top of page
Search

ကြားနေတဲ့ကုလလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 9, 2022
  • 1 min read

စာရေးသူဟာ ကုလကိုမမျှော်ခဲ့တာ ကြာခဲ့ပါပြီ။ အမေရိကန်လဲ မမျှော်ပါ။ ဘာလို့လဲဆိုတော့ကမ္ဘာပေါ်မှာ ယူကရိန်းကို ရုရှားကျူးကျော်တာကို ရုရှားဗီတိုကြောင့် ကုလက ဘာမှလုပ်မရသလို အစ္စရေးက ပါလက်စတိုင်းကို ကျူးကျော်သိမ်းထားတာကိုလဲ အမေရိကန်ဗီတိုကြောင့် ကုလက ဘာမှလုပ်မရပါ။ ဒါကမျှတအောင် ရေးပြတာပါ။ ကုလက ဆီးရီးယားမှာလုပ်တဲ့WHO မိန်းမဆို ဒေါ်လာသောင်းချီဖြုန်းပြီး အလွဲသုံးစားလုပ်ခဲ့ပါတယ်။ သူက ကုလဟာ ဆီးရီးယားပြည်သူတွေကို ထောက်ပံ့ဖို့ဆိုတဲ့ သီအိုရီနဲ့ အာဆတ်ဘောမပြီး ဆီးရီးယားမှာ ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက် ထိုင်သုံးတော့တာပါ။ ယခုလဲ ကုလအဆင့်မြင့်အရာရှိဆိုတာဘောမဖြစ်ဖို့များပါတယ်။ သူက NUG ကို ဖိတ်ရင် ဘက်လိုက်မှာစိုးလို့ပြောပေမယ့် သူ့အဖွဲ့အချို့က မအလနဲ့စကားပြောတာလဲ ရှိနေတာပါဘဲ။

စာရေးသူတို့ တော်လှန်ရေးဟာ မြန်မာလိုတွေး မြန်မာလိုတိုက်ရင် နိုင်ကိုနိုင်မှာပါ။ ဗမာ့တော်လှန်ရေးကို ကုလလိုတွေး အမေရိကန်လို တိုက်နေရင်တော့ နောက်ဘဝပါ။ ဥပမာအနေနဲ့ ပြောပြပါ့မယ်။ ဘားအံအဖြစ်ကိုကြည့်ပါ။ ကရင်ပြည်နယ်နေ့ အခမ်းအနားနားမှာ ဗုံးဖောက်လိုက်အပြီးမှာ မအလကိုယ်တိုင် လာတက်ဖို့အစီအစဉ် ပျက်သွားခဲ့ပါတယ်။ ဘယ်ပြည်သူမှလဲ မသွားရဲတော့ပါ။ ဒါက လက်တွေ့ကျတဲ့နည်းပါ။ အေးမြဖြူကို ဒီရထားကြီး မမှီတော့ဘူးပြောနေရင် ကြာပါတယ်။ အေးမြဖြူကလဲ သူလုပ်စရာရှိတာ သူလုပ်မှာပါ။ စာရေးသူတို့ကလဲ  KIA ပွဲကိုလုပ်သလို အဲဒီနားမှာလုပ်လိုက်ရင် နောက်လူတွေ ရထားမမှီမှာကြောက်သွားမှာပါ။ ဒါက ဗမာ့နည်း ဗမာ့ဟန်ပါ။ ဒါကို ကုလလို ပြစ်တင်ရှုတ်ချ အမေရိကန်လို ပစ်မှတ်ကို ဒေါ်လာ သန်း၂၀ လောက်နဲ့ အတိအကျ ဘေးလူမထိအောင် စဉ်းစားနေရင်တော့ ရထားကြီးက ထွက်သွားမှာပါ။

ဒီနေရာမှာ အမေရိကန်အစိုးရထောက်ပံ့တဲ့ VOA ကနေ ဒို့အသံအစီအစဉ်က ထားဝယ်မှာကလေးရှေ့ မအလတပ်က သူ့အဖေကိုဖမ်းလို့ ကလေးစိတ်ဒဏ်ရာရတာနဲ့ PDF က ဗုံးခွဲလို့ကလေးတစ်ယောက်စိတ်ဒဏ်ရာရတာကို ယှဉ်ပြီးကလေးတွေကို စိတ်ဒဏ်ရာရအောင် မလုပ်ဖို့ဆိုပြီး ပညာပေးပြောသွားပါတယ်။ ပြီးတော့ PDF ခေါင်းဆောင်ကို အင်တာဗျူး ဟိုကကလေးတွေမထိအောင် လုပ်ပါ့မယ်ဆိုပြီး ပြောသွားပါတယ်။ ဒါဆိုရင် VOA ကိုထောက်ပံ့တဲ့အမေရိကန်က စာရေးသူတို့ကို လက်နက်ထောက်ပံ့မှာလား ကလေးတွေကိုမထိအောင် ပစ်လို့ရတဲ့ အဆင့်မြင့်လက်နက်တွေ ထောက်ပံ့မှာပါလား? အဖြေက No No No ပါ။ မထောက်ပံ့တဲ့အပြင် လက်တွေ့လုပ်နေသူတွေ ဒုက္ခရောက်အောင် လုပ်ရကျပ်အောင် သူ့လက်အောက်ခံထောက်ပံ့တဲ့အဖွဲ့တွေကနေ လုပ်သွားတာပါ။ ဥပမာ စာရေးသူက ကလေးနဲ့ခရီးသွားတာကိုPDF က VOA နားထောင်ပြီး ဒို့အသံရဲ့ ပညာပေးတာကိုလက်ခံပြီး ဘာမှမလုပ်ဖူးထားပါ။နောက်ပိုင်းစာရေးသူက လေယာဉ်တက်မောင်းပြီး PDF စခန်းကို ဗုံးလာကြဲရင် အမေရိကန်ကအဲ့ဒီလေယာဉ်ကို ပစ်ချတဲ့ လက်နက်မထောက်ပံ့ထားလို့ အောက်ကလူတွေ သေရုံကလွှဲပြီးဘာမှမတတ်နိုင်ပါ။ ပြီးရင် ကုလ၊ အမေရိကန်နဲ့ အနောက်အုပ်စုက တုန်လှုပ်တာကလွဲပြီး ဘာမှပိုမလုပ်ပါ။

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပါ။ ဗမာ့နည်း ဗမာ့ဟန်နဲ့တိုက်ပါ။ အမေရိကန်ထံက လက်နက်ရရင်တော့ သူပြောသလိုတိုက်ပါ။ မဟုတ်ဘဲ ကုလလိုလို အမေရိကန်လိုလို မလုပ်ပါနဲ့။ ဗမာ့ပြဿနာက ဗမာ့နည်းနဲ့ ပြတ်ပြတ်သားသားရှင်းရင် မြန်မှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page