top of page
Search

ကျောင်းဗုံးထောင်တာ ဘယ်သူလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 17, 2021
  • 1 min read

အကြမ်းဖက်သမားတွေ ပုံမှန်လုပ်လေ့ရှိတာက လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်တာ၊ လုယက် ဓားမြတိုက်တာ၊ ဘာသာရေးနေရာတွေ ကျောင်းတွေမှာတပ်စွဲတာပါ။ သူက လူသားဒိုင်းအနေနဲ့အကာအကွယ်ယူတာပေါ့။ ဒါမှ ရန်သူက ကုလစည်းကမ်းအရ ပြန်တိုက်ရင် အော်လို့ရမှာပါ။ ဒါကိုအကြမ်းဖက်အဖွဲ့တွေက အမေရိကန်တပ်တွေကို တိုက်ရာမှာ အာဖဂန်မှာ တာလီဘန်နဲ့ အီရတ်မှာ ISIS က သုံးခဲ့ကြပါတယ်။ ပုံမှန်စစ်တပ်တွေ ပြည်သူကိုဒါမျိုးမလုပ်ရပါ။ ပြည်သူထဲက ရန်သူကပစ်နေရင်တောင် အသေခံပြီး ပြန်မပစ်ရပါ။

ဒါပေမယ့် မအလဖက်ဆစ်တပ်ဟာ တာလီဘန် အကြမ်းဖက်အဖွဲ့နဲ့ ISIS လုပ်သလိုမျိုး ဖက်ဆစ်နဲ့ နာဇီတပ်ကလုပ်သလိုမျိုး လုပ်တာတွေ့ရပါတယ်။ ယခင်က ကချင် ကရင်ဒေသတွေမှာ လုပ်လေ့ရှိပေမယ့်စာရေးသူတို့က NLD အစိုးရတက်အပြီးမှာ အကျင့်ပြောင်းသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မအလဖက်ဆစ်တပ်ဟာ ထိုပုံစံကို ရခိုင်ဒေသကို ရိုတွေကို ဆက်လုပ်တာတွေ့ရပါတယ်။ မအလဖက်ဆစ်တပ်ကပြောလေ့ရှိတာက သူတို့က သူတို့စာသင်ကျောင်းတွေ အိမ်တွေ စျေးတွေကို သူတို့ဖာသာမီးရှို့တယ်ပေါ့။ စာရေးသူတို့ရော ရခိုင်တိုင်းရင်းသားတွေရောက အစပိုင်းမှာ မအလဖက်ဆစ်တပ်လိမ်တာကို ယုံလိုက်ကြပါသေးတယ်။ နောက်သူက ရခိုင်က မင်းပြား မြေပုံ မြောက်ဦးမှာ အဆိုပါ ဖော်မြူလာအတိုင်း ရခိုင်တွေကို လုပ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာတော့ ရခိုင်ဒေသမှာလဲ လုပ်ခဲ့သလို ယခုရန်ကုန်မြို့နဲ့ အခြားပြည်မက မြို့ကြီးများမှာပါ လုပ်လာခဲ့ပါတယ်။ လုပ်နေဆဲပါ။ ဆေးရုံတွေထဲတောင် တပ်စွဲနေတာပါ။သူက တပ်စွဲရင် အဆိုပါဒေသဟာ သူ့စခန်းချရနေရာမိုလို့ စစ်ရေးပစ်မှတ်ဖြစ်သွားပါပြီ။ သူ့ကိုလာတိုက်ရင် သူက ကျောင်းကိုလာတိုက်တယ်ဆိုပြီး အော်လို့ရအောင် လုပ်ထားတာပါ။ သူ့ရဲ့လုပ်ရပ်နဲ့စိတ်ဓာတ်ဟာ အကြမ်းဖက်သမားပုံစံပေါက်နေတာ တွေ့ရမှာပါ။ မင်းတပ်နဲ့ ကချင်ဒေသမှာ လူသားတံတိုင်းသုံးပြီး မအလဖက်ဆစ်တပ်က စစ်တိုက်တာဟာ ပုံမှန်စိတ်ဓာတ်ရှိတဲ့တပ်နဲ့မတူဘဲ အင်မတန်အောက်တန်းကျတာကို ပြနေတာပါ။

ယခု ဗုံးထောင်တဲ့ကိစ္စကို ပြန်ဆက်ရအောင်။ ပုံမှန်မှာ မအလနဲ့ပေါင်းတဲ့ ပညာရေး၊ ကျန်းမာရေးကညွှန်ချုပ်၊ ညွှန်မှူးတွေ မြို့နယ်မှူးတွေရှိပါတယ်။ ဒါတွေဟာ တရားဝင်ပစ်မှတ်ပါ။ ဒါပေမယ့် မအလဟာသူ့ရဲ့စရဖက ရဲဝင်းဦးကိုညွှန်ကြားပြီး ဒီမိုတွေမထောင်တဲ့ ကျောင်းတွေကို ဗုံးလိုက်ထောင်ခိုင်းပါတယ်။ရည်ရွယ်ချက်ကဘာလဲဆိုတော့ ဒီမိုတွေကို သိက္ခာချဖို့ ရုရှားမှာ အကြမ်းဖက်သမားတွေက ကျောင်းကိုဝင်စီးရင် နိုင်ငံခြားက သူတို့ကိုသနားအောင် ဗျူဟာကျကျလုပ်တာပါ။ ဥပမာအနေနဲ့ ဗိုလ်တထောင်(၅) နဲ့ ကမာရွတ်က ဗုံးတွေက စရဖကထောင်တာပါ။ ဒီမိုတွေသာထောင်ခဲ့ရင် အဆိုပါကျောင်းတွေမှာစစ်ဗိုလ်မိန်းမ ဆရာမတွေကို ထိရမှာပါ။ အဆိုပါနေ့က သူတို့တပ်က ဆရာမတွေကို အဆိုပါကျောင်းတွေကိုမသွားဖို့ စရဖက ဖုန်းဆက်ပြောပါတယ်။ သူကဘာလို့ ကြိုသိနေတာလဲ? ဒါဆိုရင်လဲ ဖမ်းလိုက်ပါလား? ဗုံးပေါက်အပြီးမှာ ဗိုလ်တထောင် (၅) Gen Z ဆိုပြီး ဗုံးဖောက်သူကို ရှုံ့ချသလိုနဲ့ တပ်ထဲက Gen Z အတုက စာထုတ်ပါတယ်။ ရည်ရွယ်ချက်က ဗုံးဖောက်ပြီး ဒီမိုတွေကို သိက္ခချဖို့နဲ့ ထိုအကြောင်းပြပြီး သူ့တပ်ကို ကျောင်းတွေထဲ တပ်စွဲနိုင်အောင်ပါ။ သူက အင်မတန် ယုတ်မာသူမိုလို့ သူ့အတွက်အရှုံးမရှိနိုင်လို့ တွက်ထားပုံပါ။ သူ့စစ်သားသားသမီးတွေတက်တဲ့ကျောင်း ဗုံးပေါက်ပြီး သူတို့သားသမီးတွေ သေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။

ပြည်သူတွေအနေနဲ့က မိမိတို့လုပ်စရာရှိတာ ဒန်ပေါက်ကျွေးစရာရှိသူများကို ဆက်ကျွေးဖို့ပါ။ ဥပမာအချို့ဆေးရုံအုပ် မန္တလေး ဆေးရုံအုပ် စုစုဒွေးဆိုရင် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးရဲ့ညီမဖြစ်ပြီး အချို့ကျောင်းအုပ်ဆရာမကြီးတွေဆိုရင် ဗိုလ်မှူးကြီးကတော်တွေပါ။ ဒါတွေကတော့ ဒန်ပေါက်ကျွေးနိုင်ရင် အကောင်းဆုံးပါ။ မိမိကလေးကို ကျောင်းထားမထားကတော့ မိမိဖာသာ ဆုံးဖြတ်ရမှာပါလို့ ပြောပါရစေ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page