top of page
Search

ကျေးဇူးပါ ဦးအယ်လ်ဖောင်းရှို

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 3, 2020
  • 1 min read

ree

စာရေးသူ ဦးအယ်လ်ဖောင်းရှိုကို ထောက်ခံတာက သူလုပ်ခဲ့တာကို ကြိုက်လို့ပါ။ သူ့ကို မသိပါ။ထောက်ခံတာက သူ့ကိုဖြုတ်ချဖို့ တပ်က စရဖနဲ့ NLD ကနေ ပြန်အရွေးမခံရတဲ့ လက်ရှိအမတ်တွေ၊ဖွတ်တွေနဲ့ ပေါင်းလုပ်တာကို သိလို့ပါ။ သူ့လက်ထက်မှာ NLD ပါတီထဲကို ကယားမှာ ရွာလုံးကျွတ်ပါတီဝင်သူတွေ များလာတာဟာ အဘတို့ကို တုန်လှုပ်စေခဲ့ပါတယ်။ ယခုလို NLD ဗဟိုက စာထုတ်လို့အမြင်တူလို့ ကျေးဇူးပါ။ အဆိုပါဖြစ်ရပ်ကနေတော့ သင်ခန်းစာယူနိုင်ပါစေ။ အထူးသဖြင့် ရန်ကုန်မှာခရိုနီထံ အလုပ်လုပ်ဖူးသူတွေ၊ ညီအစ်ကိုက နိုင်ငံရေးမှုမဟုတ်ဘဲ ထောင်ကျဖူးသူတွေ တပ်ကဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေနဲ့ သမီးယောက်ဖတော်သူတွေကို ရှောင်ရွေးနိုင်ပါစေ။ ဒီလောက်ပြောရင်DASSK ရော CEC ရော သဘောပေါက်မှာပါ။ အမတ်တို့ တိုင်းဝန်ကြီးတို့ ခန့်တာကတော့ အဆင်ပြေပါတယ်။ စာရေးသူက ဗကသအကြောင်းကို ပြည်သူ့အားသာရှိသည် https://www.myattunoo.com/post/ပ-ည-သ-အ-သ-ရ-သည ဆိုပြီး ရေးချိန်က ဒီကောင်က ဗကသနဲ့ အဘတို့ အဆက်အသွယ်ရှိတာဘယ်လိုသိလဲ ထင်ကြမှာပါ။ ယခုတော့ သိန်း ၂၀၀၀ ကိစ္စပေါ်လို့ သူတို့ရဲ့ ဗကသ ဥက္ကဌတောင် နုတ်ထွက်သွားပါပြီ။ မပေါ်ခင်ကဟာတွေ ရှိပါသေးတယ်။ မနောကို တောင်းပန်ခိုင်းတာလဲ မနောကDASSK ကို ထောက်ခံလို့ပါ။



နောက် ကယားမှာ ဝန်ကြီးဟောင်းစိုးသိန်းတို့က ၃ လနေရင် မဲပေးလို့ရတယ်ဆိုတဲ့ ရွေးကော်ဥပဒေကိုအခွင့်ကောင်းယူပြီး လူတွေရွှေ့နေပါတယ်။ ကယားက အချို့မဲဆန္ဒနယ်က လူ ၆၀၀၀ လောက်သာရှိတာပါ။ အဲ့ဒါကို သူက လူနှစ်ထောင်လောက်ကို ပိုက်ဆံပေးပြီး သုံးလရွှေ့ပြီး မဲပေးရင် NLD နာပါမယ်။သူတို့က တိုင်းရင်းသားထဲက လူမျိုးရေးအစွန်းရောက်ကိုလဲ မြှောက်ပေးထားပါတယ်။ သိနိုင်အောင်ပါ။


ဦးအယ်လ်ဖောင်းရှိုကတော့ ပါတီကပြောစကားနားထောင်ပြီး ရာထူးကဆင်းပေးသွားပါပြီ။ လောကမှာ တိန့်ရှောင်ဖိန်လဲ အဖြုတ်ခံခဲ့ရသလို အိုဘားမားလဲ ငယ်စဉ်က လွှတ်တော်အမတ်ဝင်ရွေးစဉ်က ရှုံးဖူးပါတယ်။ သူ Facebook မှာ ရေးသွားတာက လူကြီးလူကောင်းဆန်ပါတယ်။ NLD မှာလိုနေတာကအစုအဖွဲ့နဲ့ လုပ်တတ်သူများပါ။ သူ့အတွက်ကောင်းတာက ရွေးကောက်ပွဲကို အာရုံစိုက်လုပ်နိုင်သွားတာပါ။ အဆင်ပြေပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Sep 07, 2020

ဒီတခါတော့ ဘောလုံးပွဲလောက်နဲ့စည်းရုံးလို့မရတော့ပါဘူး

Like

Myint Soe Oo
Myint Soe Oo
Sep 04, 2020

ဦးမြတ် ! အထူးမှတ်ရန်ပါခင်ဗျား။


ငါနှင့် ငါသာ နှိုင်းစရာ

ငါသာ သိ ၊ ငါသာ တတ်၊အရပ်ရပ်

အသိ အစွဲ မေတ္တာ မွဲနှင့်

အတ္တတံခွန် ငါ ရည်ချွန်တို့

အလံလွှင့်ထူ အောင်ပွဲကို ယူ

ရမက်အဖြာဖြာ သားတစ်လွှာသို့

စွဲမက် စုံဖက် ကြိုက်နှစ်သက်သည့်

အာဏာအသက်

ခေတ်အဆက်ဆက်ကြောင့်

အိပ်ကပ် ပေါက်ပြဲ

ကျောကွဲ အင်္ကျီ ၊

တလီပုဆိုး ဖာထေးရာတိုး

အမျိုးမျိုးကြောင့်

ကမ္ဘာအလယ် မထယ်

မျက်နှာရယ် ငယ်ခဲ့

အာရှကျားကြီး အိပ်မောကြီးခဲ့။

ပညာ ကျန်းမာ အားကစား မကျန်

စံညွှန်း စံချိန် စံ မှန်သမျှ ပျက်

ဂရပ်အောက်ခြေ သုညခြေနား

ကျခဲ့ ခခဲ့ ရခဲ့ ရပြီ

တချိန် တခါက ဒို့ ရွှေပြည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page