top of page
Search

ကြောင်ချီးဟာ ချိုသလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 14, 2022
  • 1 min read

ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင် အေးမောင်တို့ ကိုကိုကြီးတို့က တိုင်းပြည်ဒီအတိုင်းဆက်သွားရင်တိုင်းပြည်ပျက်မယ် ဒါကြောင့် မအလဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးပြီး ဖယ်ဒရယ်ပေးရမယ် မအလက အာဏာသုံးရပ်ကိုကိုင်ထားလို့ ဒီကိစ္စကိုလုပ်နိုင်တယ်ဘာညာဆိုပြီး မြှောက်ပင့်ပြောကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ တိုင်းပြည်က ဒီအတိုင်းမအလသွားနေရင် ပျက်မယ်ဆိုတာလက်ခံပါတယ်။ ကျန်တာက ဂျင်းပါ။ ဒါကိုစစ်တပ်ထောက်ပံ့ထားတဲ့ မီဒီယာတွေကလဲအကြီးအကျယ်ရေး၊ ကြားနိုင်ငံခြားက အဖြူရောင်မီဒီယာလို့ သူတို့ကိုယ်သူတို့ ခံယူထားတဲ့ သတင်းဌာနနှစ်ခုကလဲ လွှင့်ပေးပြီး ကြောင်ချီးကို ချိုတယ် ဒါကြောင့် စားသင့်တယ်ဆိုတဲ့ဘက်ကနေ မအလရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို ရောင်းကြပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေးကို NUG က ဘာမှ မပါသေးရင်တောင် မအလအနေနဲ့ အောင်မြင်အောင် လုပ်နိုင်မှာလားဆိုတာ တပ်ထဲကအခြေအနေနဲ့ လေ့လာကြည့်ရအောင်။

ဒီနေရာမှာ တိုင်းရင်းသားပါတီတွေထဲက NLD နဲ့တွေ့ရင် ပွဲဆူပြီး မအလနဲ့တွေ့ရင် ဘောငုံတဲ့ပါတီတွေရှိပါတယ်။ ဗမာပါတီတွေထဲလဲ မဲတစ်ခုသာရတဲ့ အာဏာရူးပါတီများအပါအဝင်ပေါ့။ ဥပမာ ရှမ်းကအိုက်ပေါင်းတို့ အေးမောင်၊ အေးနုစိန်တို့တောင်းတာလောက်တော့ မအလက ပေးနိုင်မှာပါ။ ဘာလဲဆိုတော့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တာနဲ့ ပြည်နယ်ကို ဝါးတီးလုပ်ပိုင်ခွင့်ပိုပေးတာပါ။ ဒီအထိက အဆင်ပြေပါတယ်။ ဒါထက်ပိုတောင်းရင် အဆင်ပြေမှာလား?


ရခိုင်

ရခိုင်မှာ AA က ဖယ်ဒရယ်ထက်မြင့်တဲ့ ခွဲထွက်ခွင့်ကို တောင်းထားပါတယ်။ မအလက ဖယ်ဒရယ်စနစ်တောင် မပေးနိုင်ပါ။ ဒါကြောင့် AA က သူခေါ်တာလက်ခံပြီး ဆွေးနွေးပွဲတက်ရင်တောင် သူကဘာမှမပေးနိုင်ပါ။ AA က confederate တောင်းထားလို့ AA ကို တိုက်ဖို့ ရှိသမျှတပ်အကုန် ရွှေ့ထားပါတယ်။လက်နက်ကြီးများလဲပို့ထားပါတယ်။ အထူးသဖြင့် တာဝေးပစ်လို့ရတဲ့ ဟာဝေဇာအမြောက်တွေပါ။ရည်ရွယ်ချက်က AA စခန်းကို တိုက်ရ မရ မသိနိုင်ပေမယ့် မြောက်ဦးကဲ့သို့ AA ရဲ့ သမိုင်းရှိတဲ့မြို့တွေကို AA ကတိုက်ခဲ့ရင် ထန်တလန်ထက်ဆိုးအောင် ပစ်ခတ်ဖို့ပါ။ ဒီအတွက်လဲ စိုးဝင်းကို လွှတ်လိုက်တာပါ။ ယခုလောလောဆယ်မတိုက်သေးပေမယ့် AA က ရခိုင်တောင်ပိုင်းကို ဝင်လာရင် တိုက်ရမယ်ဆိုတဲ့စည်းသတ်မှတ်ထားပါတယ်။ ရခိုင်စစ်ဆင်ရေးအတွက် ရဟတ်ယာဉ်အုပ်စုတွေပြင်ထားပြီး ရုရှားကလာတဲ့ ဝေဟင်ကမြေပြင်ပစ်တာတွေကို တပ်ထားပါတယ်။


ရှမ်း

ရှမ်းဟာ ဖယ်ဒရယ်အဓိကတောင်းသူပါ။ ရှမ်းကို မအလက အဖွဲ့ပေါင်းစုံခွဲထားပြီး ထိန်းထားနိုင်တယ်လို့ ယူဆပါတယ်။ ရှမ်းတောင်နဲ့ မြောက်ဟာ မတဲ့လို့ မအလရဲ့အကွက်ပါ။ ဒီနေရာမှာ တကယ့်ရှမ်းခေါင်းဆောင်တွေလိုလားတဲ့ ဖယ်ဒရယ်ကို မအလက မပေးနိုင်ပါ။ ဘာလို့လဲဆိုတော့ တပ်ထဲမှာသင်ခဲ့တာက ဖယ်ဒရယ်ဆိုတာ ခွဲထွက်တာဖြစ်ပြီး သူကသွားပေးရင်တောင် သူ့အထဲကလူတွေကို နားချဖို့ခက်နေပါမယ်။ သူပေးနိုင်တာက ၂၀၀၈ ထဲက သူပြင်မယ်ပြောထားတဲ့ အပိုင်းသာပါ။ သူနဲ့တွေ့ဖို့ရှိတဲ့ရှမ်းမြောက် SSPP ကိုတောင် စခန်းရွှေ့ခိုင်းလို့ ဟိုကဒီကြားထဲကလာရင် တော်တော်အောက်ကျခံသလိုဖြစ်သွားမှာပါ။ ရှမ်းပြည်ထဲမှာ ဝကိစ္စက ရှိပါသေးတယ်။ ဝကို သူကပြည်နယ်ပေးလိုရင်တောင် ရှမ်းကသဘောတူမှရမှာပါ။ ဝက ကျိုးတုံနားကမြို့ကိုတောင် တောင်ပိုင်းအနေနဲ့ တောင်းထားလို့ ရှမ်းကသဘောတူမှ ရမှာပါ။


မွန်

မွန်တောင်းတာက ပျော့ပါတယ်။ မွန်ပါတီထိပ်ပိုင်းအချို့က မအလနဲ့ အဆင်ပြေပါတယ်။ သူတို့က မအလပေးတာနဲ့ ကျေနပ်နိုင်ပါတယ်။


ကချင်၊ ကယား၊ ကရင်၊ ချင်း

သူတို့တောင်းတာက ဖယ်ဒရယ်စစ်စစ်ပါ။ မအလက ဖယ်ဒရယ်အစစ်ကို ဘယ်လိုမှ ပေးမရပါ။ အဓိကက သူ့တပ်ထဲမှာ သူ့ဝါဒမှိုင်းနဲ့ မိနေပြီး ပေးလို့မရပါ။ ပေးဖို့လဲ အစီအစဉ်မရှိပါ။ မအလကလဲ ပေးလိုစိတ်မရှိပါ။


နောက်ပြဿနာက မအလဟာ တိုင်းရင်းသားတွေအားလုံးပါဖို့အတွက်ဆို NUG၊ CRPH၊ PDF နဲ့ဆွေးနွေးရမှာပါ။ ဒီကိစ္စအတွက် ရခိုင်မှာ AA နဲ့လုပ်သလို အပစ်ရပ်ရင်တောင် PDF အားက လက်ရှိထက် ၁၀ ဆတိုးသွားနိုင်ပြီး ငြိမ်နေတဲ့ နေပြည်တော်တောင် PDF က ရောက်လာမှာပါ။


အကျဉ်းချုပ်ရရင် မအလရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အချိန်ဆွဲ ချွေးသိပ်ထားတာပါ။ ဒီကြားထဲမှာPDF ပြီးရင် AA ကို တိုက်ဖို့ပါ။ မအလကြောင်ချီးကို သူ့မြှောက်ပေးသူတွေက ချိုတယ်ပြောပေမယ့်လဲ့ကြောင်ချီးဟာ ကြောင်ချီးပါလို့သာ ပြောပါရစေ။ ဒါကို အကောင်းထင် သွားတွေ့သူတွေကတော့ကြောင်ချီးကို ချိုမယ်ထင်လို့ မြည်းကြည့်တာနေမှာပါ။ သူတို့လဲ ယခုလောက်ဆို ကြောင်ချီးက မချိုတာသိလောက်ပါပြီ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Aung Ko Ko
Jun 15, 2022

သမိုင်းမှာ...မှတ်တမ်းတင်ထားမဲ့..အဖွဲ့အစည်း..လူပုဂ္ဂိုလ်​တွေပါ...

Like

Nay Nann myint
Nay Nann myint
Jun 15, 2022

သူရို့ မိဘများက မွေးကတဲက

ထမင်းမကျွေးဘူး ထင်ပ ဆရာ။

ထမင်းစား ပီး မကြီးလါကြဘူး

ဆိုတော့ ထမင်းစားပီးကြီးလါသူများ

လို မတွေးတတ်ဘူးပေါ့ ဆရာ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page