top of page
Search

ကျေးဇူးရှင်ကို သိတတ်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 25, 2019
  • 1 min read

ကျေးဇူးရှင်ကို သိတတ်ပါ

မနေ့က ဟို အတိုက်အခံ နိုင်ငံရေးတပ်ပေါင်းစုက DASSK က ICJ ကို သွားရှင်းမှာကို သူကနိုင်ငံခြားရေးဝန်ကြီးမိုလို့သွားတာဆိုပြီး ကျေးဇူးမတင်တဲ့စကားပြောတာ ကြားလိုက်ရပါတယ်။ သူတို့ဟာ ဖွတ်ပါတီတွေမိုလို့ ဖွတ်စကားပြောပေမယ့် အခြေခံ ကျေးဇူးတင်ရမှာကိုတောင် မတင်တာတွေ့ရပါတယ်။

ပထမဆုံးပြောချင်တာက ဒီပြဿနာဟာ DASSK လုပ်ထားတဲ့ ပြဿနာမဟုတ်ပါ။ ဖွတ်၊ ANP နဲ့ မအလပေါင်းလုပ်ထားတဲ့ ပြဿနာပါ။ နောက်ဒီဟာက ဥပဒေကြောင်းအရသာ သွားရမှမိုလို့ စာရေးသူသာDASSK နေရာမှာဆိုရင်မသွားပါ။ ဘာကြောင့်လဲဆိုတော့ မိမိတပ်ကရတဲ့ သတင်းဟာ ဘယ်လောက်မှန် မမှန် မသိလို့ပါ။ မနေ့က ဓာတ်ခဲတင်တဲ့ ခမရ ၃၁၃ ကဟာဆိုရင် ကြည်းတပ်က ငြင်းထားတာကိုဓာတ်ခဲက တင်တာပါ။ ဒါက မိမိတပ်ကလူပျောက်တာကိုတောင် အမှန်မပြောတော့ စာရေးသူတောင်ဘာပြောရမှန်းမသိပါ။ စာရေးသူသာဆို ဒီလိုနောက်ကျောကို ဓားနဲ့ထိုးနိုင်လို့ ဘယ်မှ သွားမရှင်းပါ။ယခု DASSK က လူသားဆန်ဆန် ခေါင်းဆောင်ပီသစွာ သွားရှင်းချိန်မှာ မိမိသာဆို ကျေးဇူးတင်မှာပါ။ယခု ဖွတ်နဲ့ သူ့မိတ်ဆွေတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ အဝီစိရောက်နေတယ်လို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Nov 26, 2019

အမှန်မမြင်နိုင် မပြောနိုင်သူတွေပါ။ ဒီအရွယ်ထိစိတ်ဓါတ်တွေမပြင်နိုင်ကြသူတွေပါ။အသက်ကြီးလို့ လူကြီးဖြစ်လာတဲ့သူတွေပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page