top of page
Search

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးရင် ဘာဖြစ်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 5, 2022
  • 1 min read

မအလတပ်ဟာ သူတို့အကွက်ထဲကအတိုင်း ဘားလမ်းမှာ ဗုံးဖောက်ပါတယ်။ ကျောင်းတွေကိုလဲဖောက်ပြဖို့ပြင်ထားပါတယ်။ NUG က ကြားထဲမှာ စာထုတ်လိုက်လို့ ဆက်ဖောက်ရ မရ ဝေခွဲမရဖြစ်နေပုံပါ။ သူကဒါအပြီးမှာ ဇော်မဲလုံးက PDF လုပ်တာလို့ သတင်းစာရှင်းလင်းပွဲမှာ ကြေငြာအပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးမယ်လို့ သွေးထိုးစမ်းကြေငြာလိုက်တာတွေ့ရပါတယ်။ သူတို့ကို မအလက တကယ်ကြိုးပေးရဲမှာလား? ကြိုးပေးရင် ဘယ်လိုအကျိုးဆက်တွေ ခံစားရမှာလဲ?

ပထမဆုံးက မအလဟာတရားဝင်အစိုးရမဟုတ်ပါ။ ဒါကြောင့် ကြိုးပေးတာကို အတည်ပြုတာကတရားဝင်သမ္မတကသာ လုပ်လို့ရတာပါ။ ဒါကြောင့် သူအာဏာသိမ်းထားတဲ့ ၂၀၀၈ အခြေခံမူအရကိုကြိုးပေးခွင့်မရှိပါ။ ဒါက သူ့ဘောမတွေပြောတဲ့ အာဏာထိန်းတယ်ဆိုတဲ့ အခြေခံကနေပြောတာပါ။အာဏာသိမ်းတယ်ဆိုတဲ့ အခြေခံကနေဆိုရင် ပိုတောင်ကြိုးပေးခွင့်မရှိပါ။ ဒါက သူ့ရဲ့အခြေခံဥပဒေကိုအခြေခံကပါ။

နောက်မေးခွန်းက တရားရုံးတွေက တရားမျှတမှုရှိလား? စွပ်စွဲခံရသူတွေက လွတ်လပ်စွာ တရားဥပဒေအရ ချေပခုခံပိုင်ခွင့်ရှိလားဆိုတာပါ။ ဒါကမြန်မာပြည်ထဲက လူတိုင်းသိပါတယ်။

ဒါဆိုဇော်မဲလုံးက ဘာလို့ကြေငြာလဲ? မအလရဲ့တပ်ထဲမှာ စိတ်ဓာတ်ကျဆင်းမှုက ခိုးမရသူတွေထဲမှာအဝီစိအထိ ရောက်နေပါတယ်။ သူက ဒီကြိုးပေးမယ်လို့ ကြေငြာခြင်းဖြင့် သူ့ကိုယ်သူ ပုံရိပ်တက်အောင်နဲ့ သူ့လူတွေစိတ်ဓာတ်တက်အောင်လုပ်ပြတာပါ။ သူကဘားလမ်းဗုံးဖောက်ပြထားလို့ နိုင်ငံခြားတိုင်းပြည်တွေကလဲ သူ့ကိုထောက်ခံလာမယ်လို့ တွက်ထားပုံပါ။

လက်တွေ့မှာဖြစ်လာတာက ကုလကအစ သံရုံးပေါင်းစုံက မအလကို ကြိုးမပေးဖို့ဝိုင်းပြောတာ ရှုတ်ချတာတွေလုပ်လာသလို မအလတွေ့ဖို့မျှော်မှန်းထားတဲ့ EAOထဲကတောင် မအလကိုမှားမယ်လို့ ပြောလာကြပါတယ်။ ဒါကြောင့် သတင်းစစ်မျက်နှာ၊ သံတမန်စာမျက်နှာနဲ့ နိုင်ငံရေးစာမျက်နှာမှာ အဆိုပါကြေငြာချက်က မအလကို ဒုက္ခပေးနေတာ မအလကိုသတ်နေတာ တွေ့ရပါတယ်။

တကယ်ကြိုးပေးခဲ့ရင် မအလဘာဖြစ်မှာလဲ? ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကိုထောက်ခံသူ ပြည်သူများစွာ PDF များစွာရှိမှာပါ။ သူတို့ကို မအလက ကြိုးပေးသတ်ခဲ့ရင် PDF တွေက မကြောက်သွားဘဲမအလနဲ့သူရဲ့မိသားစုကို ယခုထက်ပိုပြီး ထိထိရောက်ရောက်တိုက်ခိုက်ဖို့ ကြိုးစားလာမှာမြေကြီးလက်ခတ်မလွဲပါ။ မအလဟာ နောက်ဆုံးအချိန်မှာ စစ်ရှုံးမှာပါ။ ဘာလို့လဲဆိုတော့ ပြည်သူကမကြိုက်လို့ပါ။ ကိုဂျင်မီတို့ကိုကြိုးပေးခဲ့ရင် မအလဟာ မိမိတင်မဟုတ်ဘဲ မိမိရဲ့ မိသားစုရော မြေးမတွေကိုပါ ပြည်သူကဒဏ်ပေးတာခံရနိုင်ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Jun 05, 2022

စိတ်ပူမိတာကလက်လွန်သွားတာကို ဖုံးကွယ်ဖို့

ကြိုးစားတဲ့ အနေ နဲ့ ကြိုးပေးဖို့

အကောင်အထည်ဖေါ်မယ် လို့

ပြောတာဖြစ်မှာ စိုးမိပါတယ် ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page