top of page
Search

ကြားညပ်နေသော ရွေးကော်နှင့် စားဖားအဖွဲ့အချို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 24, 2020
  • 1 min read

ree

မြန်မာပြည်ရဲ့ရွေးကော်ဟာ ထိပ်ပိုင်းမှာ လစာပေးပြီးဖွဲ့ထားပါတယ်။ ဗဟို၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အထိပါ။ သူတို့ဟာ လိုအပ်ရင် နိုင်ရှုံးအယူခံတွေကို ဆုံးဖြတ်နိုင်ပါတယ်။ ပါတီတွေကို ဖျက်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် အထောက်အထားလိုပါတယ်။ ဒါပေမယ့် သူ့အောက်မှာက တပ်သားမရှိပါ။

ဥပမာ မဲစာရင်းဆိုရင်သူက လဝကနဲ့ ထွေအုပ်ကို အခြေခံလုပ်ရပါတယ်။ နောက် ပရဟိတသမားတွေပေါ့။ ဒါကြောင့် လဝကနဲ့ ထွေအုပ်က ပညာပြရင် ခံရပါမယ်။ ဒါက မဲစာရင်းပါ။

နောက် ကိုယ်စားလှယ်တွေ၊ ပါတီတွေ။ ဥပမာ ပါတီတစ်ခုထောင်တယ်ဆိုပါစို့။ အဆိုပါပါတီဟာ သူပုန်နဲ့ဆက်သွယ်လား၊ ဘိန်းသမားလား၊ ဝရမ်းပြေးလားဆိုတာကို ပြည်ထဲရေးကနေ သတင်းပို့ပါတယ်။ အဲ့ဒီသတင်းပေါ်မှာမူတည်ပြီး ရွေးကော်က ဆုံးဖြတ်ရတာပါ။ သူ့မှာ ကိုယ်ပိုင်ထောက်လှမ်းရေးမရှိပါ။ ဒါကြောင့် နှင်းဆီကျော်မြင့်ရဲ့နောက်ကြောင်းကို ပြည်ထဲရေးက clear ပြစ်မှုရှင်းတယ်ဆိုရင် သူက ဖျက်မရပါ။

နောက်လွှတ်တော်ကိုယ်စားလှယ်တွေ။ သူတို့က ကိုယ်စားလှယ်အဖြစ်လျှေက်ထားရင် သူကပြည်ထဲရေးကို အဆိုပါလူရဲ့နောက်ကြောင်းကို မေးရပါတယ်။ ဥပမာ နိုင်ငံခြားမှာနေခဲ့လား သူပုန်နဲ့အဆက်အသွယ်ရှိလား ဘာညာပေါ့။ ရခိုင်မှာ တပ်ထဲကနေ တောခိုသွားတဲ့ ဗိုလ်မှူးရဲ့အဖေ အမတ်ကိုပြည်ထဲရေးက သတင်းပို့လို့ ရွေးကော်က ပယ်ရပါတယ်။ ဒါကြောင့် စံနှုန်းက နှစ်ခုဖြစ်နေတာပါ။


နောက် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကိစ္စပါ။ အဆိုပါအဖွဲ့တွေဟာ ရွေးကော်မှာ ခွင့်တောင်းရပါတယ်။ အဖွဲ့ဖွဲ့ရင် အသင်းအဖွဲ့မှတ်ပုံတင်ကို ပြည်ထဲရေးက ထုတ်ပေးပါတယ်။ ထူးခြားဖြစ်စဉ်ကPACE Myanmar ပါ။ အဆိုပါ အဖွဲ့ဟာ အမေရိကန်နှင့် ယူကေကနေ ဒေါ်လာသန်းချီရပါတယ်။ မြန်မာပြည်မှာ အဖွဲ့ဖွဲ့ပါတယ်။ သူက ၂၀၁၄ ကစတယ်လို့ဆိုပါတယ်။ သူက ပြည်ထဲရေးမှာ မှတ်ပုံတင်မထားပါ။ သူက ပြည်သူတွေက ခြေဥပြင်တာကို စိတ်မဝင်စားဘူး ဘာညာဆိုပြီး စာတမ်းထုတ်လို့ စာရေးသူ၂၀၁၈ ကရေးတာ မှတ်မိကြမယ်ထင်ပါတယ်။ သူက ပြည်သူ ၂၆၀၀ ကို နေရာ ၄၀၀ မှာ စစ်တမ်းကောက်ပြီး ၁၆% ကသာ တပ်ကို လွှတ်တော်ထဲမှာ မရှိစေချင်တာလို့ Park Royal မှာ ၂၀၁၈ ကသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ အဲ့ဒီအချိန်က အဘတွေက ဖီးတွေ့ပြီး လွှတ်ပေးထားခဲ့ပါတယ်။၂၀၁၇ မှာ သူတို့က ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်ချိန်က ပြည်ထဲရေးက ရွေးကော်ကို ဘာမှသတိမပေးခဲ့လို့ ရွေးကော်က ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် PACE Myanmar က ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်မယ်လို့ ထလုပ်ချိန်မှာ ပြည်ထဲရေးက ရွေးကော်ကို ဒီအဖွဲ့ဟာ အသင်းအဖွဲ့မှတ်ပုံတင်အရမှတ်ပုံတင်မထားကြောင်း ဥပဒေနဲ့မညီကြောင်း အကြောင်းကြားပါတယ်။ ရွေးကော်က ဒါကြောင့်ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်မပြုလို့ပြောချိန်မှာဘဲ NGO ၄၀၀ က ထအော်ပါတယ်။ သင်ဇာဖွတ်လဲ့ရည်တို့က ထိပ်ဆုံးကပေါ့။ ခေတ်သစ်နဲ့ ဆောင်းခတို့ကလဲ အော်ပါတယ်။ သူတို့ကို ထောက်ပံ့တဲ့ နိုင်ငံတွေကညအတူတူမိုလို့ပါ။ ဒါနဲ့ ရွေးကော်က မှတ်ပုံတင်ရင် ခွင့်ပြုမယ်ဆိုပြီး အလျော့ပေးလိုက်ရပါတယ်။ ဥပမာ ရုရှားနဲ့ တရုတ်က အမေရိကန်နဲ့ ယူကေမှာ PACE US, PACE UK ဆိုပြီး NGO ဖွဲ့ ပိုက်ဆံထောက်ပံ့ပြီးရင် သူတို့နိုင်ငံရဲ့ ဥပဒေအတိုင်း မှတ်ပုံမတင်ဘဲ စောင့်ကြည့်မယ်ရင် အဆိုပါနိုင်ငံတွေကခွင့်ပြုမလား အဆိုပါနိုင်ငံတွေမှာနေသူများ သိပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Facebook က ကြော်ငြာနဲ့တောင် ရုရှားက ဝင်စွက်တယ်ဆိုပြီး အော်နေတာပါ။ ဒီဖြစ်စဉ်ကိုကြည့်ရင် PACE Myanmar က အဘကြိုက်စစ်တမ်းလေးတွေ အစပိုင်းမှာထုတ် အဘကလဲ လွှတ်ထားပေးပြီးနောက်ပိုင်းကြမှ ကျပ်ပေးပြီး ရွေးကော်နဲ့ တည်ပေးတာပါ။ သူတို့လိုချင်တာက NGO တွေကပါ ရွေးကော်ကိုဝိုင်းပြောရင် ရွေးကော်အပေါ် နိုင်ငံတကာက ယုံကြည်မှု ကျဆင်းအောင်နဲ့ အဆိုပါရွေးကော်ကလုပ်တဲ့ ရွေးကောက်ပွဲကို အမြင်မကြည်အောင်ပါ။ NGO ရော စစ်တပ်ကရော ဒီမိုအစိုးရပုံရိပ်ကျအောက်လုပ်တာချင်း အတူတူပါ။


ပြည်သူက ဘာလုပ်ရမလဲ? ရွေးကောက်ပွဲကို ဖျက်ချင်သူများဟာ နှစ်ဖက်စလုံးမှာ ရှိပါတယ်။ အဘကပွဲဖျက်ချင်သလို င်္ဘဂါလားဒ်ေ့ရှ်က ဒုက္ခသည်စခန်းက င်္ဘဂါလီကို မဲပေးခွင့်မရလို့ ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးဆိုပြီး ထအော်တဲ့ ကုလကိုယ်စားလှယ်လဲရှိပါတယ်။ ပြည်သူက မဲစာရင်းစစ်၊ မဲထွက်ပေးပြီး တုန့်ပြန်ရမှာပါ။ အပြတ်အသတ်နိုင်ရင်တော့ ဘယ်အဖွဲ့ကမှ ဝင်စွက်လို့မရပါ။


News Source: 7 day News, VOA News

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 25, 2020

ဦးမြတ် ! ကိုယ်ကျင့်တရား ၊ လိုက်နာကျင့်သုံးရမည့် စည်းကမ်းနှင့် နည်းလမ်း ။ ***သိက္ခာ***

စည်းစိမ်ဥစ္စာ **% ရိက္ခာ %**


ဤအချင်းအရာနှစ်ရပ် အားပြိုင် လွန်ဆွဲမှုကြောင့် ဦးမြတ်ဆောင်းပါး ပေါ်ထွက်လာရသည်ဟု ယုံကြည်မိပါသည်။

ရိက္ခာဖက် မျက်နှာမူဦးစားပေးလွန်းရင် အကျင့်သိက္ခာဟာ(ထိုသု၏ ကျောဘက်၊ ဆန့်ကျင်ရာအရပ်မှာ) ဆေးဖော် ကြောဖက် အသိအမှတ်အပြုမခံရပါ။

ရေလှိုင်းပုတ်လို့ သဲသောင် မြုပ်ရပါသည်။


သိက္ခာဦးစားပေးသူတို့အတွက် ရိက္ခာက *ဝ ဖို့* မဟုတ်၊ ရှင်သန်ရေးအတွက် **မျှတ ရုံမျှ **။

လေထန်လို့ လှိုင်းကြမ်းကြမ်းတွေ ကမ်းပါးက ကျောက်ဆောင်လာတိုက်တဲ့အခါ ဖရိုဖရဲပြိုကဲဲပီး မူလလာရာဆီပြန်ရပါသည်။

**%%အူမတောင့်မှ သီလစောင့်နိုင်မည်%%** ယုံကြည်ချက် အဆက်ဆက် တည်ခဲ့လို့ ဤပြသနာဖြစ်ရပါသည်။

%% ရိက္ခာ လူ

***သိက္ခာ မူ

အားပြိုင်ကြပါတော့မည်။ ရိက္ခာ လူတို့ ရိက္ခာ အယူလွန်လို့ နွံနစ်

ဘဝတွေ ကျွန်ဖြစ်ခဲ့ရပါပြီ။

ကိုယ်ကျင့်ဖြူဖြူ သိက္ခာကို မျက်နှာ မူ နေသူတို့ ကြောင့် အမှောင်တွေ လင်း ခဲ့ရပါပြီ။ ကွေ့ကောက်နေတာတွေ (သူတို့သိက္ခာ အစွမ်းရှိသလောက်သော အစွမ်းနဲ့အညီ) တတ်နိုင်သလောက်

ဖြေဖျောက်နိုင်ခဲ့ပါပြီ။

လုံးလုံးကြီး လင်း

ရှင်းရှင်းကြီး ဖြောင့်ဖို့

သိက္ခာ မူ သူအပေါင်းတို့အား၊ ၈ နိုဝင်ဘာမှာ အားပေးရင်း ချီးမြှောက် မြှင့်တင်ကြပါစို့။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page