top of page
Search

ကိုဂျင်မီတို့ကပြောသော DASSK ကျန်းမာရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 5, 2022
  • 1 min read



မအလဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို သတ်လိုက်ချိန်မှာ မြန်မာပြည်ဟာလက်စားချေ အမြစ်ပြတ်ရေးကို သွားမယ်ဆိုတာ သေချာသွားခဲ့ပါပြီ။ အထဲမှာ မအလကိုနည်းမျိုးစုံနဲ့ တွန်းလှန်နေသူအားလုံး စာရေးသူအပါအဝင် မိမိကိုယ်ကို သေလူလို့သတ်မှတ်ပြီး တွန်းလှန်ရမယ်ဆိုတာ ကိုဂျင်မီတို့ကိစ္စက မီးမောင်းထိုးပြလိုက်တာပါ။

အချို့က ကိုဂျင်မီတို့ကြိုးပေးတာကို သတင်းလုံတာ အံ့ဩကြပါတယ်။ ဒီကိစ္စက မအလနဲ့သူ့ဘုန်းကြီးမှတစ်ပါး သိသူမရှိခဲ့ပါ။ သူ့ဘုန်းကြီးက နေ့ရွေးပေးခဲ့ပြီး ဘုရားတည်ကာ ဘုရင်တွေလို ပြိုင်ဘက်ကိုသတ်ရင် သူအုပ်ချုပ်နိုင်မယ်ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အရူးအတွေးအခေါ်ကို အခြေခံထားတာပါ။ ကြိုးကျစ်တာက တပ်ထဲမှာကျစ်လဲရပါတယ်။ မအလက စိုးထွဋ်ကို နုတ်မိန့်ကိုယ်တိုင်ပေးခဲ့ပြီး စိုးထွဋ်က ကြီးကြပ်တာပါ။ သူသွားဖို့ စစ်လေယာဉ်ကို VIP ခရီးစဉ်ဆိုပြီး အသင့်စောင့်ခိုင်းခဲ့သလို ရန်ကုန်တိုင်းမှူးကိုလဲ အရေးကြီးကိစ္စ စိုးထွဋ်လုပ်ရန် လုံခြုံရေးယူဖို့ တစ်ရက်ကြို နုတ်မိန့်ထုတ်ခဲ့တာပါ။ ဒါတွေကို သူတို့လူကလွဲရင်အခြားလူက ကြိုသိဖို့ခက်ပါမယ်။ သူတို့ကို ထောက်ခံဆန္ဒပြဖို့လူစုရင်တောင် ဘယ်သွားရမယ်ဆိုတာကို ကားပေါ်ရောက်မှပြောတာပါ။ ဒါက စစ်ဆင်ရေးတွေမှာ တပ်သာပြင်ခိုင်းထားပြီး ဘယ်သွားရမယ်ဆိုတာကို သတင်းမပေါက်အောင် ကားထွက်ခါနီးမှပြောတဲ့ ဓလေ့ကနေလာပါတယ်။

မအလဟာ DASSK ကို ထောင်ထဲမှာထားရာမှာ ရာသီဥတုဒဏ်ခံရအောင်၊ ပိုးမွှားဒဏ်ခံရအောင် လုပ်ထားပါတယ်။ မိုးရာသီ ခြင်ဘယ်လောက်ထလဲ အားလုံးသိမှာပါ။ သူမပြတင်းပေါက်ကို လိုက်ကာမပေးဘဲထားခြင်းဖြင့် တဆင့်ခံသတ်နေတာပါ။ အစားအသောက်မှာလဲ DASSK မစားတာသာကျွေးပြီး မသေသေအောင် လုပ်နေတာပါ။ ဆရာဝန်ဆိုတာကဖြစ်မှကုရတာဖြစ်ပြီး မဖြစ်ခင်က ကာကွယ်ဖို့ အဓိကပါ။ ဒါထက်ဆိုးတာက DASSK ရဲ့ရေချိုးခန်းက ချော်လဲဖို့ အင်မတန်လွယ်အောင် လုပ်ထားတာပါ။ သူမအသက်မှာ ချော်လဲရင်အရိုးကျိုးဖို့များသလို ကျိုးခဲ့ရင်လဲ ပြန်ကောင်းဖို့က လူငယ်တွေထက် အချိန်ကြာမှာပါ။ချော်လဲလို့ ခေါင်းကွဲသွားနိုင်ပါတယ်။

အကျဉ်းချုပ်ရရင် တိုင်းပြည်စစ်ကျွန်ဘဝက လွတ်မြောက်ရေးမှသည် DASSK လွတ်မြောက်ရေးအထိ စာရေးသူတို့ဖာသာ လုပ်ရမှာပါ။ နိုင်ငံခြားက စာထုတ်တာကလွဲပြီးဘာမှလုပ်မှာမဟုတ်ပါ။ စစ်နိုင်ဖို့က ငွေပါ။ ငွေရှိမှ ပြင်းအားကောင်းကောင်းလေး မုန့်ဟင်းခါးကျွေးနိုင်မှာပါ။ ဥပမာ ကားတစ်စီးကို ယမ်းအားပေါ်မူတည်ပြီး ခွေးဘယ်လာက်သေမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ၅သိန်းမိုင်းက ၁၀ သိန်းမိုင်းလောက် မုန့်ဟင်းခါးမကောင်းပါ။ ငွေရှိမှ လက်နက်တွေက ဝေးဝေးပစ်နိုင်မှာဖြစ်ပြီး ဝေးဝေးပစ်နိုင်လေ နိုင်ဖို့ နီးလာလေပါ။ပြည်တွင်းက click လုပ်ပြီး ပြည်ပက PRF အဖွဲ့ဝင်လှူ၊ မအလအိမ်ကိုရှယ်ရာဝယ်လှူပြီးကြွေးဆပ်မယ် စီမံချက်မှာပါဝင်ခြင်းဖြင့် အကြွေးဆပ်နိုင်အောင် ကြိုးစားကြပါလို့ ပြောပါရစေ။ ဟိုတယ်ကနေ NUG ဝေဖန်ရေးလုပ်တဲ့ တော်လှန်ရေးက လွယ်ပါတယ်။ ဒီထက်ပိုလုပ်နိုင်အောင် အားလုံးကြိုးစားကြပါ။ နောက်ဆုံးက ပြည်သူသာအဓိကဖြစ်ပြီး တရားသောသူသာနိုင်ရမှာပါ။ တရားသောစစ် မုချအောင်ရမည်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page