top of page
Search

ကျော်ဇေယျ၏ စေတနာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 3, 2020
  • 1 min read

ကျော်ဇေယျက လွှတ်တော်မှာ အရေးကြီးအဆိုတင်ဖို့လုပ်တယ်။ သူ့ရဲ့ အဓိကအချက်က ကွီးဖြိုးကိုတိုက်ဖို့။ ဟန်ဆောင်ရည်ရွယ်ချက်က အားလုံးတန်းတူဖြစ်ရေး၊ တရားမျှတရေးပေါ့။ ဒါဆို တပ်ချုပ်ညောင်ရေသွန်းပွဲလုပ်တုန်းက ဘယ်သွားသေနေပါသလဲ။ သူ့အဖေလေ။ သူရော သတင်းဌာနတွေကပါသူတို့ရဲ့ပထွေးကို မျက်စောင်းတောင် မထိုးရဲပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ တပ်ထဲမှာကျောင်းပိတ်ချိန်ဆိုပြီး YMBA နဲ့ပေါင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်တယ်။ လူတွေ ရာဂဏန်းချီတက်တယ်။ ကြည်းတပ်၊ ရေတပ်၊ လေတပ် အကုန်ဖွင့်ရတယ်။ ဘယ်သတင်းသမား အာခြောင်ရဲလဲ? ကျော်ဇေယျဆို သူ့မဲဆန္ဒနယ် ဒဂုံက အမှတ် (၂) စစ်ဆေးရုံထဲမှာ လူစုလူဝေးနဲ့ ယဉ်ကျေးလိမ္မာလုပ်တယ် သူသွားကန့်ကွက်သလား? ဇော်ဌေးဘာပြောရဲပါသလဲ? ဘယ်သတင်းဌာနရေးရဲပါသလဲ? ဧရာဝတီ၊ခေတ်သစ်?




ဒါနဲ့ ပိန်းလွန်းတဲ့ ပြောလို့ရသူကိုသာ ပြောလေ့ရှိတဲ့ ဒီမိုယောင်ယောင်သမားတွေကိုလဲ ပြောချင်တယ်။ဗဟုသုတအနေနဲ့။ ခင်ဗျားတို့ရဲ့ ဒီမိုဖခင် အင်္ဂလန်ကိုကြည့်ပါ။ စကော့တလန်ပြည်နယ်မှာ ပြည်နယ်ကျန်းမာရေးအရာရှိကြီး chief medical officer for scotland က သူ့ရဲ့ ဒုတိယအိမ်ကို လူတွေကို အိမ်မှာနေလို့ ပြောတဲ့အချိန်သွားတယ်။ သူ့ကို ထွက်ခိုင်းလိုက်တယ်။


နောက် အင်္ဂလန်က ကိုဗစ်ဆေးပညာအကြံပေးအဖွဲ့ SAGE ရဲ့ အဖွဲ့ဝင် ပါမောက္ခ Neil Ferguson က သူ့အချစ်လေးကို အိမ်ခေါ်တွေ့တယ်။ဒါနဲ့ အကြံပေးအဖွဲ့ကနေ ထွက်ရတယ်။ ရဲကတော့ မဖမ်းဘူး။ ဟာ ဒါဆို သူတို့က တရားဥပဒေစိုးမိုးတာပေါ့။ ကျွန်တော်တို့က ဒါမျိုးမှကြိုက်တာ မြန်မာပြည်မှာလဲ ဖြုတ်ဗျာဆိုပြီး ဒီမိုယောင် အဘတများက ပြောမယ်။ မပြီးသေးဘူး ဆက်နားထောင်။


အင်္ဂလန်ရဲ့ ကျန်းမာရေးဝန်ကြီးက သူထုတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘူး။ ဆေးရုံတွေမှာ PPE မရှိခင် ဟိုပစ္စည်းထမ်းသလို ဓာတ်ပုံရိုက်ဖို့ လုပ်တယ်။ နောက်ရောဂါကူးတယ်။ ဝကခ ဂျွန်ဆင်ကလဲ မလိုက်နာဘူး။ အခန်းထဲမှာလူစုတယ်။ ပွဲလုပ်တယ်။ ရောဂါကူးတယ်။ ဆေးရုံတောင်ရောက်တယ်။ အဖမ်းမခံရဘူး။ ဘယ်သတင်းစာမှ မအော်ဘူး။ သူက သတင်းစာမှာ ဆောင်းပါးရေးရာကနေ ဝကခဖြစ်လာတာ။ သတင်းသမား။ ဘာကွာလဲဆိုတော့ သူကနိုင်ငံရေးသမား။ မကြိုက်ရင် သူ့ပြည်သူတွေက နောက်ရွေးကောက်ပွဲမှာ မရွေးရုံပေါ့။ ဒီလိုကိစ္စနဲ့တော့ မနုတ်ထွက်ဘူး။


နောက်ဆုံးသူ့ရဲ့အထူးအကြံပေး Dominic Cummings နေမကောင်းလို့ ကိုဗစ်ထင်လို့ သူ့ကားသူမောင်းပြီး မိဘတွေအိမ်သွားတယ်။ အိမ်မှာနေရမယ် Stay at home လို့ ပြောထားချိန်။ သူက ကွီဖြိုးလို၊ သူ့ဝန်ကြီးချုပ် Boris Johnson လိုတောင် နိုင်ငံတော်အခမ်းအနားမဟုတ်ဘူး။ ဗြောင်ချိုးဖောက်တာ။ သူ့ကိုသတင်းသမားတွေက ထွက်ခိုင်းဖို့ရေးတယ်။ တောင်းဆိုတယ်။ သူကမထွက်သလို သူ့ဝန်ကြီးချုပ်ကလဲ မထွက်ခိုင်းဘူး။ သူ့ကိုမထုတ်လို့ ဒုဝန်ကြီးတစ်ယောက်နုတ်ထွက်တယ်။ ဒါလဲ ဝန်ကြီးချုပ် Boris Johnson က သူ့ကိုမထွက်ခိုင်းဘူး။ ဟိုဒုဝန်ကြီးထွက်သွားတာကို ကြည့်နေတယ်။ ဒါကနိုင်ငံရေးပါ။ဒါက အားလုံးဗဟုသုတရအောင် ပြောပြတာ။


အချို့ကိစ္စတွေမှာ ခြေရာချင်းမတိုင်းပါနဲ့။ လူက လူခြေရာ ခွေးက ခွေးခြေရာပေါ့။ ကျော်ဇေယျအနေနဲ့တိုင်းပြည်အပေါ် စေတနာရှိရင် တပ်ချုပ်ညောင်ရေသွန်းပွဲတွေ၊ တပ်ထဲက ယဉ်ကျေးလိမ္မာတွေကို သွားတားပါ။ ဟိုဆိပ်ကမ်းညွှန်မှူး ဦးပိုင်ဒါရိုက်တာလုပ်နေတာကို တိုင်းပြည်အတွက် ဘာကြောင့် အစောကထဲက ထုတ်ဖော် မပြောခဲ့သလဲ။ သူခိုးအချင်းချင်း မပြောရဲပါ။ တိုင်းပြည်အတွက် စေတနာရှိရင် မျှမျှတတ လုပ်ကြပါ။

ကာချုပ်ညောင်ရေသွန်းပွဲ၊ ယဉ်ကျေးလိမ္မာပွဲတွေကို ဗဟိုအစိုးရအနေနဲ့ အရေးယူမှ ကွီးဖြိုးကိုအရေးယူပါ။ ဒါတောင် ဒီပွဲနှစ်ခုကမတူဘဲ ကွီးဖြိုးက Construction site ဆောက်လုပ်ရေး လုပ်ငန်းပြန်စတာဖြစ်ပြီး တပ်က သက်သက်မဲ့ အသစ်လုပ်တာပါ။

ဒီဆောင်းပါးကို သမ္မတကြီးရော၊ DASSK ရော NLD က CEC တွေရော ဖတ်မိမယ်ထင်ပါတယ်။


New Source: BBC, Sun, Sky, The Guardian, Commander in chief office

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 comentários


naynanmyint629395
naynanmyint629395
03 de jun. de 2020

naynanmyint629395

6 minutes ago


These bastards are just


adopted to harrass the


Peacefull condition of


nation .


What the son of bitch


and bitch .

Curtir

naynanmyint629395
naynanmyint629395
03 de jun. de 2020

Thise bastards are just

adopted to harrass the

Peacefull condition of

nation .

What the son of bitch

and bitch .

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page