top of page
Search

ကိုင်တွယ်ပုံတွေဘာကွာလဲ?

Writer: Myat Tun Oo
Myat Tun Oo
Apr 7, 2020
1 min read

ဒီမိုအစိုးရကို တက်လာကထဲက စီမံခန့်ခွဲမှုမတတ်ဘူး ဘာညာဆိုပြီး ဝေဖန်သူများရှိခဲ့တာ အားလုံးအသိပါ။ အများစုကတော့ အဘတဖွတ်များနဲ့ နီဖွတ်များပါ။ ယခု ကပ်ရောဂါဖြစ်ချိန်မှာ ယခင် စစ်အစိုးရလက်ထက်နဲ့ ယခုအစိုးရရဲ့ Major disaster ဘေးအန္တရာယ်ကို ကိုင်တွယ်ပုံဘာကွာလဲဆိုတာနှိုင်းယှဉ်ပြပါမယ်။

ဘရွှေလက်ထက်မှာ ကြုံခဲ့တာက ၂၀၀၈ နာဂစ်ပါ။ ဒီမိုအစိုးရလက်ထက်က ယခု ကပ်ရောဂါပါ။ နာဂစ်ဟာ တောင်အာရှလောက်သာ ကွက်ထိပြီးတော့ ဒီကပ်ရောဂါက တစ်ကမ္ဘာလုံး pandemic ပါ။ ဒါကြောင့်ကပ်ရောဂါက ပိုပြင်းပါတယ်။ နာဂစ်အချိန်က အမေရိကန်သင်္ဘော လာကယ်တာကို အကယ်မခံပေမယ့် ယခုအချိန်မှာ အမေရိကန်မှာလဲ ဒီကပ်ရောဂါဖြစ်နေချိန်ပါ။

စစချင်း စဖြစ်စဉ်ကို ကြည့်ရအောင်။ နာဂစ်ဖြစ်မယ်ဆိုတာကို မိုးလေဝသကို ကြိုသိပေမယ့် မကြေညာဘဲ သတင်းဖုံးကွဲခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှု transparency မရှိတာကို ပြတာပါ။ဘရွှေက ထိပ်ကဖြစ်ပြီး ဘမန်းတို့ ဘစိန်တို့က သူ့လက်အောက်က တာဝန်အရှိဆုံးသူတွေပါ။ ဒါကပြင်ဆင်မှုမှာ ညံ့ဖျင်းတာကို ပြခဲ့ရုံမက ဒီအချက်လေးနဲ့ လူတွေ ရေလွတ်ရာကို မရွှေ့နိုင်လို့ သေခဲ့ပါတယ်။ ဒါက သတင်းအမှောင်ချတာ အစကထဲက ကိုင်တွယ်ပုံလွဲလို့ လူသေတာကို စပြတာပါ။ လက်ရှိအစိုးရကတော့ COVID အကြောင်းကို သေချာ လူတွေနားလည်အောင် ရှင်းပြပါတယ်။

ဒါ့အပြင် COVID ကို WHO ရဲ့ စီမံချက်အတိုင်း အရေးပေါ်ကော်မတီကို စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။ဒါက preparation for an emergency လို့ခေါ်ပါတယ်။ သူ့အောက်မှာ စတင်ခြင်း (Getting started)၊ အမိန့်အဆင့်ဆင့် လက်ခံအလုပ်လုပ်မဲ့ ကော်မတီဖွဲ့ပြီး (Comm and control) ၊ အကျိုးသက်ရောက်မှုကိုလေ့လာတာ (Risk assessment) ၊ ပြည်သူတွေနဲ့ ဆက်သွယ်တာ (communication) ကို TV တွေ Facebook တွေကနေလုပ်နေတာ အားလုံးတွေ့ရမှာပါ။ DASSK က ပြည်သူတွေကို မိန့်ခွန်းပြော အားပေးစကားမျိုးစုံပြောနေတာ အားလုံးတွေ့ရမှာပါ။ နာဂစ်မဖြစ်ခင်ရော ဖြစ်အပြီးမှာပါ ဘယ်သူမှ ပြည်သူကိုထွက်မပြောခဲ့ပါ။ leadership နဲ့ communication မှာ DASSK ခြေဖျားတောင်မမှီတာ တွေ့ရပါတယ်။

ကျန်တာတွေကတော့ ကျန်းမာရေးနဲ့ ပတ်သက်တာမိုလို့ ကျော်သွားပါ့မယ်။

နောက်နာဂစ်ဖြစ်အပြီးမှာ လူတွေကို မကယ်ဘဲ ပစ်ထားခဲ့တာ လာကယ်သူကို တားတာ၊ သွားထောက်ပံ့သူကို တားတာက ဘရွှေနဲ့ သူ့အောက်က ဘမန်းတို့ ဘစိန်တို့ လုပ်ခဲ့တာပါ။ ယခုကတော့ အတိုင်ပင်ခံကိုယ်တိုင်က ပြည်သူ့စကား နားထောင်ပြီး အပြင်သွားမရလို့ အိမ်မှာနေရမယ့် တစ်နေ့လုပ်တစ်နေ့စားတွေကို အစိုးရက ကူညီဖို့ပြင်တာတွေ၊ ရန်ကုန်က ဆင်းရဲသူများကို ကွီးဖြိုးနဲ့ We Love Yangon အဖွဲ့တွေက ဝေတာတွေ ဝယ်လိုသူတွေကို အိမ်အရောက်ပို့ပေးတာတွေ လုပ်နေသလို မန္တလေးကလဲ လုပ်နေကြပါတယ်။ လူနာပေါင်း ထောင်ချီဆန့်တဲ့ ဆေးရုံတစ်ရုံကို ရန်ကုန်မှာ အမြန်ဆောက်နေတာကလဲအံ့မခန်း အမြန်နှုန်းနဲ့ပါ။ ဒီလို ပြည်သူကို စေတနာထား ကူညီတာ ရန်ကုန်ကို စနစ်တကျ ပြင်တင်တာတွေဟာ ပြည်သူကို မျက်နှာမူထားတာ တွေ့ရမှာပါ။

ဒီနေရာမှာ အချို့က မင်းက နာဂစ်အကြောင်းတွေ ဘာလို့ပြန်ပြောရလဲလို့ မေးလာရင် အချို့တွေကအတိတ်မေ့တတ်လို့ပါ။ ဒါတောင် ဖွတ်မတစ်ယောက်က နာဂစ်အပြီး third wave ကပ်ရောဂါကို ဘရွှေက ထိန်းနိုင်ခဲ့တယ်လို့ ပေါတောတော ထရေးထားတာ ဖတ်လိုက်ရပါတယ်။ လူပေါင်းထောင် သောင်းချီပြီး တစ်ခါထဲသေသွားလို့ third wave တောင် မရောက်နိုင်တာ သူမသိတာလား ရူးတာလား မပြောတတ်။ ဒါ့အပြင် ဖွတ်မက နာဂစ်အပြီးမှာ ဘရွှေက နာဂစ်ထိလူတိုင်းကို အိမ်ဆောက်ဖို့ သွပ်ပြားတွေပေးတယ်ဆိုပြီ: ဂျင်းထည့်ပြောတာတွေက ရှိနေဆဲမိုလို့ပါ။

လက်ရှိအစိုးရက ပြည်သူတွေအတွက်သာမက ဘုန်းကြီးကျောင်းတွေကို ဆွမ်းစီစဉ်ပေးတာ၊သံဃာတော်တွေကို လေယဉ်နဲ့ ပုရိတ်ရွတ်နိုင်တာအထိအောင် အကွက်စေ့စေ့ စီစဉ်ထားတာတွေ့ရပါတယ်။

ယခုအစိုးရနဲ့ ဖွတ်အစိုးရကတော့ ကပ်ရောဂါကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ကိုင်တွယ်ပုံတွေdisaster management ဟာ မိုးနဲ့ မြေလို ကွာနေတာ တွေ့ရပါတယ်။ သမိုင်းဆိုတာ မအအောင်သင်ရတာမိုလို့ ခဏခဏရေးပြတာပါ။

Photo credit: VOA, RFA, Myanmarload, M media group, We Love Yangon, Phyo Min Thein

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Apr 08, 2020

ကျေးဇူးပါ။

Like

Aung Myint
Aung Myint
Apr 07, 2020

ရင်ဘတ်ခြင်းတူညီလို့ အမြဲတမ်းစောင့်ပြီးဖတ် ပါတယ် ခင်ဗျာ ။ အားပေးလျက်ပါ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page