးသူတို့ရေတိုမှာ လုပ်ရမှာက သူတို့သိတာ နည်းလေ သတင်းပေါက်တာနည်းလေပါ။

ပထမ မူလမေးခွန်းကို ပြန်ဆက်ပါမယ်။ စာရေးသူတို့ အစပိုင်း အာဏာသိမ်းချိန်မှာ DASSK အစသမ္မတရော NLD CEC အားလုံးနီးပါး အဖမ်းခံခဲ့ရပါတယ်။ လူတိုင်း DASSK ကိုချစ်ခင်လေးစားပါတယ်။ သူမအဖမ်းခံရလို့လဲ ဝမ်းနည်းမှာပါ။ ဒါပေမယ့် လူတိုင်းတိုက်ပွဲဝင်ခဲ့လို့ ယခုအချိန်မှာတော်လှန်ရေးဟာ ယခင်ကနဲ့မတူအောင် အောင်မြင်လာတာ တွေ့ရပါတယ်။ ဥပမာ ပြပါဆိုရင် ဆန္ဒပြပွဲကြီးတွေ ပေါ်လာပြီး ယခုထိရှိနေဆဲပါ။ CDM ဆိုတာလဲ ပေါ်လာခဲ့ပြီး ယခုထိရှိနေဆဲပါ။ အဲဒါတွေထက် ပိုပြီးထူးခြားတာက စာရေးသူတို့ ဒီမိုတွေမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့တပ်မရှိခဲ့ပါ။ယခုအချိန်မှာ ပြည်သူ့တပ် PDF တစ်သိန်းကျော်ရှိနေပါပြီ။ သူတို့မှာ လက်နက်မပြည့်စုံသေးပါဘူး။ဝန်ခံပါတယ်။ ဒါပေမယ့် သူတို့မှာ စစ်ပညာတွေပြည့်ဝနေပါပြီ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ယခင်က စာရေးသူတို့အမြဲခံနေရတာကနေ ယခုအချိန်မှာ စစ်ခွေးရဲခွေးနဲ့ ခွေးအားပေးသူ ခွေးကျွန်ဘောမစုစုပေါင်း ၇၀၀ သုတ်သင်နိုင်ခဲ့ပါပြီ။ ဒါက ဇော်မဲလုံးရဲ့ လိမ်ပြောထားတဲ့ အရေအတွက်ကို သနားလို့ ယူသုံးတာပါ။ တကယ်က မအလဖက်ဆစ်တပ်ထဲမှာတင်ထောင်ကျော်သေပြီး သုံးထောင်ကျော် ဒဏ်ရာရထားပါတယ်။ သင်ဖေဖော်ဝါရီလ (၁)ရက်နေ့ကစာရေးသူတို့မှာ သူတို့ကို ပြန်သတ်နိင်မယ်လို့ ဘယ်သူမှ တွေးမိခဲ့မှာမဟုတ်ပါ။ စစ်ကိုင်း၊ ချင်းနဲ့ မကွေးမြောက်ပိုင်းမှာ မအလတပ်ဟာ ကချင်နဲ့ရခိုင်မှာလို ကျီးလန့်စာစားနဲ့ သွားလာနေရပါပြီ။ ဒါမျိုးသင်ဖြစ်လိမ့်မယ်လို့ ဖေဖော်ဝါရီ (၁) ရက်က ဘယ်သူမှ တွေးမိလိမ့်မည်မထင်ပါ။ မအလကို အာဆီယံက ယခုလို အစည်းအဝေးမဖိတ်ဘဲ ထားမယ်လို့ ဖေဖော်ဝါရီ ၁ ရက်က သင်ထင်ခဲ့မှာ မဟုတ်ပါ။

စာရေးသူတို့ လူသားတွေအနေနဲ့ DASSK အဖမ်းခံရတာ၊ ကိုဂျင်မီအဖမ်းခံရတာ၊ ကိုဖြိုးဇေယျာသော်အဖမ်းခံရလို့ ဝမ်းနည်းမိပေမယ့် ဒါ့ကြောင့် တော်လှန်ရေးဟာ ရပ်မသွားဘဲ ပိုအားကောင်းလာတာသာတွေ့ရပါတယ်။ စာရေးသူတို့ဘက်မှာ စနစ်တကျလေ့ကျင့်ပေးထားတဲ့ PDF တွေ အများကြီးရှိပါတယ်။သူတို့ဟာ တိုင်းပြည်အတွက် အသက်ကိုပေးပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါ။ သူတို့ဘာလိုနေလဲဆိုတော့ လက်နက်ပါ။

မိဘပြည်သူများအနေနဲ့ ထိုင်ပြီး ဝမ်းနည်းမနေဘဲ NUG က နိုဝင်လာ ၂၂ မှာ ရောင်းချမယ့် ငွေတိုက်စာချုပ်ကို ဝယ်ဖြစ်အောင် ဝယ်ကြပါ။ မိမိတို့နဲ့ နီးစပ်ရာ PDF လေးတွေကိုလဲ ထောက်ပံ့ကြပါ။ ထိုင်နေလို့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ တစ်ဗိုလ်ကျရင် တစ်ဗိုလ်ဆက်တက်ပြီး ပြည်သူက ကူညီရင် ဤခရီးကမဝေးတော့ပါ။ စာရေးသူတို့ တော်လှန်ရေးစအပြီး ဆယ်လအတွင်း စစ်ခွေးတစ်ထောင်ကျော် ရှင်းနိုင်ခဲ့ပြီဆိုတာ မမေ့ပါနဲ့။ သုံးထောင်က စာအုပ်ရောင်းစားရတဲ့ သူတောင်းစားဘဝ ရောက်သွားခဲ့ပါပြီ။ ဒါတွေဟာ ပြည်သူ့ကြောင့်ပါ။ ဆန္ဒဆက်ပြပါ။ နွေဦးထီထိုးပါ။ NUG ကို အခွန်ဆောင်ပါ။ NUG ငွေတိုက်စာချုပ်ကို ဝယ်ပါ။ ငွေရှိမှ လက်နက်ရှိမှာဖြစ်ပြီး လက်နက်ရှိမှ စစ်ခွေးကိုရှင်းနိုင်မှာပါ။ စစ်ခွေးကိုရှင်းနိုင်မှ ပြည်သူနိုင်မှာပါ။ ယခုအချိန် နောက်ပြန်လှည့်ကြည့်လိုက်ရင် စာရေးသူတို့က လမ်းတစ်ဝက်ကိုရောက်နေပါပြီ။ နိုင်မှာက အသေအချာပါ။ ပြည်သူ့အားသာလိုတာပါ။ ပြည်သူသာ အဓိကပါလို့ထပ်ပြောပါရစေ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 19, 2021

ဦးမြတ်!!! စီဒီအမ်တစ်ဦး၏ ရင်တွင်းမှသံသယစကား ။

သံတမန်နည်းအရတော့ ဟုတ်ပါတယ်။စစ်ရေးအနေနဲ့ လွယ်ပါ့မလား။ ဟုတ်ကဲ့။

နိုင်ပါ့မလား ဆရာ နှင့် သုံးလဆို နိုင်မှာလား မအလ ခေါင်းစဉ်ဆောင်းပါးနှစ်ပုဒ် ပေးဖတ်လိုက်ပါသည်။

သံသယ မဝင်၊ အမှန် မြင်သွားပါသည်။

ပို၍ ပို၍ သံသယ ကင်းစရာများက တဖြည့်ဖြည်း ရုပ်လုံးပေါ် ကြွ ထ လာပါသည်။

~•••√ ကလေးမြို့ ပီဒက်ဖက် စခန်း ဝင်ရောက်စီးနင်းမှု။ ဓါးစာခံအဖြစ်အဖမ်းခံထားရသော အမျိုးသမီးငယ် ရှစ်ဦးပါဝင်သော (အရာရာမှာ တတ် ၊အရာရာမှာ တော်သော တတ် တော် အစု)တတ်တော်အဖွဲ့ ကလေးပီဒီဖက်မှ ဝိုင်းဝန်းပိတ်ဆို့ထား၍ သုံးရက်မြောက်သည့်တိုင် ထွက်ပေါက်မရ၊ ပိတ်လှောင် ခံနေရပါသည်။

~•••∆ စစ်ကိုင်းနယ်မြေ။ တတ်တော်သားများ မိုင်းဆွဲမှုခံရပါများ၍ ကားဖြင့် မရွေ့လျားတော့ပဲ၊ခြေလျင်ကုန်းကြောင်း ပစ် နေရပါသည်။ ကုန်းကြောင်းခရီးမှာပင် တရွာနှင့် တရွာ ချိတ်ဆက်မှုကြောင့် ဟိုနေရာ ကားကနဲ ၊သည်နေရာ ခွေကနဲ

အ‌ေြခနေက အသေ ရဲ နေရပါသည်။

~•••¶¶¶ ဦးမြတ် တင်ပြခဲ့ဖူးသော ရန်ကုန် မန္တလေး လမ်းပိုင်း။

ပျော်ဘွယ်နှင့် ရွေဒါး အကြား တံတားအဝင်မှာ ရိက္ခါနှင့် ထောက်ပို့ရထား မိုင်းဆွဲခံရပြီး စက်ခေါင်းနှင့်တွဲ အချို့ ချောင်းထဲသို့ ထိုးကျကာ လူ အသေအပျောက် ရှိခဲ့ပါသည်။

သတင်းမှန်မတက်မီက စကစ အလိုတော်ရိ သတင်းကွန်ယက်မှ ဖြန့်သော သတင်းတွင် **ဇလီဖားများတင်ဆောင်လာသော ကုန်ရထားတစ်စီး ပျော်ဘွယ်အလွန်တွင် *နွားအုပ်ကြီး*အား တိုက်မိ၍ တိမ်းမှောက်ဟု ဖော်ပြထားပါသည်။

ဇလီဖားတုံးများကို GBHV အမိုးအကာပါသည့် တွဲလုံများနှင့် သယ်ဆောင်ရပါသနည်း။ တင်ချ လွယ်ကူမြန်ဆန်စေသောWBY သစ်လုံးတင်တွဲ၊ ကျောက်တင် ပက်လက်တွဲများဖြင့် အဘယ်ကြောင့် မတင်ပါသနည်း။

စကစ၏ ရင်တွင်းသောက အပူ မည်မျှပြင်းထန်နေပါသနည်း။ အလိုတော်ရိ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page